ဂျီနီဗာ၊ ဩဂုတ်-၂၇-၂၀၂၄
မျိုးဆက်(VOM)
အာဖရိကမှာ မျောက်ကျောက်ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
အာဖရိကဒေသ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ ဖြစ်ပွားနေတဲ့ ရောဂါကူးစက်မှုတွေကို ထိန်းချုပ်ရပ်နိုင်ပြီး ကိုင်တွယ်ဖြေရှင်းဖို့ ဒေါ်လာ ၁၃၅ သန်းလိုအပ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲ တက်ဒရို့စ်က ဆိုပါတယ်။
ကွန်ဂိုတွင် အဓိကဖြစ်ပွားနေတဲ့ မျိုးကွဲသစ်အပါအဝင် ကူးစက်မှုတွေဟာ အာဖရိကဒေသပြင်ပထိ ပျံ့နှံ့လာပြီးနောက်မှာ ဒီရောဂါကို နိုင်ငံတကာ ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကြေညာခဲ့ပါတယ်။
ရောဂါတားရေးအတွက် ကျယ်ကျယ်ပြန့်ပြန် ညှိနှိုင်းဆောင်ရွက်ရမယ့် အစီအစဉ်တွေ လိုအပ်တယ်လို့ သူကဆိုပါတယ်။ ရောဂါထိန်းချုပ်ရေးနဲ့ပ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့မဟာဗျူဟာ ကြိုတင်ပြင်ဆင်မှုနဲ့ တုံ့ပြန်မှုအစီအစဉ်ကို ၂၀၂၄ ခုနှစ် စက်တင်ဘာလမှ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလထိ အကြုံးဝင်မှာဖြစ်ပါတယ်။
မျောက်ကျောက်ရောဂါဟာ ရောဂါပိုးရှိတဲ့ တိရိစာ္ဆန်တွေကနေ လူကို ကူးစက်မှုနဲ့ လူလူချင်း အနီးကပ်ထိတွေ့မှုတွေကြောင့် ကူးစက်တတ်ပြီး လူ ၁၀၀ မှာ လေးယောက် သေဆုံးမှုနှုန်းရှိ ပါတယ်။ လက်ရှိမှာတော့ အာရှဒေသမှာ ထိုင်း၊ ဖိလစ်ပိုင်၊ စင်ကာပူအပါအဝင် နိုင်ငံအချို့မှာ ကူးစက်မှုတွေ ရှိနေပါတယ်။
Ref:AFP
Photo:Getty Images
Related posts
-
မြန်မာနိုင်ငံမှာ တိုက်ပွဲနဲ့ပဋိပက္ခတွေကြောင့် တရက်ကို ကလေးငယ်နှစ်ယောက်ထက်မနည်း ထိခိုက်မှု၊ သေဆုံးမှုရှိနေ
ဇန်နဝါရီ ၁၆-၂ဝ၂၅ Ms(VOM) မြန်မာနိုင်ငံမှာ တိုက်ပွဲပဋိပက္ခတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင တရက်ကို ကလေငယ် နှစ်ဦးထက်မနည်း... -
အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား ဂါဇာစစ်ပွဲ အဆုံးသတ်လေပြီ
ဂါဇာစီးတီး၊ ဇန်နဝါရီ-၁၆-၂၀၂၅ မျိုးဆက်(VOM) ၁၅ လကြာဖြစ်ပွားနေတဲ့ ဂါဇာစစ်ပွဲအဆုံးသတ်ရေးအတွက် အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား အပစ်ရပ်ရေးနဲ့... -
ဒေါ်လာဈေးပြန်တက်လာချိန် တရားမဝင် နိုင်ငံခြားငွေ ရောင်းဝယ်သူတွေကိုဗဟိုဘဏ်က ထပ်မံဖမ်းဆီးအရေးယူ
ဇန်နဝါရီ ၁၅ – ၂၀၂၅GG (VOM)ရွှေစျေးနဲ့ဒေါ်လာစျေး ပြန်မြင့်တက်လာမှုနဲ့အတူ ဗဟိုဘဏ်ကလည်း တရားမဝင် နိုင်ငံခြားငွေ...