သတ်မှတ်စျေးနဲ့ရောင်းချတဲ့ ဆန်တွေထဲ အရည်အသွေးညံဆန်တွေ ရောနှောရောင်းချမှုရှိနေ

  ဇူလိုင်-၁ – ၂၀၂၄ GG (VOM) သတ်မှတ်ရည်ညွှန်ဈေးနူန်းနဲ့ရောင်းချပေးတဲ့ ဆန်တွေထဲမှာ ဆန်ဆိုင်နဲ့ဆန်ပွဲရုံအချို့က ထမင်းအဖြစ် ချက်ပြုတ်စားဖို့အတွက် အဆင့်မမှီတဲ့ အရည်အသွေးမကောင်းတဲ့ဆန်တွေကိုပါရောနှောရောင်းချပေး နေတယ်လို့ ဝယ်ယူစားသုံးသူတွေဆီကသိရပါတယ်။ ” ဆန်တပြည်ဝယ်တာ ၃၀၀၀ နဲ့ရောင်းတဲ့ဆန်ကဘာဆန်မှန်းကိုမသိဘူး။ ထုတ်ပြီးသားပေးတာ။ ဆန်တပြည်၃၀၀၀ ဆိုပြီးဆိုင်းဘုတ်တပ်ပြီးသာရောင်းတာ အလှူလုပ်သလိုလိုနဲ့ ပြည်သူကိုဂျင်းထည့်နေတာ။ဝယ်လာတဲ့ဆန်တပြည်ကို ပထမသုံးလုံးချက်တယ်။လွှင့်ပစ်ရတယ်။နောက်သုံးလုံးထပ်ချက်တော့လည်း ပျော့စိစိကြီး ။ ဆန်အရောင်ကလည်း မီးခိုးရောင်ကြီး ” လို့ ပဲခူးအနောက်ခြမ်း စားသုံးသူ တယောက်က ပြောပြပါတယ်။ ဆန်ရည်ညွှန်းဈေးနဲ့ ရောင်းချပေးတဲ့ဆန်တွေထဲမှာ အရည်အသွေးမကောင်းတဲ့ ဆန်တွေအပြင် အဝါဖောက်ဆန်တွေကိုပါရောနှောရောင်းချပေးနေကြတာဖြစ်တယ်လို့ စားသုံးသူတွေဆီက သိရပါတယ်။ သတ်မှတ် ဆန်ရည်ညွှန်းဈေးဧည့်မထ ဆန်တပြည် ၃၀၀၀ ၊ ပေါ်ဆန်းတပြည် ၅၀၀၀ နဲ့ရောင်းချပေးနေတဲ့ ဆန်စက်၊ဆန်ပွဲရုံ၊ဆန်ဆိုင်အများစုက ဆန်သီးသန့်ထားကာ ထုတ္ပိုးထားတာကို ရောင်းချပေးတာဖြစ်ပြီး ဆန်ကြမ်းအုပ်စုဝင်ဆန်တိုင်း၊ရွှေဘိုပေါ်ဆန်းအားလုံးကို ရောင်းချပေးတာမဟုတ်ဘူးလို့လည်းသိရပါတယ်။ ” အခု ကုမ္ပဏီ တံဆိပ်နဲ့ရွှေဘိုပေါ်ဆန်းထူးရှယ်တွေက…

Read More

မိုးကုတ်မှာ ကုန်ဈေးနှုန်းတွေ အဆမတန် ဈေးတက်လာပြီး ကုန်စည်တွေပါ ပြတ်လပ်လာ

  ဇူလိုင် ၁၊ ၂၀၂၄ Shy V(VOM) မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ ဒီရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားတာကြောင့် ကုန်ဈေးနှုန်းတွေ အဆမတန် ဈေးတက်လာပြီး ကုန်စည်တွေပါ ပြတ်လပ်လာနေတယ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “မိုးကုတ်မှာ ကြက်ဥ တလုံး ၁၀၀၀ ထိ ဈေးတက်လာတယ်။ စက်သုံးဆီတွေလည်း ပြတ်လပ်တာတွေ ရှိတယ်ရှင့်” လို့ ဒေသခံ တယောက်က ပြောပါတယ်။ ခရမ်းသီး တလုံး ၂၀၀၀ ကျပ်၊ ခရမ်းချဥ်သီး တပိသဿာ ၁၆၀၀၀ ကျပ်၊ ကြက်ဥ တလုံး ၁၀၀၀ ကျပ်၊ ချဥ်စပ်ေခါက်ဆွဲ တထုပ် ၁၀၀၀ ကျပ် အဲဒီလိုတွေရောင်း နေပြီလို့ သူက ပြောပါတယ်။ တိုက်က်ပွဲကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသွားပြီး ကုန်စည် ပြတ်တောက်မှုတွေ ဖြစ်လာသလို ဖုန်းလိုင်းတွေပါ ပြတ်တောက်ကုန်တယ်လို့ ဆိုပါတယ်။ ဒါအပြင်…

Read More

မတ္တရာမှာ တိုက်ပွဲတွေပြင်းထန်နေပြီး ရွာလုံးကျွတ် တိမ်းရှောင်နေရတာတွေ ရှိနေ

  ဇူလိုင် ၁ – ၂၀၂၄ SN (VOM) မန္တလေးတိုင်း၊ မတ္တရာမြို့မှာ တိုက်ပွဲတွေ ပြင်းထန်နေလို့ ကျေးရွာနေပြည်သူတွေ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြရတာတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မန္တလေး-မိုးကုတ် ကားလမ်းပေါ်မှာရှိတဲ့ နစကပိုင် Alpha ဘိလပ်မြေစက်ရုံအနီးမှာ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ဦးဆောင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းအဖွဲ့တွေနဲ့ နစကတပ်တို့ ပြီးခဲ့တဲ့ ဇွန် ၂၇ ရက်နေ့ကစပြီး တိုက်ပွဲတွေပြင်းထန်နေတာလို့ ဒေသခံတွေက ပြောပါတယ်။ “ငါးရက်လောက် ရှိနေပြီ။ ရွာထဲကို လက်နက်ကြီးတွေနဲ့ ပစ်နေလို့ ဘယ်သူမှ မနေရဲကြဘူး။ အကုန် ထွက်ပြေးနေရတယ်” လို့ မတ္တရာမြို့နယ်၊ အောင်သပြေရွာမှ စစ်ဘေးရှောင်တယောက်က ပြောပါတယ်။ မနေ့ ဇွန် ၃၀ ရက်ကလည်း အောင်သပြေကျေးရွာအတွင်း လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့တာကြောင့် ပြည်သူတွေ ထိခိုက်မှု…

Read More

သတ်မှတ်စျေးနဲ့ရောင်းချတဲ့ ဆန်တွေထဲ အရည်အသွေးညံဆန်တွေ ရောနှောရောင်းချမှုရှိနေ

  ဇူလိုင်-၁ – ၂၀၂၄ GG (VOM) သတ်မှတ်ရည်ညွှန်ဈေးနူန်းနဲ့ရောင်းချပေးတဲ့ ဆန်တွေထဲမှာ ဆန်ဆိုင်နဲ့ဆန်ပွဲရုံအချို့က ထမင်းအဖြစ် ချက်ပြုတ်စားဖို့အတွက် အဆင့်မမှီတဲ့ အရည်အသွေးမကောင်းတဲ့ဆန်တွေကိုပါရောနှောရောင်းချပေး နေတယ်လို့ ဝယ်ယူစားသုံးသူတွေဆီကသိရပါတယ်။ ” ဆန်တပြည်ဝယ်တာ ၃၀၀၀ နဲ့ရောင်းတဲ့ဆန်ကဘာဆန်မှန်းကိုမသိဘူး။ ထုတ်ပြီးသားပေးတာ။ ဆန်တပြည်၃၀၀၀ ဆိုပြီးဆိုင်းဘုတ်တပ်ပြီးသာရောင်းတာ အလှူလုပ်သလိုလိုနဲ့ ပြည်သူကိုဂျင်းထည့်နေတာ။ဝယ်လာတဲ့ဆန်တပြည်ကို ပထမသုံးလုံးချက်တယ်။လွှင့်ပစ်ရတယ်။နောက်သုံးလုံးထပ်ချက်တော့လည်း ပျော့စိစိကြီး ။ ဆန်အရောင်ကလည်း မီးခိုးရောင်ကြီး ” လို့ ပဲခူးအနောက်ခြမ်း စားသုံးသူ တယောက်က ပြောပြပါတယ်။ ဆန်ရည်ညွှန်းဈေးနဲ့ ရောင်းချပေးတဲ့ဆန်တွေထဲမှာ အရည်အသွေးမကောင်းတဲ့ ဆန်တွေအပြင် အဝါဖောက်ဆန်တွေကိုပါရောနှောရောင်းချပေးနေကြတာဖြစ်တယ်လို့ စားသုံးသူတွေဆီက သိရပါတယ်။ သတ်မှတ် ဆန်ရည်ညွှန်းဈေးဧည့်မထ ဆန်တပြည် ၃၀၀၀ ၊ ပေါ်ဆန်းတပြည် ၅၀၀၀ နဲ့ရောင်းချပေးနေတဲ့ ဆန်စက်၊ဆန်ပွဲရုံ၊ဆန်ဆိုင်အများစုက ဆန်သီးသန့်ထားကာ ထုတ္ပိုးထားတာကို ရောင်းချပေးတာဖြစ်ပြီး ဆန်ကြမ်းအုပ်စုဝင်ဆန်တိုင်း၊ရွှေဘိုပေါ်ဆန်းအားလုံးကို ရောင်းချပေးတာမဟုတ်ဘူးလို့လည်းသိရပါတယ်။ ” အခု ကုမ္ပဏီ တံဆိပ်နဲ့ရွှေဘိုပေါ်ဆန်းထူးရှယ်တွေက…

Read More

မိုးကုတ်တိုက်ပွဲကြောင့် မန္တလေးဘက်စစ်ရှောင်လာသူထဲက ခြောက်ယောက် လက်နက်ထိမှန်ဒဏ်ရာရ

  ဇွန် ၃၀ – ၂၀၂၄ GG (VOM ) မိုးကုတ်မြို့အရှေ့ပိုင်းနဲ့အနောက်ပိုင်းမှာပါတိုက်ပွဲတွေဖြစ်ပွားလာတာကြောင့် စစ်ရှောင်ဖို့ထွက်လာတဲ့ ကားတစီးနဲ့ ဆိုင်ကယ်စီးနင်းသူအချို့ လက်နက်ကျည်ထိမိကာ ခြောက်ယောက် ထိခိုက်ဒဏ်ရာရရှိလို့ ဆေးကုသမှုခံယူနေရတယ်လို့သိရပါတယ်။ ” ဒီနေ့ကစစ်ရှောင်ဖို့ဆိုပြီးကားတွေရာနဲ့ချီထွက်ကြတဲ့အထဲမှာ ကားတစီးပစ်ခံရတာပါ၊ ကားတစီးထိတာမှာ အမေဖြစ်သူက ခြေသလုံးထိမှန်ပြီးမစိုးရိမ်ရပေမယ့် ကောင်မလေးက ခါးကိုဖောက်ထွက်လို့စိုးရိမ်ရတယ်ကြားတယ်၊ အခုဇရပ်ကွင်းဆေးရုံမှာကုသမှုခံယူနေတယ်၊အဲ့ဒီကားနောက်မှာပါလာတဲ့ဆိုင်ကယ်လည်းပစ်ခံရပြီးလေယာက်ထိတယ်သိရတယ်၊အခုအခြေအနေက စစ်ရှောင်ကားတွေ ထွက်ခွင့်ရတဲ့ကားရှိသလိုခုထိပိတ်မိနေတဲ့ကားတွေလည်းရှိကြတယ်၊ပြန်လှည့်ရတာတွေလည်းရှိတယ်၊အခြေအနေက မတည်ငြိမ်ဘူး ” လို့ အနောက်ပိုင်းဒေသခံတယောက်ကပြောပါတယ်။ မိုးကုတ်မြို့အနောက်ပိုင်းအပြင်မနေ့ကစပြီး မိုးကုတ်မြို့ အရှေ့ပိုင်းမှာပါ TNLA ၊ PDF ပူးပေါင်းတပ်နဲ့ နစကတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားလာပြီး လေကြောင်းပစ်ခတ်မှု၊ဒရုန်းတိုက်ခိုက်မှု၊လက်နက်ကြီးပစ်ခတ်မှုတွေ ရှိတာကြောင့် မြို့ခံတွေက ဒီနေ့ ဇွန်လ ၃၀ ရက်မှာ မြို့ကိုစွန့်ပြီး စစ်ရှောင်ဖို့ ကြိုးစားလာကြတာဖြစ်တယ်လို့သိရပါတယ်။ ဒီနေ့မှာမိုးကုတ်မြို့ကနေ စစ်ရှောင်ဖို့အတွက် ထွက်လာတဲ့ ကားအစီးရေရာနဲ့ချီရှိပြီး မနက်အစောပိုင်း ကားအချို့သာ မိုးကုတ်ကနေထွက်ခွင့်ရပြီး ရာနဲ့ချီတဲ့ ကားအစီးရေကတော့ခုချိန်ထိ အနောက်ပိုင်း…

Read More

မတ္တရာမြို့နယ်မှာ နယ်မြေမအေးချမ်းပေမယ့် တောင်ပြုံးပွဲတော်ကို လုံခြုံရေးအပြည့်နဲ့ ကျင်းပသွားမယ်

  မန္တလေး၊ ဇွန်- ၃၀- ၂၀၂၄ SA(VOM) မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တကျောမှာ နယ်မြေ အခြေအနေတွေ မတည်ငြိမ်ပေမယ့် တောင်ပြုံးကြီးကျေးရွာက အနော်ရထာမင်းတည်ထားကိုယ်းကွယ်ခဲ့တဲ့ ဆုတောင်းပြည့် ဆုတောင်းရစေတီဘုရားပွဲတော်နဲ့တောင်ပြုံးမင်းနှစ်ပါးပူဇော်ပွဲကို ဝါခေါင်လဆန်း ၈ ရက်နေ့ကစတင်ပြီး လုံခြုံရေးအပြည့်နဲ့ ကျင်းပသွားမယ်လို့ ပွဲတော်ဖြစ်မြောက်ရေး ကော်မတီကနေ သိရပါတယ်။ ” ဆိုင်ခန်းတချို့တောင် နေရာယူထားတာတွေ လုပ်နေကြပါပြီ၊ ကိုဗစ်ကာလတွေမှာလည်း ပွဲတော်ကို အကျဥ်းရုံးပြီး ကျင်ပခဲ့တော့ ၂၀၂၃ ခုနှစ် ပွဲတော်ကို ပြန်လည်ကျင်းပတဲ့နှစ်မှာလည်း လူစည်ကားခဲ့ပါတယ်။ တောင်ပြုံးနယ်မြေတဝိုက်မှာတော့ နယ်မြေအေးချမ်းပါတယ်။ လက်ရှိတိုက်ပွဲဖြစ်နေတာတွေက မတ္တရာမြို့နဲ့ မြောက်ဘက်ခြမ်းက ရွာတွေမှာပဲ ဖြစ်နေတာပါ၊ လုံခြုံးရေး အတွင်းစည်း၊ အပြင်စည်း နှစ်ထပ်ချပြီး ပွဲတော်ကို ကျင်းပသွားမှာပါ” လို့ တောင်ပြုံးကြီးကျေးရွာ ပွဲတော်ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဌေးအောင်က VOM ကိုပြောပါတယ်။ တောင်ပြုံးနယ်တဝိုက်မှာရှိတဲ့ ကျေးရွာ ၈ ရွာက…

Read More

ရခိုင်ပြည်နယ်မှာ ကျန်းမာရေး စောင့်ရှောက်မှုစနစ် ပိုမိုယိုယွင်းလာ

  ဇွန် ၃၀- ၂၀၂၄ SN (VOM) ရခိုင်ပြည်နယ် (မြောက်ပိုင်း) က မြို့ သုံးမြို့မှာ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေ ရပ်ဆိုင်းလိုက်တဲ့အတွက် ဒေသခံတွေအနေနဲ့ အခက်တွေ့နေရပြီး ပိုမိုယိုယွင်းလာတယ်လို့ ပြောဆိုကြပါတယ်။ နယ်စည်းမထားဆရာဝန်များအဖွဲ့ (MSF) အနေနဲ့ မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင် မြို့တို့မှာ ကျန်းမာရေးစောင့်ရှောင့်မှုတွေ ရပ်ဆိုင်းလိုက်တာဖြစ်ပြီး ပဋိပက္ခတွေ ပိုမိုပြင်းထန်လာခြင်း၊ အရပ်သားတွေကို ထိခိုက်စေတဲ့ အကြမ်းဖက်မှုတွေနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းတွေ လုပ်ဆောင်ဖို့ ကန့်သတ်ချက် များစွာ ရှိနေခြင်းတို့ကြောင့် ရပ်တန့်လိုက်ရတာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ အခုလို MSF ရဲ့ ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းတွေ ရပ်ဆိုင်းသွားခြင်းနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် (မြောက်ပိုင်း) ရှိ ဒေသခံတယောက်က “ကျန်းမာရေး စောင့်ရှောက်မှုက ဒီလို ပဋိပက္ခတွေ၊ တိုက်ပွဲတွေ ပြင်းထန်နေတဲ့အချိန်မှာ ပိုပြီး…

Read More

ရန်ကုန်က မြို့နယ်တချို့ ဓာတ်အား ပြတ်တောက်မှုတွေ ဖြစ်ပေါ်

  ဇွန် ၂၉ – ၂၀၂၄ SN (VOM) လက်ရှိမှာ ရန်ကုန်က မြို့နယ်တချို့မှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေ ဖြစ်ပေါ်နေတယ်လို့ မြို့နေပြည်သူတွေက ပြောပါတယ်။ ဒါနဲ့ ပတ်သက်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC) ကတော့ တနိုင်ငံလုံး ဓာတ်အားစနစ်ချို့ယွင်းမှု (System Breakdown) ဖြစ်ပွားခဲ့တာကြောင့် ဓာတ်အား ပြတ်တောက်မှုတွေ ရှိနိုင်တယ်လို့ မနေ့ ဇွန် ၂၈ ရက်က အသိပေး ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၂၆ ရက်နေ့၊ ၇ နာရီ ၅၄ မိနစ်အချိန်ခန့်မှာ နိုင်ငံတော် ဓာတ်အားစနစ်အတွင်း 230kV မန်စံ – ရွှေစာရံလိုင်း အမြဲတမ်းအပြစ် (Permanent. fault) ဖြစ်ခဲ့တာကြောင့် တနိုင်ငံလုံး ဓာတ်အားစနစ်ချို့ယွင်းမှု ဖြစ်နေတာလို့ YESC က ထုတ်ပြန်ထားပြီး ဖြစ်ခဲ့တဲ့…

Read More

ကျောက်မဲမှာ လက်နက်ကြီးကျလို့ မိသားစုတစုက ငါးယောက်သေပြီး လေးယောက်ဒဏ်ရာရ

  ဇွန် ၂၉၊ ၂၀၂၄ Shy V (VOM) ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲမြို့၊ ၁ ကွက်၊ အုတ်ကျင်းရပ်မှာ ဇွန်လ ၂၈ ရက်နေ့ လက်နက်ကြီးကျလို့ မိသားစုလိုက် ထိခိုက်ဒဏ်ရာရ၊ သေဆုံးမှုရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “အိမ်နားလေးက အသိတွေပါ။ အိမ်ရှေ့မှာ မိသားစုနဲ့ အမျိုးတွေ စကားထိုင်ပြောနေကြတုန်း လက်နက်ကြီး ကျလာတာပါ။ ယူကြုံး မရဖြစ်ရပါတယ်။” လို့ ဒေသခံ တယောက်က ပြောပါတယ်။ ကလေးလေးတွေပါ ပါနေပြီး အသက်ရှင်နေသေးတဲ့ သူတွေကိုတော့ တတ်နိုင်သလောက် ချိတ်ဆက်ပြီး ဆေးကုရမယ့် နေရာပို့ခဲ့ ကြောင်း ကူညီပေးခဲ့သူ တယောက်က ပြောပါတယ်။ အမျိုးသား တယောက် နဲ့ အမျိုးသမီး လေးယောက်သေဆုံးပြီး တခြား လေးယောက်ခန့်လည်း ထိခိုက် ဒဏ်ရာရခဲ့တဲ့အပြင် ကျောက်မဲမြို့ ၈ ကွက်၊…

Read More

ဆန်စျေးကွက်ထိန်းချုပ်မှု ဆန်စျေးကမကျဘဲ စပါးစျေးထိုးကျလို့တောင်သူတွေ ဒုက္ခရောက်

  ဇွန် ၂၈ – ၂၀၂၄ GG (VOM) ဆန်စျေးနူန်းကျဆင်းအောင်နဲ့တည်ငြိမ်အောင်ဆိုပြီး ဆန်စပါးကုန်သည်တွေကိုအရေးယူတဲ့အပြင် ဆန်ရည်ညွှန်းစျေးပါသတ်မှတ်လိုက်တာကြောင့် ပြည်တွင်း စပါးစျေးကွက်မှာ တင်းတရာကို ၄ သိန်းလောက် အထိစျေးကျဆင်းနေတဲ့အပြင် အရောင်းအဝယ်လည်းအေးသွားတယ်လို့သိရပါတယ်။ ဆန်ပွဲရုံတွေ၊ကုန်သည်တွေဘက်က ဆန်ဝယ်ယူမှု လျော့ကျလာတဲ့အပြင် သက်ဆိုင်ရာတာဝန်ရှိသူတွေကလည်း စောင့်ကြည့်နေတာကြောင့် စပါးကုန်သည်၊ဆန်စက်တွေက စပါးကိုအရင်ကထက် ၃ သိန်းကနေ ၄ သိန်းလောက်အထိစျေးချဝယ်ယူနေကြလို့ တောင်သူတွေ ဒုက္ခရောက်နေကြတယ်လို့သိရပါတယ်။ စပါးစျေးကွက် ထိုးကျဆင်းသွားတဲ့အပြင် အရောင်းအဝယ်လည်းအေးသွားတယ်လို့သိရပါတယ်။ ” သူတို့ကစောင့်ကြည့်နေတာ။ဒီတော့စပါးကိုအမြင့်စျေးနဲ့မဝယ်နိုင်ဘူး။အမြင့်စျေးဝယ်ပြီး သတ်မှတ်စျေးရောင်းရရင် ရှုံးမှာဆိုတော့ စျေးကိုချဝယ်ရတာ။ဒါတောင်ဝယ်သူသိပ်မရှိဘူး၊အဝယ်အေးတယ်။စပါးတွေက ဆန်စက်မှာပုံနေတယ်။စပါးစျေးကွက်ကလတ်တလောတော့ မတက်နိုင်ဘူး၊အခြေအနေစောင့်ကြည့်ရမယ့်သဘောရှိတယ် ” လို့ပဲခူးတိုင်း ဆန်စက်ပိုင်ရှင်တယောက်က ပြောပါတယ်။ အရင်က စပါးစျေးကွက်မှာ နွေစပါးဆိုရင် ပေါင်၅၀ ရှိတင်း တရာကို ၁၆၅၀၀၀၀ ကျပ်အထိစျေးရှိခဲ့ပေမယ့် လက်ရှိမှာက ၁၃၅၀၀၀၀ ကျပ်သာရှိကာ မိုးစပါးအဟောင်းစျေးကလည်း တင်းတရာကို အနိမ့်ဆုံး ၂၃၀၀၀၀၀ ရှိခဲ့ရာကနေ…

Read More
VOM News

FREE
VIEW