မန္တလေး၊ ဧပြီ – ၁၁- ၂၀၂၆ SA(VOM) မကြာခင် ကျရောက်မယ့် မြန်မာ့ရိုးရာအတာသင်္ကြန် အတွက် မန္တလေးမြို့က ရိုးရာယဥ်ကျေးမှုတွေနဲ့အညီ အောင်မြေသာစံမြို့နယ်မှာရှိတဲ့ မန္တလေးနန်းတော် ကျုံးနဘေးပတ်လည်မှာ လမ်းလျှောက်သင်္ကြန်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ဖို့ စီစဥ်နေတာကို တွေ့ရပါတယ်။ လာမယ့် ဧပြီ ၁၃ ရက်နေ့ညနေ ၅ နာရီမှာ ၂၆ လမ်း ၇၁ လမ်းနဲ့ ၇၂ လမ်းကြားမှာရှိတဲ့ မန္တလေးမြို့တော်ဝန်မဏ္ဍပ်မှာ ဖွင့်ပွဲအခမ်းအနားကို ခမ်းနားထည်ဝါစွာ ကျင်းပဖို့ စီစဥ်ထားတယ်ဆိုတဲ့အကြောင်းကိုလည်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင် က ပြောပါတယ်။ ၂၆ လမ်းနဲ့ ၆၆လမ်း ကိုတော့ မော်တော်ယာဥ်တွေကို လုံးဝပေးဝင်မှာ မဟုတ်ပဲ လမ်း ၈၀ နဲ့ ၁၂ လမ်းမှာ ဘေးတွေမှာ နေအိမ်တွေရှိတာကြောင့် ကျုံအတွင်းလမ်းကို အသုံးပြုခွင့်မပေးပေမယ့် အပြင်လမ်း ကိုတော့…
Read MoreDay: April 12, 2026
လွတ်ငြိမ်းအတွက် စဉ်းစားမယ်လို့ ပြောတာဟာ နိုင်ငံရေး အသွင်ကူးပြောင်းမှုနဲ့ တရားဝင်မှုရရှိဖို့ ကြိုးပမ်းချက်ဖြစ်နိုင်
ဧပြီ ၁၁ – ၂၀၂၆ SS (VOM) သမ္မတ ဦးမင်းအောင်လှိုင်ရဲ့ လွတ်ငြိမ်း ချမ်းသာခွင့်အတွက် စဉ်းစားပေးမယ်လို့ ပြောကြားချက်ဟာ နိုင်ငံရေး အသွင်ကူးပြောင်းမှုနဲ့ တရားဝင်မှုရရှိရန် ကြိုးပမ်းချက် ဖြစ်နိုင်တယ်လို့ မြန်မာ့နိုင်ငံရေး လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။ မနေ့ ဧပြီ ၁၀ ရက်၊ မနက်ပိုင်းမှာ နိုင်ငံတော်သမ္မတအဖြစ် ကတိသစ္စာပြုပြီးနောက် ပြည်ထောင်စုလွှတ်တော်မှာ ပထမဆုံး ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ လူမှုရေး၊ ပြန်လည်သင့်မြတ်ရေး၊ တရားမျှတမှုနဲ့ ငြိမ်းချမ်းရေးတို့ကို အထောက်အကူ ပြုစေရေးနဲ့ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိုက်သင့်တဲ့ ပြစ်ဒဏ် လွတ်ငြိမ်း ချမ်းသာခွင့်တို့ကို စဉ်းစား ဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့ သမ္မတက ထည့်သွင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ မြန်မာ့နိုင်ငံရေး လေ့လာ စောင့်ကြည့်သူ တယောက်က “မနေ့က သမ္မတပြောသွားတဲ့ မိန့်ခွန်းမှာ လွတ်ငြိမ်းနဲ့ပတ်သက်လို့ ထိုက်သင့်တဲ့လွတ်ငြိမ်း၊…
Read Moreဖားကန့်၊ မရှီကထောင်မှာ တိုက်ပွဲဖြစ်ပွားနေ
ဧပြီ ၁၁ – ၂၀၂၆ SN (VOM) ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မရှီကထောင်ရပ်ကွက်မှာ ဒီကနေ့ ဧပြီ ၁၁ ရက်၊ မနက်ပိုင်းကစပြီး တိုက်ပွဲ ဖြစ်ပွားလျက်ရှိကာ အစိုးရတပ်ဘက်က လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုတွေနဲ့ ဆက်တိုက် ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “တိုက်ပွဲက မရှီကထောင် ဆုတောင်းကုန်းဘက်မှာရော၊ အမှိုက်ပုံရွာဘက်မှာရော ဖြစ်နေတာ။ ဒီနေ့မနက် ၉ နာရီခွဲလောက်ကတည်းက လက်နက်ကြီး၊ လက်နက်ငယ်သံတွေ ဆက်တိုက် ကြားနေရတာ အခုအချိန်အထိပဲ။ နေ့လယ် ၂ နာရီလောက်ကျတော့ လေကြောင်းတိုက်ခိုက်မှု စပြီးဖြစ်တာ။ အခုညနေ ၅ နာရီထိုးခါနီးလောက်အထိကို လေကြောင်း သုံးကြိမ် ရှိနေပြီ” လို့ ဒေသခံတယောက်က ပြောပါတယ်။ အစိုးရတပ်တွေဟာ ဒီကနေ့ မနက်ပိုင်းမှာ မရှီကထောင်ရပ်ကွက်ကနေ ဆုတောင်းကုန်းဘက်ကို နယ်မြေရှင်းလင်းရေး လုပ်ဆောင်လာတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)…
Read Moreစက်သုံးဆီဈေးကြီးပြီး ရှားပေမယ့် ကမ်းခြေနဲ့ အပန်းဖြေနေရာတွေမှာ ဟိုတယ်ဘိုကင်ပြည့်နေ
ဧပြီ ၁၂ – ၂၀၂၆ SS (VOM) အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် လက်ရှိ မြန်မာနိုင်ငံအတွင်း စက်သုံးဆီဈေးနှုန်း မြင့်တက်ပြီး ဆီရှားပါးမှုတွေ ဖြစ်ပေါ်နေပေမယ့် ကမ်းခြေနဲ့ အပန်းဖြေနေရာတွေမှာ ဟိုတယ်ဘိုကင်တွေ ပြည့်နေပြီဖြစ်တယ်လို့ ဟိုတယ်လုပ်ငန်းရှင်တွေနဲ့ ခရီးသွား ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။ ပြည်တွင်းခရီးသွား အများအပြားဟာ လာမယ့် သင်္ကြန်ကာလ ပိတ်ရက်ရှည်တွေမှာ ချောင်းသာ၊ ငွေဆောင်၊ ပုဂံ၊ တောင်ကြီး အစရှိတဲ့ နေရာတွေဆီ သွားရောက် လည်ပတ်ကြဖို့ ရှိနေတယ်လို့ သိရပြီး ဟိုတယ်တွေမှာ ဧပြီလလယ်အထိ ဘိုကင်အပြည့်နီးပါး ရှိနေတယ်လို့ ခရီးသွား ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူတယောက်က ပြောပါတယ်။ “အစကတော့ ကျွန်တော်တို့ထင်တာပေါ့၊ စက်သုံးဆီ အခက်အခဲကြောင့် စရိတ်စကတွေ ပိုပြီးတက်လာတော့ ဒီနှစ် သင်္ကြန်ရုံးပိတ်ရက်ရှည်မှာ ပြည်တွင်းခရီးသွား လျော့သွားနိုင်မယ်လို့ ထင်ထားတာ။ ဒါပေမယ့်လည်း ခရီးသွား လျော့မသွားဘဲ…
Read Moreသူတို့အိမ် အခန်း (၉၀)
ဆူးငှက် မအောင်မြင်သော အကြံအစည် ———————————— ကျွန်တော်တို့ တက္ကသိုလ် စတက်သည့် နှစ်ကာလများသည် တိုင်းရေးပြည်ရာအနေနှင့် လှုပ်ခတ်သော ကာလများ ဖြစ်ခဲ့သည်။ အစစအရာရာ ကျပ်တည်းမှုများအပြင် နိုင်ငံရေးအရလည်း တောင်သူလယ်သမား အလုပ်သမား ကျောင်းသားနှင့် ပြည်သူအများစုက ဖိနှိပ်မှုများဖြင့်ရင်ဆိုင်နေကြရသည်။ ထို့ပြင် အာဏာရပါတီဖြစ်သော မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီနှင့် အစိုးရအဖွဲ့အတွင်းသာမက တပ်မတော် အတွင်း၌လည်း အာဏာရှင် လွှမ်းမိုးမှုများဖြင့် မတရား အရေးယူမှုများ ရှိလာသည်။ ထို့ကြောင့် ပါတီ၏ ထိပ်သီးခေါင်းဆောင်ပိုင်းကို လုပ်ကြံရန် ကြံစည်မှုတစ်ခုလည်း ပေါ်ပေါက်ခဲ့သည်။ ၁၉၇၆ မတ်လ ၆ ရက်တွင် တပ်မတော်သား အများစုက လေးစားကြည်ညိုကြသည့် ကာကွယ်ရေး ဦးစီးချုပ်နှင့် ကာကွယ်ရေး ဝန်ကြီး ဖြစ်သည့် ဒုတိယ ဗိုလ်ချုပ်ကြီးတင်ဦးကို တာဝန်မှ အနားပေးခဲ့ပြီးနောက် ရက်ပိုင်း အနည်းငယ်အတွင်း၌ ပါတီ ခေါင်းဆောင်ပိုင်းကို လုပ်ကြံရန်…
Read More