မင်္ဂလာဆောင်ကကျွေးတဲ့ ဒံပေါက်နဲ့သရက်သီးချဥ်စားပြီး လူ၁၃ယောက်အစာအဆိပ်သင့်

 

ဇူလိုင် ၈ – ၂၀၂၄
GG (VOM)

မွန်ပြည်နယ် ၊ ဘီးလင်းမြို့နယ်က ကျောက်ရေတွင်းရွာမှာ ဒီနေ့ဇူလိုင်လ ၈ ရက်နေ့၊ နေ့လယ်ပိုင်းက ကလေးအပါအဝင် လူ ၁၃ ယောက်အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ တယ်လို့သိရပါတယ်။

ကျောက်ရေတွင်းရွာ မင်္ဂလာဆောင်မှာ ဧည့်ခံကျွေးမွေးတဲ့ ကြက်သားဒံပေါက် နဲ့သရက်သီးချဥ်ကို စားပြီးနောက် မူးဝေ အော့အန်ကာအစာအဆိပ်သင့်ခဲ့တာဖြစ်လို့ ဘီးလင်းဆေးရုံကို ပို့ဆောင်ခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။

” ၁၃ ယောက်အစာအဆိပ်သင့်တာမှာ.ကလေးတွေလည်းပါတယ်။ လူအများထဲမှာမှသူတို့ပဲ ဖြစ်တာဆိုတော့ ဘယ်လိုဓာတ်မတည့်လို့ဖြစ်သလဲသေချာမသိဘူး။အကုန်လုံးတော့ဆေးရုံရောက်နေပြီ။ဒံပေါက်နဲ့သရက်ချဥ်ကတော့ လူတိုင်းဝယ်စားနေကြအစားအစာပါပဲ။” ဘီးလင်းမြို့အခြေစိုက် လူမှုကူညီရေး အဖွဲ့ဝင်တယောက်ကပြောပါတယ်။

အစာအဆိပ်သင့်သူတွေ ထဲမှာ အခြေအနေစိုးရိမ်ရတဲ့လက္ခဏာမျိုးတော့မရှိကြောင်း ၊ဝေဒနါသက်သာလို့ ဆေးရုံကဆင်းရမယ့်သူတွေလည်းရှိတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့မေလတုန်းကလည်း ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်မှာ ဘဲဥငံပြာရည်ချက်နဲ့ထမင်းဗူးကိုစားပြီး ကလေးအပါအဝင် လူ ၄၅ ယောက် အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့လို့ဆေးရုံတက်ကုသမှုခံခဲ့ရပါတယ်။

၂၀၂၃ ခုနှစ် ဇူလိုင်လတုန်းကလည်း ပဲ
ခူးမြို့နယ်ထဿ ပရဟိတ မိဘမဲ့ကလေးများစောင့်ရှောက်ရေးကျောင်းတခုမှာ အလှူရှင်လှူဒါန်းတဲ့ ခေါက်ဆွဲကြော်စားပြီး ကလေးအပါအဝင်လူပေါင်း ၁၂၆ ယောက် အစာဆိပ်သင့်မှုဖြစ်ပွားခဲ့မှု ရှိခဲ့ပါတယ်။

#Voiceofmyanmar #vom #ဘီးလင်း #ကျောက်ရေတွင်း #အစာအဆိပ်သင့်

Related posts

Leave a Comment

VOM News

FREE
VIEW