ပြုံးယမ်း၊ အောက်တိုဘာ-၄-၂၀၂၄
မျိုးဆက်(VOM)
မြောက်ကိုရီးယားရဲ့ အချုပ်ခြာအာဏာကို ထိပါးတိုက်ခိုက်လာမယ်ဆိုရင် နျူကလီးယားလက်နက် ထုတ်သုံးဖို့ တွန့်ဆုတ်နေမှာမဟုတ်ဘူးလို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က သတိပေးပြောဆိုလိုက်ပါတယ်။
မြောက်ကိုရီးယား အစိုးရကို အဆုံးသတ်ဖို့ ခြိမ်းခြောက်ခဲ့တဲ့ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးလ်ကို ဝေဖန်ခဲ့ပြီး ဒါဟာ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ခြိမ်းခြောက်နေတယ်လို့ ကင်ဂျုံအန်က ပြောပါတယ်။
နျူကလီးယားလက်နက်ပိုင်ဆိုင်ထားတဲ့ နိုင်ငံတနိုင်ငံရဲ့ တံခါး၀မှာ စစ်တပ်အင်အားလာပြီး ကြွားလုံးထုတ်တဲ့ တောင်ကိုရီးယားသမ္မတဟာ ပုံမှန်မဟုတ်တဲ့လူလို့ မြောက်ကိုရီးယားခေါင်းဆောင်က ပြောပါတယ်။
“ တကယ်လို့ ရန်သူတွေက မဆင်မချင်မိုက်မဲပြီး မြောက်ကိုရီးယားရဲ့ အချုပ်အခြာအာဏာကိုထိပါးဖို့ စစ်အင်အားသုံးလာမယ်ဆိုရင် မြောက်ကိုရီးယားအနေနဲ့ နျူကလီးယားလက်နက်တွေ အပါအဝင် ပိုင်ဆိုင်ထားတဲ့ လက်နက်အကုန်သုံးမယ် ” လို့ ကင်ဂျုံအန်က ပြောပါတယ်။
မြောက်ကိုရီးယားဟာ နျူကလီးယားနဲ့ ဒုံးကျည်အစီအစဉ်ကို ဆယ်စုနှစ်များစွာ လုပ်ဆောင်ခဲ့ပြီး နျူကလီးယားလက်နက် ဒါဇင်များစွာ ထုတ်လုပ်ရန် လုံလောက်တဲ့ ယူရေနီယံ ပမာဏရှိတယ်လို့ ယုံကြည်ရပြီး လက်ရှိချိန်ထိ မြေအောက်နျူကလီးယားစမ်းသပ်မှု ခြောက်ကြိမ်ပြုလုပ်ထားပါတယ်။
Ref:Reuters
Photo:Reuters
Related posts
-
စက်သုံးဆီ ဝယ်ယူခွင့် ကဒ်စနစ်လုပ်မယ့်အပေါ် ဝေဖန်မှုတွေရှိနေ
အောက်တိုဘာ ၄ – ၂၀၂၄ GG (VOM) စက်သုံးဆီကို ဝယ်ယူခွင့်ကဒ်နဲ့သာ ရောင်းချပေးဖို့အတွက်... -
MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးကို လေကြောင်းနဲ့ လေးကြိမ် ထပ်တိုက်
အောက်တိုဘာ ၄ -၂၀၂၄ Shy V VOM ရှမ်းပြည်နယ်မြောက်ပိုင်း၊ MNDAA နဲ့... -
This Day in History
Voice of Myanmarတရုတ်နိုင်ငံသည် ၎င်း၏ပထမဆုံးသော ဟိုက်ဒရိုဂျင်ဗုံးကို တရုတ်ပြည်မကြီး အနောက်ဘက်ဒေသတွင် စမ်းသပ်အောင်မြင်ခဲ့ကြောင်း ၁၉၆၉...