Voice of Myanmarဂျပန်ဧကရာဇ် အာကီဟီတိုသည် ခမည်းတော်ဖြစ်သူ ဟီရိုဟီတို ကွယ်လွန်ပြီးနောက် နှစ်နှစ်နီးပါးအကြာ ၁၉၉၀ ခုနှစ် နိုဝင်ဘာ ၁၃ ရက်တွင် တရားဝင် နန်းတက်ခဲ့သည်။
Read MoreDay: November 12, 2024
နစက ဥက္ကဋ္ဌ ရဲ့တရုတ်ပြည်ခရီးစဉ်က ဘာတွေအကျိုးသက်ရောက်မှုရှိစေခဲ့သလဲ
နိုဝင်ဘာ ၁၂ – ၂ဝ၂၄ KKO(VOM) တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ဖိတ်ကြားမှု အရ တရုတ်နိုင်ငံကို ချစ်ကြည်ရေးခရီးအဖြစ်သွားရောက်ခဲ့တဲ့နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အစိုးရအဖွဲ့ရဲ့တရုတ်ပြည်ခရီးစဉ်ဟာ နိုင်ငံတကာ မျက်နှာစာမှာ တရားဝင်မှု (Legitimacy)ကို ပြသလိုက်တာဖြစ်တယ်လို့ မြန်မာ့အရေးလေ့လာစောင့်ကြည့်သူတွေနဲ့ နိုင်ငံရေးလေ့လာသူတွေက ရှုမြင်သုံးသပ်ပါတယ်။ တရုတ်ပြည်ခရီးစဉ်အတွင်း နစက ဥက္ကဌ ကို တရုတ်နိုင်ငံဘက်က ကော်ဇောနီနဲ့ ခင်းကျင်းပြီးတခမ်းတနားကြိုဆိုခဲ့တာတွေ အာဆီယံနိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ တွေ့ ဆုံဆွေးနွေးခဲ့တာတွေဟာ အစိုးရတရပ်ရဲ့တရားဝင်မှု Legitimacy ဆိုတာကိုဘယ်လိုမှ ငြင်းလို့မရနိုင်တဲ့အချက် ဖြစ်လာခဲ့ပါတယ်။ တဆက်တည်းမှာပင် နစက ဥက္ကဋ္ဌအနေနဲ့ တရုတ်ပြည်ခရီးစဥ်အတွင်း အာဆီယံထိပ်သီးအစည်းအဝေးနဲ့ စီးပွားရေးဆိုင်ရာအစည်းအဝေးတွေကိုတက်ရောက်ခဲ့တာကိုကြည့်ခြင်းအားဖြင့်လည်း ဒါဟာ တရုတ်- မြန်မာနှစ်နိုင်ငံ အပါအဝင် အာဆီယံနိုင်ငံတွေနဲ့ ခေတ်သစ်ဆက်ဆံရေးကိုအစပျိုးလိုက်ခြင်းဖြစ်တယ်လို့ ဆိုရမှာပါ။ “ဒီခရီးစဉ်က ထူးခြားမှုတွေရှိနိုင်သလို တရုတ်-မြန်မာနှစ်နိုင်ငံဆက်ဆံရေးအတွက်လည်းကောင်းသောလက္ခဏာလို့ သုံးသပ်လို့ရပါတယ်။အကျိုးကျေးဇူး ရလဒ်ကောင်းတွေကို ဒီခရီးစဉ်ကနေရလာခဲ့တယ်။တရုတ်-မြန်မာဆက်ဆံရေးကို သုံးသပ်ရရင် ဒါက နှစ်နိုင်ငံလုံးက ခေတ်သစ်ဆက်ဆံရေးကိုအစပျိုးလိုက်ခြင်းဖြစ်ပါတယ်”လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ…
Read More