ထိုင်းအစိုးရနှုတ်ထွက်ရေး ကျောင်းသားတွေဦးဆောင်ပြီး ဆန္ဒပြ

ထိုင်းအစိုးရနှုတ်ထွက်ရေး ကျောင်းသားတွေဦးဆောင်ပြီး ဆန္ဒပြ

ဘန်ကောက်၊ ဇူလိုင်-၁၉-၂၀၂၀
မျိုးဆက် (VOM)

ထိုင်းနိုင်ငံမှာ ၂၀၁၄ခုနှစ် စစ်အာဏာသိမ်းပြီးကတည်းက လမ်းပေါ်ထွက်ဆန္ဒပြတာတွေ ပိတ်ပင်ထားတာကိုချိုးဖောက်ပြီး ထိုင်းအစိုးရနှုတ်ထွက်ပေးရေးနဲ့ ပါလီမန်ကိုဖျက်သိမ်းပေးရေးတို့အတွက် ဇူလိုင် ၁၈ ရက်မှာ ကျောင်းသားတွေဦးဆောင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြသူတွေဟာ ပါလီမန်ဖျက်သိမ်းရေး၊ အစိုးရဝေဖန်သူတွေကို နှိပ်ကွပ်မှုတွေအဆုံးသတ်ရေးနဲ့ ယမန်နှစ်ကရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာရဲ့ပါတီ အနိုင်သေချာစေခဲ့တယ်လို့ ဝေဖန်သူတွေကပြောဆိုတဲ့ စစ်တပ်ရေးဆွဲတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးတို့ကို တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ကတော့ ဆန္ဒပြသူတွေအနားမှာ အသင့်အနေအထားရှိနေပြီး ဆန္ဒပြပွဲကို တားမြစ်တာမျိုးမရှိပါဘူး။ ဆန္ဒပြပွဲကို ကျောင်းသားအဖွဲ့တွေက ဦးဆောင်ခဲ့တာဖြစ်ပေမယ့် ညနေပိုင်းမှာတော့ လူရာပေါင်းများစွာ လာရောက်ပူးပေါင်းခဲ့ကြတာကြောင့် ၂၅၀၀ ဦးထိရှိတယ်လို့ ဦးဆောင်သူတွေကပြောပါတယ်။

ဆန္ဒပြသူတွေဟာ ညနက်ပိုင်းမှာ ရုပ်သိမ်းသွားကြပေမယ့်လည်း သူတို့ရဲ့ တောင်းဆိုချက်တွေကို မလိုက်လျောရင် နှစ်ပတ်အတွင်း လမ်းပေါ်ထွက်ဆန္ဒပြဦးမယ်လို့ ပြောဆိုခဲ့ကြပါတယ်။

မကြာသေးမီ လပိုင်းတွေအတွင်း ဝန်ကြီးချုပ်ချန်အိုချာအပေါ် အများပြည်သူတွေရဲ့ ဆန့်ကျင်ဝေဖန်မှုတွေ တိုးမြင့်လာနေပါတယ်။ ပါတီတွင်းအငြင်းပွားဖွယ်ကိစ္စတွေကြောင့် ထိုင်းစီးပွားရေးမူဝါဒကို ဦးဆောင်နေတဲ့ အစိုးရအဖွဲ့ဝန်ကြီးလေးဦးဟာ ဇူလိုင် ၁၆ ရက်နေ့က နှုတ်ထွက်ခဲ့ကြတာဖြစ်ပါတယ်။

Ref : Reuters
Photo: Reuters
#voiceofmyanmar #VOM #ဘန်ကောက်

Zawgyi

ထိုင္းအစိုးရနႈတ္ထြက္ေရး ေက်ာင္းသားေတြဦးေဆာင္ျပီး ဆႏၵျပ

ဘန္ေကာက္၊ ဇူလိုင္-၁၉-၂၀၂၀
မ်ိဳးဆက္ (VOM)

ထိုင္းနိုင္ငံမွာ ၂၀၁၄ခုနွစ္ စစ္အာဏာသိမ္းျပီးကတည္းက လမ္းေပၚထြက္ဆႏၵျပတာေတြ ပိတ္ပင္ထားတာကိုခ်ိဳးေဖာက္ျပီး ထိုင္းအစိုးရနႈတ္ထြက္ေပးေရးနဲ႔ ပါလီမန္ကိုဖ်က္သိမ္းေပးေရးတို႔အတြက္ ဇူလိုင္ ၁၈ ရက္မွာ ေက်ာင္းသားေတြဦးေဆာင္ျပီး ဆႏၵျပခဲ႔ၾကပါတယ္။

ဆႏၵျပသူေတြဟာ ပါလီမန္ဖ်က္သိမ္းေရး၊ အစိုးရေ၀ဖန္သူေတြကို နွိပ္ကြပ္မႈေတြအဆံုးသတ္ေရးနဲ႔ ယမန္နွစ္ကေရြးေကာက္ပြဲမွာ ၀န္ၾကီးခ်ဳပ္ ပရာယြတ္ခ်န္အိုခ်ာရဲ႕ပါတီ အနိုင္ေသခ်ာေစခဲ႔တယ္လို႔ ေ၀ဖန္သူေတြကေျပာဆိုတဲ႔ စစ္တပ္ေရးဆြဲတဲ႔ ဖြဲ႔စည္းပံုျပင္ဆင္ေရးတို႔ကို ေတာင္းဆိုခဲ႔ၾကတာျဖစ္ပါတယ္။

ရဲတပ္ဖြဲ႔ကေတာ႔ ဆႏၵျပသူေတြအနားမွာ အသင္႔အေနအထားရိွေနျပီး ဆႏၵျပပြဲကို တားျမစ္တာမ်ိဳးမရိွပါဘူး။ ဆႏၵျပပြဲကို ေက်ာင္းသားအဖြဲ႔ေတြက ဦးေဆာင္ခဲ႔တာျဖစ္ေပမယ္႔ ညေနပိုင္းမွာေတာ႔ လူရာေပါင္းမ်ားစြာ လာေရာက္ပူးေပါင္းခဲ႔ၾကတာေၾကာင္႔ ၂၅၀၀ ဦးထိရိွတယ္လို႔ ဦးေဆာင္သူေတြကေျပာပါတယ္။

ဆႏၵျပသူေတြဟာ ညနက္ပိုင္းမွာ ရုပ္သိမ္းသြားၾကေပမယ္႔လည္း သူတို႔ရဲ႕ ေတာင္းဆိုခ်က္ေတြကို မလိုက္ေလ်ာရင္ နွစ္ပတ္အတြင္း လမ္းေပၚထြက္ဆႏၵျပဦးမယ္လို႔ ေျပာဆိုခဲ့ၾကပါတယ္။

မၾကာေသးမီ လပိုင္းေတြအတြင္း ၀န္ၾကီးခ်ဳပ္ခ်န္အိုခ်ာအေပၚ အမ်ားျပည္သူေတြရဲ႕ ဆန္႔က်င္ေ၀ဖန္မႈေတြ တိုးျမင္႔လာေနပါတယ္။ ပါတီတြင္းအျငင္းပြားဖြယ္ကိစၥေတြေၾကာင္႔ ထိုင္းစီးပြားေရးမူ၀ါဒကို ဦးေဆာင္ေနတ႔ဲ အစိုးရအဖြဲ႔၀န္ၾကီးေလးဦးဟာ ဇူလိုင္ ၁၆ ရက္ေန႔က နႈတ္ထြက္ခဲ႔ၾကတာျဖစ္ပါတယ္။

Ref : Reuters
Photo: Reuters
#voiceofmyanmar #VOM #ဘန္ေကာက္

Related posts

Leave a Comment

VOM News

FREE
VIEW