နယူးယောက်၊စက်တင်ဘာ-၂၇-၂၀၁၉
မျိုးဆက်(VOM)
ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့အင်စတာဂရမ်မှာလိုက်ခ်အရေအတွက်ကိုသုံးစွဲသူတွေမမြင်အောင်ဖျောက်လိုက်ပြီးနောက်ဖေ့စ်ဘွတ်ခ်ကလည်းသြစတြေးလျနိုင်ငံမှာ ပို့စ်တွေရဲ့Like အရေအတွက်ကိုမမြင်အောင်ဖျောက်ထားတဲ့လုပ်ဆောင်ချက်ကိုစမ်းသပ်နေပါတယ်။
ဒီစမ်းသပ်မှုကြောင့်စက်တင်ဘာ၂၈ရက်ကပြီး သြစတြေးလျရှိဖေ့စ်ဘွတ်ခ်သုံးစွဲသူအချို့ဟာအခြားသူတစ်ဦးတင်ထားတဲ့ပို့စ်တွေရဲ့Like အရေအတွက်သို့မဟုတ်Reaction ကိုမြင်ရတော့မှာမဟုတ်ပါဘူး။
ဇူလိုင်လကတည်းကဖေ့စ်ဘွတ်ခ်ကပိုင်ဆိုင်တဲ့ အင်စတာဂရမ်မှာLike အရေအတွက်ကိုမမြင်အောင်ဖျောက်တဲ့လုပ်ဆောင်ချက်ကိုနိုင်ငံအချို့မှာစမ်းသပ်ပြီးနောက်ဖေ့စ်ဘွတ်ခ်ကလည်းအငြင်းပွားဖွယ်ရာLike ဖျောက်တဲ့လုပ်ဆောင်ချက်ကိုစမ်းသပ်နေတာဖြစ်ပါတယ်။
ဖေ့စ်ဘွတ်ခ်မှာတင်ထားတဲ့ပို့စ်တွေရဲ့Like အရေအတွက်ကိုဖျောက်ဖို့လုပ်ဆောင်မှုဟာသုံးစွဲသူတွေအကြားလူမှုဆိုင်ရာဖိအားတွေလျော့ကျစေဖို့အားထုတ်မှုတစ်ရပ်ဖြစ်တယ်လို့ဖေ့စ်ဘွတ်ခ်ကုမ္ပဏီကပြောပါတယ်။
တင်ထားတဲ့ပို့စ်တွေရဲ့Like အရေအတွက်ကိုအခြားအသုံးပြုသူတွေမမြင်ရပေမယ့်လည်းပို့စ်တင်သူကတော့မိမိပို့စ်ရှိလိုက်ခ်အရေအတွက်ကိုမြင်နိုင်မှာဖြစ်တယ်လို့ဖေ့စ်ဘွတ်ခ်ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
Ref : BBC
Photo : Getty Images
#voiceofmyanmar #facebook #like