ပိုက်ဆံတောင်းတဲ့ မီဒီယာတွေကို သတိပေးစာထုတ်ပြန်မယ်

ရန်ကုန်၊ ဇန်နဝါရီလ ၁၀-၂၀၂၀
အောင်ထူးနိုင်(VOM)

သတင်းကိစ္စရပ်တွေကိုအကြောင်းပြပြီး ပိုက်ဆံတောင်းနေတဲ့မီဒီယာတွေကို သတိပေးစာထုတ်ပြန်သွားမယ်လို့ ဒီကနေ့နေ့လည်က မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီရဲ့ လစဉ်ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ကောင်စီရဲ့တာဝန်ရှိသူတွေက ပြောခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ၂၀၂၀ ရွေးကောက်ပွဲ သတင်းရယူခွင့်ဆိုင်ရာသင်တန်းတွေ၊ သတင်းမီဒီယာသမားတွေအတွက် မီဒီယာဥပဒေနဲ့အညီ သတင်းရေးသားခြင်းဆိုင်ရာသင်တန်းတွေ၊ အငြင်းပွားမှုနဲ့ တိုင်ကြားမှုများ ဖြေရှင်းရေးကော်မတီရဲ့ ဒီဇင်ဘာလအတွင်း ဖြေရှင်းဆောင်ရွက်နေတဲ့ တိုင်ကြားမှုဆိုင်ရာတွေအပြင် သတင်းသမားအချို့ သတင်းရယူရာမှာ ငွေကြေးတောင်းခံ နေတာတဲ့အတွက် သတိပေးချက် ထုတ်ပြန်သွားမယ်ဆိုတာတွေကို မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီတာဝန်ရှိသူတွေက ရှင်းလင်းပြောကြားခဲ့တာဖြစ်ပါတယ်။

#VOM #voiceofmyanmar #သတင်းမီဒီယာကောင်စီ #သတင်းစာရှင်းလင်းပွဲ

Zawgyi

ပိုက္ဆံေတာင္းတဲ့ မီဒီယာေတြကို သတိေပးစာထုတ္ျပန္မယ္

ရန္ကုန္၊ ဇန္နဝါရီလ ၁၀-၂၀၂၀
ေအာင္ထူးႏိုင္(VOM)

သတင္းကိစၥရပ္ေတြကိုအေၾကာင္းျပၿပီး ပိုက္ဆံေတာင္းေနတဲ့မီဒီယာေတြကို သတိေပးစာထုတ္ျပန္သြားမယ္လို႔ ဒီကေန႔ေန႔လည္က ျမန္မာႏိုင္ငံသတင္းမီဒီယာေကာင္စီရဲ႕ လစဥ္ပုံမွန္သတင္းစာရွင္းလင္းပြဲမွာ ေကာင္စီရဲ႕တာဝန္ရွိသူေတြက ေျပာခဲ့တာျဖစ္ပါတယ္။

ဒါ့အျပင္ ၂၀၂၀ ေ႐ြးေကာက္ပြဲ သတင္းရယူခြင့္ဆိုင္ရာသင္တန္းေတြ၊ သတင္းမီဒီယာသမားေတြအတြက္ မီဒီယာဥပေဒနဲ႔အညီ သတင္းေရးသားျခင္းဆိုင္ရာသင္တန္းေတြ၊ အျငင္းပြားမႈနဲ႔ တိုင္ၾကားမႈမ်ား ေျဖရွင္းေရးေကာ္မတီရဲ႕ ဒီဇင္ဘာလအတြင္း ေျဖရွင္းေဆာင္႐ြက္ေနတဲ့ တိုင္ၾကားမႈဆိုင္ရာေတြအျပင္ သတင္းသမားအခ်ိဳ႕ သတင္းရယူရာမွာ ေငြေၾကးေတာင္းခံ ေနတာတဲ့အတြက္ သတိေပးခ်က္ ထုတ္ျပန္သြားမယ္ဆိုတာေတြကို ျမန္မာႏိုင္ငံသတင္းမီဒီယာေကာင္စီတာဝန္ရွိသူေတြက ရွင္းလင္းေျပာၾကားခဲ့တာျဖစ္ပါတယ္။

#VOM #voiceofmyanmar #သတင္းမီဒီယာေကာင္စီ #သတင္းစာရွင္းလင္းပြဲ

Related posts

✕
VOM News

FREE
VIEW