ဇူလိုင် ၂၉ – ၂၀၂၃
GG (VOM)
တစ်နိုင်ငံလုံးမှာ ကယားပြည်နယ်ကလွဲပြီး အခု ၂၀၂၃ ခုနှစ် ပထမ ၆ လအတွင်း ယာဥ်တိုက်မှု ၂၅၀၀ အထက်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁၄၀၀ ဝန်းကျင်နဲ့ ဒဏ်ရာရသူ ၄၀၀၀ နီးပါးရှိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ဖြစ်စဥ်ထဲမှာ အမြန်လမ်းမကြီးတွေက ယာဥ်တိုက်မှုတွေလည်းပါကြောင်း ၊ အခုနှစ် ဇန်နဝါရီလကနေ ဇွန်လအထိ ဖြစ်ပွားခဲ့တဲ့ ယာဥ်တိုက်မှု အရေအတွက်စာရင်း နဲ့ သေဆုံး ဒဏ်ရာရ အရေအတွက်ဖြစ်တယ်လို့သိရပါတယ်။
ဖြစ်ပွားခဲ့တဲ့ ယာဥ်တိုက်မှု ၊သေဆုံးမှုနဲ့ ဒဏ်ရာရရှိမှုတွေထဲမှာ ရန်ကုန်တိုင်းက ဖြစ်ပွာမှုအများဆုံးတိုင်းတစ်ခု ဖြစ်ပြီး ဒုတိယအများဆုံးက ဧရာဝတီတိုင်း ၊ မန္တလေးတိုင်း၊ရှမ်းပြည်နယ်၊ ပဲခူးတိုင်းတို့က အများဆုံးဖြစ်တယ်လို့ သိရပါတယ်။
“အမြန်လမ်း ၊တိုင်းဒေသကြီး၊ပြည်နယ်အကုန်ပါတယ် ။ အမြန်လမ်းမကြီးမှာတင် ယာဉ်မတော်တဆမှုက ၈၃ မှု ဖြစ်ခဲ့တယ်၊ ယာဉ်တိုက်မှုကြောင့် ၅၃ ယောက်သေတယ်၊ ဒဏ်ရာရတာ ၁၆၂ ယောက် ရှိခဲ့တယ်။တနိုင်ငံလုံးကတော့ ယာဉ်တိုက်မှုက ၂၅၆၆ မှု၊ သေဆုံးမှုက ၁၃၅၉ မှု၊ ဒဏ်ရာရရှိမှုက ၃၅၄၇ မှု ရှိပါတယ်၊ ကယားပြည်နယ်ကတော့ ဘာဖြစ်စဥ်မှ မတွေ့ရဘူး”လို့ အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
ရန်ကုန်တိုင်းမှာ ယာဉ်တိုက်မှု ၄၃၅ မှု ၊ ဒဏ်ရာရရှိမှု ၄၄၈ မှု နဲ့ သေဆုံးမှု ၂၁၄ မှု ၊ဧရာဝတီတိုင်းမှာ ယာဉ်တိုက်မှု ၄၀၅ မှု၊ ဒဏ်ရာရရှိမှု ၇၁၆ မှုနဲ သေဆုံးမှု ၁၉၃ မှု၊ ရှမ်းပြည်နယ်မှာ ယာဉ်တိုက်မှု ၂၆၆ မှု ဒဏ်ရာရရှိမှု ၄၂၁ မှုနဲ့ သေဆုံးမှု ၁၉၃ မှု၊ မန္တလေးတိုင်းက ယာဉ်တိုက်မှု ၃၅၂ မှု၊ ဒဏ်ရာရရှိမှု ၄၇၇ မှု၊ သေဆုံးမှု ၁၈၇ မှုတို့ဖြစ်တယ်လို့ စာရင်းတွေအရ သိရပါတယ်။
နေပြည်တော်မှာ ယာဉ်တိုက်မှု ၅၄ မှု၊ ဒဏ်ရာရရှိမှု ၆၈ မှု နဲ့ သေဆုံးမှု ၆၄ မှု၊ကချင်ပြည်နယ်မှာ ယာဉ်တိုက်မှု ၉၀ မှု၊ ဒဏ်ရာရရှိမှု ၁၀၈ မှု နဲ့ သေဆုံးမှု ၇၀ မှု၊ရခိုင်ပြည်နယ်မှာ ယာဉ်တိုက်မှု ၉၀ မှု၊ ဒဏ်ရာရရှိမှု ၁၀၁ မှုနဲ့ သေဆုံးမှု ၄၉ မှုဖြစ်တယ်လို့သိရပါတယ်။
ကရင်ပြည်နယ်မှာ ယာဉ်တိုက်မှု ၅၇ မှု၊ ဒဏ်ရာရရှိမှု ၇၀ မှုနဲ့ သေဆုံးမှု ၃၅ မှု၊ချင်းပြည်နယ်မှာ ယာဉ်တိုက်မှု ၃ မှု၊ ဒဏ်ရာရရှိမှု ၅ မှုနဲ့ သေဆုံးမှု ၃ မှု၊ စစ်ကိုင်းတိုင်းမှာ ယာဉ်တိုက်မှု ၂၉ မှု၊ ဒဏ်ရာရရှိမှု ၃၁ မှုနဲ့ သေဆုံးမှု ၁၇ မှု၊တနင်္သာရီတိုင်းမှာ ယာဉ်တိုက်မှု ၅၁ မှု၊ ဒဏ်ရာရရှိမှု ၇၂ မှုနဲ့ သေဆုံးမှု ၃၁ မှု၊ မကွေးတိုင်းက ယာဉ်တိုက်မှု ၁၆၃ မှု၊ ဒဏ်ရာရရှိမှု ၂၂၉ မှုနဲ့ သေဆုံးမှု ၉၂ မှု ၊မွန်ပြည်နယ်မှာ ယာဉ်တိုက်မှု ၁၇၅ မှု၊ ဒဏ်ရာရရှိမှု ၂၇၈ မှုနဲ့ သေဆုံးမှု ၈၀ မှု ရှိခဲ့တယ်လို့ သိရတယ် ။
” ဒါကသူတို့သိရတဲ့စာရင်းပေါ့။ စာရင်းထဲမပါတဲ့ ယာဥ်တိုက်မှုတွေလည်း အများကြီးရှိပါတယ်။ကျနော်တို့အသင်းတွေဆို ကူညီရေးလမ်းကြောင်း မကြာခနထွက်နေရတယ် ၊ အဓိက စည်းကမ်းမဲ့စီးနင်းတာတွေကြောင့် အသက်တွေဆုံးရှုံးနေရတာ”လို့ လူမှုကူညီရေး အဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
တစ်နိုင်ငံလုံးမှာ နေ့စဥ် ယာဥ်မတော်တဆ တိမ်းမှောက်တဲ့ဖြစ်စဥ်တွေ ရှိနေပြီး သေဆုံးတာ ၊ဒဏ်ရာရတာတွေ ရှိနေတယ်လို့ သိရပါတယ်။
#voiceofmyanmar #VOM #ခြောက်လတာယာဉ်တိုက်မှု