ဆူးငှက် ကောဇာ ၁၃၇၁၊ ခရစ် ၂၀၀၉ ——————————– ခရစ်နှစ် ၂၀၀၀ကာလက ကမ္ဘာနှင့် ချီ၍ Y2K ဟုဆိုကြ လှုပ်ရှားကြသော်လည်း ကျွန်တော်တို့ ခေတ်ဟောင်း မန္တလေးသားများကမူ နောက် ၉နှစ်နေလျှင် မန္တလေး မြို့တည်နန်းတည် အနှစ် ၁၅ဝ ပြည့်တော့မည် ဆိုတာပဲ သတိထားမိကြသည်။ အဘယ်ကြောင့်ဆိုသော် မန္တလေးသားတိုင်း လိုလိုက ‘အုတ်ကျစ်ကျော်အေး မန္တလေး’၊ ‘အောင်ကျော်ချမ်းအေး မန္တလေး၊ ‘အင်ကြင်းကြာအုံ ရတနာပုံ’ ဟူသော ဆိုရိုးစကားများကို မွေးကတည်းက နှုတ်တက် ရနေကြ၍ ဖြစ်သည်။ ကျောင်းနေစ အရွယ် အေ ဘီ၊ စီ ဒီ နှင့် ဝမ်း၊ တူး၊ သရီး၊ ဖိုး နှုတ်ဖျားရောက်တော့ ၊ ‘ဝမ်းတူးတူးဝမ်း’ လို့ လူကြီးတွေက သင်လည်း အဲဒါဘာလဲဟင်ဟ ုမေးလျှင်…
Read More