တရုတ်မှာ ဘတ်စ်ကားတစ်စီး ရေလှောင်တမံထဲထိုးကျ၊ လူ(၂၁)ဦးထက်မနည်းသေဆုံး

တရုတ်မှာ ဘတ်စ်ကားတစ်စီး ရေလှောင်တမံထဲထိုးကျ၊ လူ(၂၁)ဦးထက်မနည်းသေဆုံး

ပေကျင်း၊ ဇူလိုင်-၈-၂၀၂၀
မျိုးဆက် (VOM)

တရုတ်နိုင်ငံမှာ ရေလှောင်တမံတစ်ခုအတွင်းကို ဘတ်စ်ကားတစ်စီးထိုးကျသွားတာကြောင့် လူ၂၁ဦးထက်မနည်းသေဆုံးပြီး အခြားလူ၁၅ဦးလည်း ထိခိုက်ဒဏ်ရာတွေရရှိသွားပါတယ်။

အဲ့ဒီဘတ်စ်ကားဟာ ကွမ်ကျိုးပြည်နယ် အင်ရှန်မှာ ဇူလိုင်၇ရက်နေ့က တံတားတစ်စင်းပေါ် ဖြတ်သွားစဉ်မှာ လမ်းဘေးမှာရှိတဲ့ အတားအဆီးတစ်ခုနဲ့ ဝင်တိုက်မိပြီး ရေထဲကို ထိုးကျသွားတာဖြစ်ပါတယ်။

ဘတ်စ်ကားပေါ်လိုက်ပါလာသူတွေထဲမှာ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုဖို့ စီစဉ်ထားတဲ့ ကျောင်းသားတွေလည်းပါဝင်တယ်လို့ တရုတ်နိုင်ငံပိုင်သတင်းဌာနက ဖော်ပြထားပါတယ်။

လက်တလောမှာတော့ ဘတ်စ်ကားတိမ်းမှောက်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

သေဆုံးသူတွေထဲမှာ ဘတ်စ်ကားယာဉ်မောင်းတဲ့သူလည်းပါဝင်ပြီး ယာဉ်မောင်းဟာ ၁၉၉၇ခုနှစ်ကတည်းက အဲ့ဒီဘတ်စ်ကားလမ်းကြောင်းမှာ မောင်းနှင်နေသူဖြစ်တယ်လို့ ဆင်ဟွာသတင်းဌာနက ဖော်ပြပါတယ်။

ဘတ်စ်ကားတိမ်းမှောက်ချိန်မှာ ကားပေါ်မှာ လူဘယ်လောက်ပါတယ်ဆိုတာနဲ့ ကျောင်းသားဦးရေ ဘယ်လောက်ပါတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

Ref : BBC
Photo:Getty Images
#voiceofmyanmar #VOM #ပေကျင်း

Zawgyi

တရုတ္မွာ ဘတ္စ္ကားတစ္စီး ေရေလွာင္တမံထဲထုိးက်၊ လူ(၂၁)ဦးထက္မနည္းေသဆံုး

ေပက်င္း၊ ဇူလုိင္-၈-၂၀၂၀
မ်ိဳးဆက္ (VOM)

တရုတ္ႏုိင္ငံမွာ ေရေလွာင္တမံတစ္ခုအတြင္းကို ဘတ္စ္ကားတစ္စီးထုိးက်သြားတာေၾကာင္႔ လူ၂၁ဦးထက္မနည္းေသဆံုးျပီး အျခားလူ၁၅ဦးလည္း ထိခုိက္ဒဏ္ရာေတြရရိွသြားပါတယ္။

အဲ့ဒီဘတ္စ္ကားဟာ ကြမ္က်ိဳးျပည္နယ္ အင္ရွန္မွာ ဇူလုိင္၇ရက္ေန႔က တံတားတစ္စင္းေပၚ ျဖတ္သြားစဥ္မွာ လမ္းေဘးမွာရိွတဲ႔ အတားအဆီးတစ္ခုနဲ႔ ဝင္တုိက္မိျပီး ေရထဲကို ထိုးက်သြားတာျဖစ္ပါတယ္။

ဘတ္စ္ကားေပၚလုိက္ပါလာသူေတြထဲမွာ တကၠသုိလ္ဝင္ခြင့္စာေမးပဲြေျဖဆိုဖို႔ စီစဥ္ထားတဲ႔ ေက်ာင္းသားေတြလည္းပါဝင္တယ္လို႔ တရုတ္နုိင္ငံပိုင္သတင္းဌာနက ေဖာ္ျပထားပါတယ္။

လက္တေလာမွာေတာ႔ ဘတ္စ္ကားတိမ္းေမွာက္ရတဲ႔ အေၾကာင္းရင္းကုိ စံုစမ္းစစ္ေဆးေနဆဲျဖစ္တယ္လို႔ တာ၀န္ရိွသူေတြက ေျပာပါတယ္။

ေသဆံုးသူေတြထဲမွာ ဘတ္စ္ကားယာဥ္ေမာင္းတဲ့သူလည္းပါဝင္ျပီး ယာဥ္ေမာင္းဟာ ၁၉၉၇ခုႏွစ္ကတည္းက အဲ့ဒီဘတ္စ္ကားလမ္းေၾကာင္းမွာ ေမာင္းႏွင္ေနသူျဖစ္တယ္လို႔ ဆင္ဟြာသတင္းဌာနက ေဖာ္ျပပါတယ္။

ဘတ္စ္ကားတိမ္းေမွာက္ခ်ိန္မွာ ကားေပၚမွာ လူဘယ္ေလာက္ပါတယ္ဆိုတာနဲ႔ ေက်ာင္းသားဦးေရ ဘယ္ေလာက္ပါတယ္ဆိုတာ ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။

Ref : BBC
Photo:Getty Images
#voiceofmyanmar #VOM #ေပက်င္း

Related posts

Leave a Comment

VOM News

FREE
VIEW