လမ်းဘေးမှာလုပ်ငန်းလုပ်နေတဲ့ ဘက်ဟိုးကားကို ကုန်တင်ယာဉ်တစ်စီး အရှိန်လွန်ပြီးဝင်တိုက်၊ ဘက်ဟိုးကားမောင်းသူသေဆုံး

လမ်းဘေးမှာလုပ်ငန်းလုပ်နေတဲ့ ဘက်ဟိုးကားကို ကုန်တင်ယာဉ်တစ်စီး အရှိန်လွန်ပြီးဝင်တိုက်၊ ဘက်ဟိုးကားမောင်းသူသေဆုံး

စစ်ကိုင်း၊ ဇူလိုင် ၈ -၂၀၂၀
ရှိုင်းအောင် (VOM)

စစ်ကိုင်းမြို့အဝင် မုံရွာ-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ မောင်းနှင်လာတဲ့ ကုန်တင်ယာဉ်တစ်စီး အရှိန်လွန်ကာ လမ်းလုပ်ငန်းဆောင်ရွက်နေတဲ့ ဘက်ဟိုးယာဉ်အသေးကို ဝင်တိုက်မိပြီး ဘက်ဟိုးမောင်းသူ နေရာမှာပဲ သေဆုံးမှုဒီကနေ့နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့ပါတယ်။

“လုပ်ငန်းလုပ်နေတဲ့အချိန် ကားကဝင်လာတာ ငါတို့က ဟိုဘက်မှာထိုင်နေတာ၊ အဲ့တော့ အော်လို့လဲမရဘူး၊ ဘက်ဟိုးမောင်းတဲ့သူက ရှေ့ကိုပစ်ကျပြီး နာထင်တွေရော ကျောတွေရော စုပ်ပြတ်သပ်သွားတာ၊ နေရာတင်ဘဲ တစ်ခါတည်းဆုံးသွားတာ”လို့ ဘက်ဟိုး အကူမောင်းတဲ့ ကိုကျော်ဦးက ပြောပါတယ်။

အခုလိုဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကိုင်းမြို့ ယာဉ်ထိန်းတပ်ဖွဲ့အမှတ် (၁၀၆)၊ ဒုရဲအုပ် ကိုမိုးဇော်ဦးကို မေးမြန်းရာမှာတော့ “ကုန်တင်ယာဉ်ကိုမောင်းနှင်လာတဲ့ ယာဉ်မောင်း Aprilသိန်းကို ၃၀၄(က)၃၃၇၊၃၃၈ နဲ့အရေးယူသွားဖို့ စီစဉ်နေတယ်”လို့ ပြောပါတယ်။

အဲ့ဒီဖြစ်စဉ်မှာ ဘက်ဟိုးယာဉ်ငယ်နဲ့ လမ်းလုပ်ငန်းဆောင်ရွက်နေတဲ့ အသက် ၄၀ အရွယ်ခန့် ဦးသိန်းဇော် ရွာထောင်ရပ်ကွက်နေထိုင်သူ သေဆုံးခဲ့ပြီး ကုန်တင်ယာဉ်မောင်းနှင်လာတဲ့ Aprilသိန်း နဲ့ အတူ ယာဉ်ပေါ်ပါလာတဲ့သူတစ်ဦးကတော့ ခြေထောက်မှာ ဒဏ်ရာရခဲ့ပေမယ့် စိုးရိမ်ရတဲ့အခြေအနေမှာ မရှိဘူးလို့ သိရပါတယ်။

#VoiceofMyanmar #VOM #ယာဉ်တိုက်မှု #စစ်ကိုင်း

Zawgyi

လမ္းေဘးမွာလုပ္ငန္းလုပ္ေနတဲ့ ဘက္ဟိုးကားကို ကုန္တင္ယာဥ္တစ္စီး အရွိန္လြန္ၿပီးဝင္တိုက္၊ ဘက္ဟိုးကားေမာင္းသူေသဆံုး

စစ္ကိုင္း၊ ဇူလိုင္ ၈ -၂၀၂၀
ရႈိင္းေအာင္ (VOM)

စစ္ကိုင္းၿမိဳ႕အဝင္ မုံ႐ြာ-မႏၲေလး အျမန္လမ္းမႀကီးေပၚမွာ ေမာင္းႏွင္လာတဲ့ ကုန္တင္ယာဥ္တစ္စီး အရွိန္လြန္ကာ လမ္းလုပ္ငန္းေဆာင္႐ြက္ေနတဲ့ ဘက္ဟိုးယာဥ္အေသးကို ဝင္တိုက္မိၿပီး ဘက္ဟိုးေမာင္းသူ ေနရာမွာပဲ ေသဆုံးမႈဒီကေန႔ေန႔လယ္ပိုင္းက ျဖစ္ပြားခဲ့ပါတယ္။

“လုပ္ငန္းလုပ္ေနတဲ့အခ်ိန္ ကားကဝင္လာတာ ငါတို႔က ဟိုဘက္မွာထိုင္ေနတာ၊ အဲ့ေတာ့ ေအာ္လို႔လဲမရဘူး၊ ဘက္ဟိုးေမာင္းတဲ့သူက ေရွ႕ကိုပစ္က်ၿပီး နာထင္ေတြေရာ ေက်ာေတြေရာ စုပ္ျပတ္သပ္သြားတာ၊ ေနရာတင္ဘဲ တစ္ခါတည္းဆုံးသြားတာ”လို႔ ဘက္ဟိုး အကူေမာင္းတဲ့ ကိုေက်ာ္ဦးက ေျပာပါတယ္။

အခုလုိျဖစ္စဥ္နဲ႔ပတ္သက္ၿပီး စစ္ကိုင္းၿမိဳ႕ ယာဥ္ထိန္းတပ္ဖြဲ႕အမွတ္ (၁၀၆)၊ ဒုရဲအုပ္ ကိုမိုးေဇာ္ဦးကို ေမးျမန္းရာမွာေတာ့ “ကုန္တင္ယာဥ္ကိုေမာင္းႏွင္လာတဲ့ ယာဥ္ေမာင္း Aprilသိန္းကို ၃၀၄(က)၃၃၇၊၃၃၈ နဲ႔အေရးယူသြားဖို႔ စီစဥ္ေနတယ္”လို႔ ေျပာပါတယ္။

အဲ့ဒီျဖစ္စဥ္မွာ ဘက္ဟိုးယာဥ္ငယ္နဲ႔ လမ္းလုပ္ငန္းေဆာင္႐ြက္ေနတဲ့ အသက္ ၄၀ အ႐ြယ္ခန္႔ ဦးသိန္းေဇာ္ ႐ြာေထာင္ရပ္ကြက္ေနထိုင္သူ ေသဆုံးခဲ့ၿပီး ကုန္တင္ယာဥ္ေမာင္းႏွင္လာတဲ့ Aprilသိန္း နဲ႔ အတူ ယာဥ္ေပၚပါလာတဲ့သူတစ္ဦးကေတာ့ ေျခေထာက္မွာ ဒဏ္ရာရခဲ့ေပမယ့္ စိုးရိမ္ရတဲ့အေျခအေနမွာ မရွိဘူးလို႔ သိရပါတယ္။

#VoiceofMyanmar #VOM #ယာဥ္တိုက္မႈ #စစ္ကိုင္း

Related posts

Leave a Comment

VOM News

FREE
VIEW