အမြန်လမ်းမှာ ယာဉ်တိမ်းမှောက်မှုဖြစ်ပြီး လူ(၁)ဦးသေဆုံး၊ (၂၃)ဦး ဒဏ်ရာရ

အမြန်လမ်းမှာ ယာဉ်တိမ်းမှောက်မှုဖြစ်ပြီး လူ(၁)ဦးသေဆုံး၊ (၂၃)ဦး ဒဏ်ရာရ

ပျော်ဘွယ်၊ ဇူလိုင် ၈-၂၀၂၀
ကောင်းလက်ျာ(VOM)

ရန်ကုန်-မန္တလေး အမြန်လမ်းမိုင်တိုင် ၂၇၁/၅ အနီးမှာ မနေ့ဇူလိုင် ၇ ရက်‌နေ့လယ်ပိုင်းက တရုတ်နိုင်ငံထုတ် ပစ်ကပ်ယာဉ်တစ်စင်း တိမ်းမှောက်ရာကနေ လူ(၁)ဦးသေဆုံးပြီး (၂၃)ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့တယ်လို့ အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။

“ကားက ဖြူးဒေသခံတွေတင်ဆောင်ပြီး မန္တလေးဘက်အလာမှာ ယာဘီးပေါက်ပြီး တိမ်းမှောက်တာပါ။ ဒဏ်ရာရသူတွေထဲမှာ နှစ်ဦးဒဏ်ရာပြင်းထန်ပြီး မိတ္ထီလာဆေးရုံကို ပို့ဆောင်ကုသပေးထားတယ်”လို့ ပေပင်လေးအမြန်လမ်းရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောပါတယ်။

ယာဉ်မောင်းဆန်မဂျေး ၂၉ နှစ်၊ ဖြူးမြို့နယ်၊ ညောင်ကားယားကျေးရွာနေသူ မောင်းနှင်လာခဲ့တဲ့ CHANA PICKUP အမျိုးအစားမော်တော်ယာဉ်သည် ယာဉ်မောင်း အပါ အမျိုးသား ၁၄ ဦး၊ အမျိုးသမီး ၁၂ဦးတင်‌ဆောင်ပြီး ရန်ကုန်-မန္တလေးအမြန်လမ်းအတိုင်း နေပြည်တော်ဘက်ကနေ မန္တလေးဘက်ကို မောင်းနှင်လာစဉ် မိုင်တိုင်၂၇၁/၅ နားအရောက်မှာ ယာဘက် နောက်ဘီးပေါက်ကာ အရှိန် လွန်ကာတိမ်းမှောက်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီလိုအရှိန်လွန်တိမ်းမှောက်ခဲ့တဲ့အတွက် ဒေါ်ဌေး(၅၄ နှစ်) အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပြီး အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ၁၁ ဦး စုစုပေါင်း၂၃ ဦး ထိခိုက်ဒဏ်ရာရရှိကာ အမျိုးသား၂ ဦးမှာ ဒဏ်ရာပြင်းထန်တယ်လို့ ‌ပေပင်လေးရဲတပ်ဖွဲ့စခန်းမှသိရပါတယ်။

အမှုနဲ့ပတ်သက်ပြီး ယာဉ်မောင်း ဆန်မဂျေးကို ပေပင်လေးအမြန်လမ်းရဲတပ်ဖွဲ့စခန်းမှ ယာဉ် (ပ)၁၂/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄-က/၃၃၇/၃၃၈ ဖြင့် အမှုဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

Photo-အမြန်လမ်းရဲတပ်ဖွဲ့
#voiceofmyanmar #VOM #အမြန်လမ်း #ယာဉ်တိမ်းမှောက်

Zawgyi

အျမန္လမ္းမွာ ယာဥ္တိမ္းေမွာက္မႈျဖစ္ၿပီး လူ(၁)ဦးေသဆံုး၊ (၂၃)ဦး ဒဏ္ရာရ

ေပ်ာ္ဘြယ္၊ ဇူလိုင္ ၈-၂၀၂၀
ေကာင္းလက္်ာ(VOM)

ရန္ကုန္-မႏၲေလး အျမန္လမ္းမိုင္တိုင္ ၂၇၁/၅ အနီးမွာ မေန႔ဇူလိုင္ ၇ ရက္‌ေန႔လယ္ပုိင္းက တ႐ုတ္ႏိုင္ငံထုတ္ ပစ္ကပ္ယာဥ္တစ္စင္း တိမ္းေမွာက္ရာကေန လူ(၁)ဦးေသဆုံးၿပီး (၂၃)ဦး ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့တယ္လုိ႔ အျမန္လမ္းရဲတပ္ဖြဲ႕မႉး႐ုံးကေန သိရပါတယ္။

“ကားက ျဖဴးေဒသခံေတြတင္ေဆာင္ၿပီး မႏၲေလးဘက္အလာမွာ ယာဘီးေပါက္ၿပီး တိမ္းေမွာက္တာပါ။ ဒဏ္ရာရသူေတြထဲမွာ ႏွစ္ဦးဒဏ္ရာျပင္းထန္ၿပီး မိတၳီလာေဆး႐ုံကို ပို႔ေဆာင္ကုသေပးထားတယ္”လို႔ ေပပင္ေလးအျမန္လမ္းရဲစခန္းမွ ရဲအရာရွိတစ္ဦးကေျပာပါတယ္။

ယာဥ္ေမာင္းဆန္မေဂ်း ၂၉ ႏွစ္၊ ျဖဴးၿမိဳ႕နယ္၊ ေညာင္ကားယားေက်း႐ြာေနသူ ေမာင္းႏွင္လာခဲ့တဲ့ CHANA PICKUP အမ်ိဳးအစားေမာ္ေတာ္ယာဥ္သည္ ယာဥ္ေမာင္း အပါ အမ်ိဳးသား ၁၄ ဦး၊ အမ်ိဳးသမီး ၁၂ဦးတင္‌ေဆာင္ၿပီး ရန္ကုန္-မႏၲေလးအျမန္လမ္းအတိုင္း ေနျပည္ေတာ္ဘက္ကေန မႏၲေလးဘက္ကို ေမာင္းႏွင္လာစဥ္ မိုင္တိုင္၂၇၁/၅ နားအေရာက္မွာ ယာဘက္ ေနာက္ဘီးေပါက္ကာ အရွိန္ လြန္ကာတိမ္းေမွာက္ခဲ့တာျဖစ္ပါတယ္။

အဲ့ဒီလုိအရိွန္လြန္တိမ္းေမွာက္ခဲ့တဲ့အတြက္ ေဒၚေဌး(၅၄ ႏွစ္) အခင္းျဖစ္ေနရာမွာ ေသဆုံးခဲ့ၿပီး အမ်ိဳးသား ၁၂ ဦး၊ အမ်ိဳးသမီး ၁၁ ဦး စုစုေပါင္း၂၃ ဦး ထိခိုက္ဒဏ္ရာရရွိကာ အမ်ိဳးသား၂ ဦးမွာ ဒဏ္ရာျပင္းထန္တယ္လို႔ ‌ေပပင္ေလးရဲတပ္ဖြဲ႕စခန္းမွသိရပါတယ္။

အမႈနဲ႔ပတ္သက္ၿပီး ယာဥ္ေမာင္း ဆန္မေဂ်းကို ေပပင္ေလးအျမန္လမ္းရဲတပ္ဖြဲ႕စခန္းမွ ယာဥ္ (ပ)၁၂/၂၀၂၀၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၀၄-က/၃၃၇/၃၃၈ ျဖင့္ အမႈဖြင့္လွစ္ထားတယ္လုိ႔ သိရပါတယ္။

Photo-အျမန္လမ္းရဲတပ္ဖြဲ႔
#voiceofmyanmar #VOM #အျမန္လမ္း #ယာဥ္တိမ္းေမွာက္

Related posts

Leave a Comment

VOM News

FREE
VIEW