စက်သုံးဆီ ဝယ်ယူခွင့် ကဒ်စနစ်လုပ်မယ့်အပေါ် ဝေဖန်မှုတွေရှိနေ

အောက်တိုဘာ ၄ – ၂၀၂၄ GG (VOM) စက်သုံးဆီကို ဝယ်ယူခွင့်ကဒ်နဲ့သာ ရောင်းချပေးဖို့အတွက် ဝယ်ယူခွင့်စမတ်ကဒ်စနစ်ကို အကောင်အထည်ဖော်ဖို့ တာဝန်ရှိသူတွေက လုပ်ဆောင်နေပြီး ဒီစနစ်အပေါ် ပြည်သူတွေက ဝေဖန်မှုတွေလည်းရှိနေပါတယ်။ လက်ရှိ လူမှုကွန်ရက်မှာတော့ စက်သုံးဆီ ဝယ်ယူခွင့်ကဒ်ဆိုပြီး အစိမ်းရောင်နဲ့အဝါရောင်ကဒ် တွေထွက်ပေါ်နေရာ အဝါရောင်စမတ်ကဒ်က ကားအတွက် စက်သုံးဆီဝယ်ယူနိုင်မှာဖြစ်ပြီး အစိမ်းရောင်ကဒ်က ဆိုင်ကယ်နဲ့အခြားစက်တပ်ယာဥ်တွေအတွက် စက်သုံးဆီ ဝယ်ယူနိုင်မှာဖြစ်တယ်လို့ ကနဦးသတင်းတွေအရသိရပါတယ်။ ဆီဝယ်ယူခွင့်ကဒ်ကို ယာဉ်နဲ့ တပါတည်း ယူဆောင်လာရမှာဖြစ်သလို ဝယ်ယူခွင့်ကတ်မှာ ပါရှိတဲ့ ယာဉ်အမှတ်နဲ့သာ ဆီဝယ်ယူခွင့်ရရှိမှာဖြစ်ကြောင်း၊ကဒ်က ယာဉ်ပိုင်ဆိုင်မှုနဲ့သာ သက်ဆိုင်ခြင်းမရှိစေရလို့ ကဒ်မှာဖော်ပြထားပါတယ်။ ” အဝါနဲ့အစိမ်းကဒ်တော့တွေ့တယ်။အပြင်မှာတော့ ကဒ်လုပ်ရတာလည်းမရှိသေးဘူး။ ပိုက်ဆံပေးဝယ်ရတာတောင်လိုသလောက်မရတော့ဘူးဆိုတော့ ခက်တယ်။အလကားပေးတာလည်းမဟုတ်ဘူး။ ဝယ်ယူခွင့်ကဒ်ဆိုကတည်းက သူတို့အကန့်အသတ်နဲ့ပဲရောင်းမှာ မေးစရာမလိုဘူးအကုန်သိတယ်။အဲဒီစနစ်မျိုး ကျွန်တော်မှမဟုတ်ဘူး ဘယ်သူမှမမကြိုက်သလိုလက်မခံဘူး။” လို့ ပြည်သူတယောက်ကပြောပါတယ်။ လက်ရှိမှာ စက်သုံးဆီဝယ်ယူခွင့်စမတ်ကဒ်ပုံစံတွေလည်း ထွက်ပေါ်နေပြီး ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနဘက်ကလည်း စက်သုံးဆီကို ကဒ်နဲ့ဝယ်ယူတဲ့စနစ်ကို အကောင်ထည်ဖော်နေတယ်လို့…

Read More

မြောက်ကိုရီးယားကို ထိပါးရင် နျူကလီးယားလက်နက် ထုတ်သုံးမယ်လို့ ကင်ဂျုံအန် သတိပေး

ပြုံးယမ်း၊ အောက်တိုဘာ-၄-၂၀၂၄မျိုးဆက်(VOM)မြောက်ကိုရီးယားရဲ့ အချုပ်ခြာအာဏာကို ထိပါးတိုက်ခိုက်လာမယ်ဆိုရင် နျူကလီးယားလက်နက် ထုတ်သုံးဖို့ တွန့်ဆုတ်နေမှာမဟုတ်ဘူးလို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က သတိပေးပြောဆိုလိုက်ပါတယ်။မြောက်ကိုရီးယား အစိုးရကို အဆုံးသတ်ဖို့ ခြိမ်းခြောက်ခဲ့တဲ့ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးလ်ကို ဝေဖန်ခဲ့ပြီး ဒါဟာ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ခြိမ်းခြောက်နေတယ်လို့ ကင်ဂျုံအန်က ပြောပါတယ်။နျူကလီးယားလက်နက်ပိုင်ဆိုင်ထားတဲ့ နိုင်ငံတနိုင်ငံရဲ့ တံခါး၀မှာ စစ်တပ်အင်အားလာပြီး ကြွားလုံးထုတ်တဲ့ တောင်ကိုရီးယားသမ္မတဟာ ပုံမှန်မဟုတ်တဲ့လူလို့ မြောက်ကိုရီးယားခေါင်းဆောင်က ပြောပါတယ်။“ တကယ်လို့ ရန်သူတွေက မဆင်မချင်မိုက်မဲပြီး မြောက်ကိုရီးယားရဲ့ အချုပ်အခြာအာဏာကိုထိပါးဖို့ စစ်အင်အားသုံးလာမယ်ဆိုရင် မြောက်ကိုရီးယားအနေနဲ့ နျူကလီးယားလက်နက်တွေ အပါအဝင် ပိုင်ဆိုင်ထားတဲ့ လက်နက်အကုန်သုံးမယ် ” လို့ ကင်ဂျုံအန်က ပြောပါတယ်။မြောက်ကိုရီးယားဟာ နျူကလီးယားနဲ့ ဒုံးကျည်အစီအစဉ်ကို ဆယ်စုနှစ်များစွာ လုပ်ဆောင်ခဲ့ပြီး နျူကလီးယားလက်နက် ဒါဇင်များစွာ ထုတ်လုပ်ရန် လုံလောက်တဲ့ ယူရေနီယံ ပမာဏရှိတယ်လို့ ယုံကြည်ရပြီး လက်ရှိချိန်ထိ မြေအောက်နျူကလီးယားစမ်းသပ်မှု ခြောက်ကြိမ်ပြုလုပ်ထားပါတယ်။Ref:ReutersPhoto:Reuters

Read More

MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးကို လေ‌ကြောင်းနဲ့ လေးကြိမ် ထပ်တိုက်

အောက်တိုဘာ ၄ -၂၀၂၄ Shy V VOM ရှမ်းပြည်နယ်မြောက်ပိုင်း၊ MNDAA နဲ့ ပူးပေါင်း တပ်ဖွဲ့ ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကို နစကတပ်ဖွဲ့က အောက်တိုဘာ ၄ ရက်နေ့ မနက် အစောပိုင်းမှာ လေ‌ကြောင်းနဲ့ လေးကြိမ် ထပ်မံ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။ “လေးခေါက်တောင်ရှိသွားပြီ။ ပထမ တခေါက်က ရပ်ကွက် ၈ ထဲက 121 အနောက်ဘက် လမ်းကြား လို့ပြောတယ်။ လူ ထိခိုက်မှု မရှိဘူးလို့တြော သိရတယ်” လို့ ဒေသခံ တယောက်က ပြောပါတယ်။ အောက်တိုဘာ ၄ ရက်နေ့ မနက် ၂ နာရီ ၁၃ မိနစ်မှာ တခေါက်၊ ၄ နာရီ ၈ မိနစ်မှာ တခေါက်၊ ၅…

Read More

This Day in History

Voice of Myanmarတရုတ်နိုင်ငံသည် ၎င်း၏ပထမဆုံးသော ဟိုက်ဒရိုဂျင်ဗုံးကို တရုတ်ပြည်မကြီး အနောက်ဘက်ဒေသတွင် စမ်းသပ်အောင်မြင်ခဲ့ကြောင်း ၁၉၆၉ ခုနှစ် အောက်တိုဘာ ၄ ရက်တွင် ကြေညာခဲ့သည်။

Read More

ယခုနှစ်သီတင်းကျွတ်ကာလ အပန်းဖြေနဲ့ ဘုရားဖူးခရီးထွက်ဖို့ ကြိုတင်စီစဉ်သူ နည်းပါး

အောက်တိုဘာ ၄ ၊၂၀၂၄ Ms(VOM) ပွင့်လင်းရာသီကာလ သီတင်းကျွတ်ချိန်ကိုရောက်ရှိတော့မှာဖြစ်ပေမယ့် ယခုရက်ပိုင်း ခရီးသွားလုပ်ငန်းဆောင်ရွက်သူများ ထံ အပန်းဖြေနဲ့ ဘုရားဖူးခရီးစဉ်တွေကို မေးမြန်းကာ ခရီးစဉ်ကြိုတင်စီစဉ်သူနည်းပါးလာတယ်လို့ ပြည်တွင်းခရီးသွားလက်မှတ်ရောင်းချသူတွေထံကသိရပါတယ်။ သီတင်းကျွတ်ပိတ်ရက်များအတွက် ခရီးသွားလိုသူတွေကနှစ်စဉ် စက်တင်ဘာလကုန်နဲ့ အောက်တိုဘာလအစတွေမှ ခရီးစဉ်ကြိုတင်စုံစမ်းကာမေးမြန်းမှုတွေရှိပေမယ့် ယခုနှစ် သီတင်းကျွတ်ပိတ်ရက်ခရီးစဉ် တွေကိုတော့ စုံစမ်းမေးမြန်းသူနည်းပါနေတယ်လို့ဆိုပါတယ်။ ” အခုက ကိုယ်တွေ ခရီးသွားစီစဉ်သူတွေလည်း ပြီးခဲ့တဲ့လက မုန်တိုင်းရေကြီးတာတွေနဲ့ အပန်းဖြေခရီးတွေ အပျော်ခရီးစဉ်တွေအတွက် လက်မှတ်ရောင်းဖို့ အဆင်ပြေပါ့မလားစဉ်းစားပြီး package tourတွေ ကြေငြာတာနောက်ကျတယ်။ အခုလအစမှ ခရီးစဉ်နဲ့ဈေးနှုန်းတွေ ကြော်ငြာကြရတယ်။ လက်ရှိတော့ ခရီးစဉ်တွေကို စိတ်ဝင်စားပြီးလာမေးသူနည်းနေပါတယ်”လို့ travel me ပြည်တွင်းပခရီးသွား ဝန်ဆောင်မှုမှ တာဝန်ရှိသူကပြောပါတယ်။ ပွင့်လင်းရာသီခရီးသွားလာသူတွေအနေနဲ့ ပုဂံ၊ ချောင်းသာ၊ငွေဆောင်၊ ကလော၊အင်းလေး၊ ပင်းတယ၊တောင်ကြီး ခရီးစဉ်တွေကို အများဆုံးသွားလာတတ်ကြပေမယ့် ယခုနှစ်မှာ ရှမ်းပြည်နယ်ကခရီးသွားဒေသတွေ ရေကြီးနစ်မြုပ်မှု ဖြစ်နေသလို ပုဂံဒေသမှာလည်း ရေကြီးမှုတွေဖြစ်ပေါ်ခဲ့လို့…

Read More

မြန်မာအပါအဝင် ငါးနိုင်ငံက တရားမဝင် ရွှေ့ပြောင်းလာသူတွေကို ထိုင်းအစိုးရက ပန်းရောင်ကတ် ထုတ်ပေးမယ်

အောက်တိုဘာ ၄၊ ၂၀၂၄ZY(VOM)မြန်မာနိုင်ငံအပါအဝင် အိမ်နီးချင်း ငါးနိုင်ငံက တရားမဝင် ရွှေ့ပြောင်းလာသူတွေကို ထိုင်းနိုင်ငံအစိုးရက ပန်းရောင်ကတ် ထုတ်ပေးမှာဖြစ်တာကြောင့် အောက်တိုဘာလ (၃၁)ရက် မတိုင်ခင် နောက်ဆုံးထားပြီး လုပ်ဆောင်ကြဖို့ လိုအပ်တယ်လို့ အလုပ်သမားအရေးကူညီနေသူတွေထံကနေ သိရပါတယ်။ထိုင်းအစိုးရအဖွဲ့ရဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၄ ရက်နေ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံသားတွေကို အလုပ်သမားလူသစ်မှတ်ပုံတင်ခွင့် ပြုထားတဲ့ အပြင် အတူနေ ၁၈ နှစ်အောက် ကလေးငယ်တွေကိုလည်း တရားဝင်နေထိုင်ဖို့ သဘောတူမှာ ဖြစ်တယ်လို့ သိရပါတယ်။“အဲဒီကြေညာချက်ထွက်ပြီးနောက်ပိုင်း မဲဆောက်နဲ့ ချင်းမိုင်မှာတော့ ဘတ်ရိုက်အကျိုးဆောင်တွေ လူသစ်စတင် လက်ခံနေပြီ။ လုပ်မယ့်သူတွေအနေနဲ့ ပွဲစားတွေကို အလုပ်မအပ်ခင် သေချာလေ့လာပြင်ဆင်ဖို့ အကြံပေးချင်တယ်။ ဒီမှာက ပွဲစားတွေထဲမှာ လူလိမ်တွေ အများကြီးရှိတယ်။ ရှိစုမဲ့စုနဲ့ လုပ်ပြီးတော့ လိမ်ခံရတဲ့ မြန်မာတွေလည်း အများကြီးပဲ။ အခုကတော့ ဘတ်…

Read More
VOM News

FREE
VIEW