အင်ဒိုးနီးရှား ဆူလာဝေစီကျွန်းမှာ တရားမဝင်ရွှေတွင်းပြိုကျမှု ၁၂ ယောက်သေပြီး ၁၈ ယောက်ပျောက်နေ

 

ဂျကာတာ၊ ဇူလိုင်-၈-၂၀၂၄
မျိုးဆက်(VOM)

အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်းမှာ မိုးသည်းထန်စွာရွာသွန်းပြီး တရားမဝင်ရွှေတွင်းတခု ပြိုကျလို့ လူ ၁၂ ယောက်သေဆုံးပြီး ၁၈ ယောက်ပျောက်ဆုံးနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီမြေပြိုမှုဟာ ဂေါ်ရွန်တာရိုပြည်နယ် ဆူဝါဝါခရိုင်မှာ မနေ့ကမနက်ပိုင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး တရားမဝင်ရွှေတွင်းအနီး နေထိုင်သူတွေနဲ့ဒေသခံတွေ သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။

အသက်ရှင်သူငါးယောက်ကိုတော့ ကယ်တင်ပြီး ဆေးရုံပို့ထားကာ ပျောက်ဆုံးနေသူ ၁၈ ယောက်ကို ရှာဖွေမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။ ပျောက်ဆုံးနေသူတွေကို ရှာဖွေဖို့ အမျိုးသားကယ်ဆယ်ရေးအဖွဲ့ ၊ စစ်ဘက်ဆိုင်ရာ ဝန်ထမ်းတွေပါဝင်တဲ့ ကယ်ဆယ်ရေးသမား ၁၆၄ ယောက်ကို စေလွှတ်ထားတယ်လို့ ပြောပါတယ်။

ဒါပေမယ့်လည်း ရာသီဥတုဆိုးရွားမှုကြောင့် ကယ်ဆယ်ရေးသမားတွေဟာ အခင်းဖြစ်ရာနေရာကို ရောက်ရှိဖို့အတွက် ကီလိုမီတာ ၂၀ လမ်းလျှောက်ရမယ်ဆို တာဝန်ရှိသူတွေက ပြောပါတယ်။ မြေပြိုမှုကြောင့် လူနေအိမ်အများအပြားနဲ့တံတားတစင်းလည်း ပျက်စီးခဲ့ပါတယ်။

ဒီနေ့နဲ့ မနက်ဖြန်မှာလည်း ပြည်နယ်အတွင်းရှိ အချို့နေရာတွေမှာ မိုးသည်းထန်စွာဆက်လက်ရွာသွန်းမှုတွေကြောင့် ဒေသခံတွေအနေနဲ့ မြေပြိုမှုအန္တရာယ်သတိပြုကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလအတွင်းကလည်း တောင်ဆူလာဝေစီမှာ မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုကြောင့် လူ ၁၈ ယောက်သေဆုံးခဲ့ပြီး မေလအတွင်း အနောက်ဆူမားတြားပြည်နယ်တွင် ရေကြီးမှုနဲ့ မြေပြိုမှုကြောင့် လူ ၅၀ ကျော်သေဆုံးခဲ့ပါတယ်။

Ref:Reuters
Photo:reuters

#Voiceofmyanmar #VOM #အင်ဒိုနီးရှား #ဆူလာဝေစီ #မြေပြိုမှု #၁၂ယောက်သေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW