ဩဂုတ် ၆ – ၂၀၂၃ VOM (GG) ပြီးခဲ့တဲ့ဇူလိုင်လ ၃၁ ရက်နေ့ကစပြီး ဆန်၊စပါး ၊ပဲ မျိုးစုံ နဲ့ သီးနှံ စျေးကွက် အားလုံးနီးပါး စျေးနူန်းတွေ မြင့်တက်လာတယ်လို့ ကုန်စည်ဒိုင်တွေက သိရပါတယ် ။ ငွေလဲလှယ် စျေးနူန်း မတည်ငြိမ်တာ ၊ စျေးကွက်မှာ သီးနှံဝင်ရောက်မှုနည်းတာ ၊ ပြည်ပကနေ တင်သွင်းရတာ စတဲ့ အခြေအနေတွေကြောင့် စျေးကွက်က အတက်ဘက်ကို ဦးတည်လာတာဖြစ်တယ်လို့ သိရပါတယ် ။ (ဆန်) ပြီးခဲ့တဲ့ ဇူလိုင်လမှာဆိုရင် ပြည်တွင်းဆန်စျေးမှာ ရွှေဘိုပေါ် ဆန်းက ရန်ကုန်ဝါးတန်းဘုရင့်နောင်ကုန်စည်ဒိုင်မှာ တစ်အိတ်ကို အမြင့်ဆုံး ၁၁၅၀၀၀ သာရှိခဲ့ပေမယ့် လက်ရှိ ဩဂုတ်လထဲမှာတော့ တစ်အိတ်ကို ၁၃၀၀၀၀ ကျပ်အထိ စျေးတက်လာပါတယ်။ ပြင်ပဆန်လက်လီလက်ကားစျေးကွက်မှာဆိုရင် နေရာဒေသအပေါ်လိုက်ပြီး ရွှေဘိုပေါ်ဆန်း တစ်အိတ်ကို အမြင့်ဆုံး ၁၅၀၀၀၀…
Read MoreDay: August 6, 2023
လားရှိုးနဲ့ကျောက်မဲမှာ ဒီနေ့ပေါက်ကွဲမှုတွေဖြစ်လို့ သေဆုံးထိခိုက်တွေရှိ
ဩဂုတ် ၆၊ ၂၀၂၃ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ Sunny Hotel နဲ့ ကျောက်မဲမြို့၊ရပ်ကွက် ၁ ရုံးမှာ ဒီနေ့ ဩဂုတ် ၆ ရက် မနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ပွားပြီး စည်ပင်ဦးစီးနဲ့ EPC ဝန်ထမ်း သေဆုံးကာ ထိခိုက်ဒဏ်ရာရသူများခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ လားရှိုးမြို့ သိန်းထိုက် ရုပ်ရှင်ရုံအနီးက Sunny Hotel ကားပါကင်မှာ ဒီနေ့ မနက် ၁၀ နာရီ ခွဲခန့်က ဗုံးပေါက်ကွဲမှူဖြစ်ပြီး ကား ၁ စီး မီးလောင်သွားကာ ကားပါကင်နားက လူ ၁ ဦး ခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ ၁ ဦးက ပြောပါတယ်။ “အိမ်နားမှာပဲ။ ကားပါကင်က ဆိုင်ကယ်ပေါ်က ပေါက်တာ။ ဆိုင်ကယ်နားက ကားကတော့ မီးလောင်သွားတယ်။ အဲ့ဒီနား…
Read Moreစစ်ကိုင်းတိုင်းထဲက အဝေးပြေးကားလမ်းတွေမှာ ခရီးသွားလုံခြုံမှု စိတ်မချရသေး
သြဂုတ် ၊ ၆ ၊ ၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်းထဲက အဝေးပြေးကားလမ်းတွေမှာ ခရီးသွားလုံခြုံမှု စိတ်ချရတဲ့ အခြေအနေ မရှိဘူးလို့ ကားသမားတွေဆီက သိရပါတယ်။ ” မုံရွာ – မန္တလေးကားလမ်းကြားမှာရှိတဲ့ မြင်းမူမြို့နယ် ၊ ဝမ်းပြည့်ရွာအနီးနဲ့ ချောင်းဦးမြို့နယ် ၊ ငါးယှန်ကျေးရွာနားမှာ ၊ မျက်နှာ အဝတ်စီးထားပြီး လက်နက်တွေကိုင်ထားတဲ့ အဖွဲ့တွေက လာသမျှကားတွေကို အကုန်တားပြီး စစ်ဆေးတယ် ၊ ခရီးသည်တွေရဲ့ မှတ်ပုံတင်မှာက ဝန်ထမ်းလို့ ရေးထားတာပါရင် ကားပေါ်က ဆွဲချတယ် ၊ ပြန်လွတ်ပေးသလား ၊ မပေးဘူးလား မသိဘူး ၊ အဲ့ဒီလို ဆွဲချခံရတဲ့ ဝန်ထမ်းခရီးသည် မုံရွာ ၃ ယောက်ဟာ အခုထိ ပြန်လွတ်မလာဘူး ၊ သူတို့က ခရီးသည်တွေနဲ့ ကားသမားတွေဆီက မိုင်းထုတ်လုပ်ဖို့ အလှူခံပါတယ်ဆိုပြီး…
Read MoreThis Day in History : August-6
This Day in History : August-6 Voice of Myanmar ဒုတိယကမ္ဘာစစ်၏ နောက်ဆုံးနေ့ရက်များတွင် အမေရိကန်သည် ၁၉၄၅ ခုနှစ် သြဂုတ် ၆ ရက်၌ ဂျပန်နိုင်ငံ၊ ဟီရိုရှီးမားမြို့ကို အနုမြူဗုံး ကြဲချခဲ့ပြီး လူခုနှစ်သောင်းကျော် သေဆုံးကာ မြို့အများအပြား ပျက်စီးခဲ့သည်။ #voiceofmyanmar #vom#Thisday#history
Read More