အစ္စရေးအလယ်ပိုင်းထိ ဟူသီသူပုန်အဖွဲ့က ဒုံးကျည်နဲ့ တိုက်ခိုက်

 

တဲလ်အဗစ်၊ စက်တင်ဘာ-၁၆-၂၀၂၄
ရတီ(VOM)

အစ္စရေးနိုင်ငံ အလယ်ပိုင်းကို ဟူသီသူပုန်အဖွဲ့က ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဒီလုပ်ရပ်အတွက် လက်တုံ့ပြန်မယ်လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ကတိပြုပြောဆိုလိုက်ပါတယ်။

ဒုံးကျည်ဟာ လူမနေတဲ့ဒေသမှာ ပြီးခဲ့တဲ့နေ့အစောပိုင်းက ကျရောက်ခဲ့တာဖြစ်ပြီး ထိခိုက်ပျက်စီးမှုတွေ မရှိဘူးလို့ အစ္စရေးစစ်တပ်က ပြောဆိုထားပေမယ့် ဒါဟာ အစ္စရေးလေပိုင်နက်ထဲ ဒုံးကျည်မဝင်ရောက်မီ လေကြောင်းရန် ကာကွယ်ရေးစနစ်တွေက မဟန့်တားနိုင်ခဲပတာဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုဟာ ယီမင်ကနေ မိုင်ပေါင်း ၁၂၄၀ ဝန်းကျင်အကွာရှိ အစ္စရေးအလယ်ပိုင်းကို ဟူသီတို့ရဲ့ ပထမဆုံးအကြိမ် တိုက်ခို်ကမှုလည်း ဖြစ်ပါတယ်။ အစ္စရေးပိုင်နက်ထဲထိ ဒုံးကျည်ဘယ်လို ကျရောက်ပေါက်ကွဲခဲ့လဲဆိုတာကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ အစ္စရေးစစ်တပ်က ဆိုပါတယ်။

စစ်ဆင်ရေးဟာ အစ္စရေးရဲ့ ကြားဖြတ်ဟန့်တာမှုစနစ်တွေကို ကျော်လွှားနိုင်ကြောင်း ပြသလိုတာကြောင့် အသံထက်မြန်တဲ့ ဒုံးကျည်အမျိုးအစားသစ်ကို အသုံးပြုခဲ့တယ်လို့ ယီမင်အခြေစိုက် ဟူသီသူပုန်အဖွဲ့က အခိုင်အမာဆိုပါတယ်။

ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့ ယီမင်မှာ ဟူသီသူပု်နအဖွဲ့က နယ်မြေအများအပြားကို သိမ်းပိုက်ထားပြီး အစ္စရေး ၊ အမေရိကန်နဲ့ အနောက်အုပ်စုဆန့်ကျင်ရေး အီရန်ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့ တစိတ်တပိုင်းဖြစ်ပါတယ်။

Ref:BBC
Photo:AP

Related posts

Leave a Comment

VOM News

FREE
VIEW