မတ် ၁၆ -၂၀၂၁
ဖေဖော်ဝါရီ ၈ရက်ကနေ မတ်လ ၁၆ ရက်နေ့ နေ့လယ်ပိုင်းအထိ ဆန္ဒပြပွဲတွေအတွင်း ရဲနဲ့စစ်တပ်ရဲ့ ဖြိုခွဲမှုကြောင့် သေဆုံးသူတွေစာရင်းကို VOM က စုဆောင်းထားတာ ၁၂၈ ဦး ရှိပြီဖြစ်ပါတယ်။
အခုစာရင်းဟာ VOM က အတည်ပြုလို့ ရသလောက်သာ ဖြစ်ပြီး ဆန္ဒပြပွဲတွေအတွင်း သေဆုံးသူအရေအတွက်ဟာ အခုထက် ပိုမိုများပြားဖွယ်ရှိပါတယ်။
ဆန္ဒပြပွဲအတွင်း ရဲနဲ့စစ်တပ်ရဲ့ဖြိုခွဲမှုကြောင့် သေဆုံးသူတွေကို ထပ်မံသိရှိရင် နာမည်၊ လိပ်စာ၊ အသက်၊ ဘယ်ဖြစ်စဉ်မှာ သေဆုံးတယ်ဆိုတဲ့ အချက်အလက်တွေနဲ့တကွ VOM ကို ပေးပို့နိုင်ပါတယ်။
#VoiceOfMyanmar #VOM #ဆန္ဒပြပွဲ #သေဆုံးစာရင်း