Bar ၊ KTV၊ Night Clubတွေ ခိုးဖွင့်ရင် အရေးယူမယ်

Bar ၊ KTV၊ Night Clubတွေ ခိုးဖွင့်ရင် အရေးယူမယ် ရန်ကုန်၊ ဇူလိုင် ၁၉-၂၀၂၀ သိဂီ ၤ(VOM) တရားဝင်ပိတ်ထားဆဲဖြစ်တဲ့ Night Club ၊ KTV ၊ Barတွေကို လုပ်ငန်းရှင်တချို့က ကိုဗစ်ဖြေလျှော့မှုနဲ့အတူ ခိုးပြီးပြန်ဖွင့်တာတွေရှိနေတဲ့အတွက် အဲ့ဒါတွေကို အရေးယူဖို့ ကိုဗစ်ထိန်းချုပ်ကုသကာကွယ်ရေးဗဟိုကော်မတီက တိုင်းနဲ့ပြည်နယ်အသီးသီးကို ညွှန်ကြားထားတယ်လို့ သိရပါတယ်။ ” ပွင့်ပွင့်လင်းလင်းပြောရရင် ခိုးပြီးဖွင့်နေတဲ့ ဆိုင်တွေရှိရင်ရှိမယ်၊ ဒါပေမယ့် ကျနော်တို့သိလို့ သွားစစ်တဲ့အချိန်ကျမရှိဘူး မတွေ့ရဘူး။ အဲ့လိုတွေရှိတယ်။ ခုတော့ Ktv ၊bar ၊ကလပ်၊ မာဆတ်တွေ တရားဝင်ဖွင့်ခွင့်မရှိဘူးဆိုတာကို ရပ်ကွက်အလိုက် အုပ်ချုပ်ရေးမှုးတွေဆီကို ညွှန်ကြားထားတယ်။ ဆိုင်တွေကိုလည်း တရားဝင်ဖွင့်ခွင့်မရှိတာကိုသိရှိကြောင်း ခေါ်ယူပြီး လက်မှတ်ရေးထိုးခိုင်းထားပါတယ်။”လို့ လှိုင်သာယာမြို့နယ် ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုလင်းကပြောပါတယ်။ ရန်ကုန်တိုင်း၊ လိူင်သာယာမြို့နယ်မှာ ယစ်မျိုးလိုင်စင်ခွင့်ပြုပေးထားတာ ဆိုင်ပေါင်း(၇၀၀)ကျော်ရှိပြီး KTV ဆိုင်ကတော့ ၃၀…

Read More

ဂျုံးဂျုံးကျ ရေတံခွန်မှာ လူငယ်တစ်ဦး ရေနစ်သေဆုံး

ဂျုံးဂျုံးကျ ရေတံခွန်မှာ လူငယ်တစ်ဦး ရေနစ်သေဆုံး နေပြည်တော်၊ဇူလိုင် ၁၉ -၂၀၂၀ ကောင်းလက်ျာ(VOM) မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ မြို့မ‌ဈေးရပ်ကွက်ရှိ ဂျုံးဂျုံးကျရေတံခွန်မှာ ဒီကနေ့နေလယ်ပိုင်းက လူငယ်တစ်ဦး ရေနစ်သေဆုံးခဲ့တယ်လို့ မုဒုံမြို့နယ် အရေးပေါ်ကူညီရေးအဖွဲ့ဝင် ဦးဆန်းလင်းဦးက ပြောပါတယ်။ “အဖွဲ့လိုက်ရေသွားကူးကြရင်းနဲ့ ရေနစ်တာလို့သိရတယ်။ အလောင်းကိုသိပ်မကြာခင် ပြန်လည်ဆယ်ယူပြီးလို့ မုဒုံဆေးရုံပို့လိုက်ပါပြီ”လို့ ဦးဆန်းလင်းဦးက ပြောပါတယ်။ မုဒုံမြို့နယ်၊ မြို့မ အမှတ်(၁)ရပ်ကွက်နေ မောင်ဇေယျာဟိန်းနဲ့ သူငယ်ချင်းအချို့ ရေသွားကူးကြရာကနေ ရေနစ်ခဲ့ခြင်းဖြစ်ပြီး ပြန်လည်ဆယ်ယူနိုင်ခဲ့ပေမယ့် အသက်မရှိတော့ကြောင်း မုဒုံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။ အမှုနဲ့ပတ်သက်လို့ မုဒုံမြို့မရဲစခန်းမှာ သေမှုသေခင်းအမှတ် ၁၂/၂၀၂၀နဲ့ အမှုဖွင့်လှစ်ထားကာ ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်မဟုတ် စစ်ဆေးနေတယ်လို့လည်း သိရပါတယ်။ မွန်ပြည်နယ်အတွင်းက ရေတံခွန်တွေကို လာရောက်လည်ပတ်ခွင့် ပိတ်သိမ်းထားပေမယ့်လည်းအချို့နေရာတွေမှာ သွားလာလည်ပတ်နေကြဆဲဖြစ်တယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။ Photo-ဆန်းလင်းဦး #voiceofmyanmar #VOM #မုဒုံ Zawgyi ဂ်ဳံးဂ်ဳံးက်…

Read More

ထိုင်းအစိုးရနှုတ်ထွက်ရေး ကျောင်းသားတွေဦးဆောင်ပြီး ဆန္ဒပြ

ထိုင်းအစိုးရနှုတ်ထွက်ရေး ကျောင်းသားတွေဦးဆောင်ပြီး ဆန္ဒပြ ဘန်ကောက်၊ ဇူလိုင်-၁၉-၂၀၂၀ မျိုးဆက် (VOM) ထိုင်းနိုင်ငံမှာ ၂၀၁၄ခုနှစ် စစ်အာဏာသိမ်းပြီးကတည်းက လမ်းပေါ်ထွက်ဆန္ဒပြတာတွေ ပိတ်ပင်ထားတာကိုချိုးဖောက်ပြီး ထိုင်းအစိုးရနှုတ်ထွက်ပေးရေးနဲ့ ပါလီမန်ကိုဖျက်သိမ်းပေးရေးတို့အတွက် ဇူလိုင် ၁၈ ရက်မှာ ကျောင်းသားတွေဦးဆောင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြသူတွေဟာ ပါလီမန်ဖျက်သိမ်းရေး၊ အစိုးရဝေဖန်သူတွေကို နှိပ်ကွပ်မှုတွေအဆုံးသတ်ရေးနဲ့ ယမန်နှစ်ကရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာရဲ့ပါတီ အနိုင်သေချာစေခဲ့တယ်လို့ ဝေဖန်သူတွေကပြောဆိုတဲ့ စစ်တပ်ရေးဆွဲတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးတို့ကို တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ကတော့ ဆန္ဒပြသူတွေအနားမှာ အသင့်အနေအထားရှိနေပြီး ဆန္ဒပြပွဲကို တားမြစ်တာမျိုးမရှိပါဘူး။ ဆန္ဒပြပွဲကို ကျောင်းသားအဖွဲ့တွေက ဦးဆောင်ခဲ့တာဖြစ်ပေမယ့် ညနေပိုင်းမှာတော့ လူရာပေါင်းများစွာ လာရောက်ပူးပေါင်းခဲ့ကြတာကြောင့် ၂၅၀၀ ဦးထိရှိတယ်လို့ ဦးဆောင်သူတွေကပြောပါတယ်။ ဆန္ဒပြသူတွေဟာ ညနက်ပိုင်းမှာ ရုပ်သိမ်းသွားကြပေမယ့်လည်း သူတို့ရဲ့ တောင်းဆိုချက်တွေကို မလိုက်လျောရင် နှစ်ပတ်အတွင်း လမ်းပေါ်ထွက်ဆန္ဒပြဦးမယ်လို့ ပြောဆိုခဲ့ကြပါတယ်။ မကြာသေးမီ လပိုင်းတွေအတွင်း ဝန်ကြီးချုပ်ချန်အိုချာအပေါ် အများပြည်သူတွေရဲ့ ဆန့်ကျင်ဝေဖန်မှုတွေ တိုးမြင့်လာနေပါတယ်။…

Read More

အစိုးရက အခြေခံစပါးဈေးနူန်းတွေ သတ်မှတ်နေပေမယ့် ပွဲစားတွေကလိုက်နာမှုမရှိ

အစိုးရက အခြေခံစပါးဈေးနူန်းတွေ သတ်မှတ်နေပေမယ့် ပွဲစားတွေကလိုက်နာမှုမရှိ ပဲခူး ၊ဇူလိုင် ၁၉-၂၀၂၀ သိဂီ ၤ(VOM) ပဲခူးတိုင်းအတွင်း ထွက်ရှိလာမယ့်မိုးစပါးကို အခြေခံရည်ညွှန်းဈေးနှုန်း(၅၂၀,၀၀၀)ကျပ်နဲ့ ဝယ်ယူရမယ်လို့ ပဲခူးတိုင်းအစိုးရအဖွဲ့က သတ်မှတ်လိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း အစိုးရကနေ စပါးတင်း(၁၀၀)ကို ငွေ(၅၀၀၀၀၀)သတ်မှတ်ခဲ့ပေမယ့် တကယ်တမ်း စပါးပေါ်ချိန်အရောက်မှာတော့ စပါးဝယ်သူတွေဟာ အစိုးရသက်မှတ်တဲ့ဈေးနူန်းနဲ့ ဝယ်ယူသူ မရှိခဲ့ဘူးလို့ ပြည်မြို့နယ် ဒေသခံတောင်သူတွေကပြောပါတယ်။ ” မနှစ်က ၅ သိန်းဈေးသက်မှတ်တယ်။ ဒါပေမယ့် တကယ်တမ်းစပါးပေါ်တော့ အဲ့ဒီဈေးမဝယ်ကြပါဘူး။ ၄၁၀၀၀၀ ဈေးပဲရှိတယ်။ ဒါတောင် ဝယ်သူမရှိလို့ လယ်ထဲကနေ အိမ်ပြန်တိုက် အလုပ်သမားခ ထပ်ကုန်၊ ရတဲ့စပါးကလည်း လှောင်ထားနိုင်တဲ့အခြေအနေမရှိဘဲ အကြွေးဆပ်ရတော့ လယ်သမားတွေမှာ စပါးပွဲစားပေးတဲ့ဈေးနဲ့ပဲ ရောင်းလိုက်ရတဲ့ အခြေအနေပါ။ စပါးက အစိုဓာတ်အနည်းငယ်ကတော့ရှိတာပဲ။ ” လို့ ပြည်မြို့နယ် ဒေသခံတောင်သူ ဒေါ်မိုးမိုးကပြောပါတယ်။ ဒါကြောင့် အစိုးရအနေနဲ့ မိမိသတ်မှတ်လိုက်တဲ့ဈေးနူန်းကို စပါးပေါ်ချိန်ရောက်တဲ့အခါ…

Read More

အီရန်ပြည်သူ(၂၅)သန်း ကိုဗစ်-၁၉ရောဂါ ကူးစက်ခံနေရတယ်လို့ သမ္မတရူဟာနီပြော

အီရန်ပြည်သူ(၂၅)သန်း ကိုဗစ်-၁၉ရောဂါ ကူးစက်ခံနေရတယ်လို့ သမ္မတရူဟာနီပြော တီဟီရန်၊ ဇူလိုင်-၁၉-၂၀၂၀ မျိုးဆက် (VOM) အီရန်နိုင်ငံ မြို့တော်တီဟီရန်နဲ့ အခြားနေရာတွေမှာ ဗိုင်းရပ်စ်ဆိုင်ရာ ကန့်သတ်ချက်တွေ ပြန်လည်ချထားချိန်မှာ အီရန်ပြည်သူ ၂၅ သန်းဟာ ကိုဗစ်-၁၉ရောဂါ ကူးစက်ခံနေရတယ်လို့ အီရန်သမ္မတရူဟာနီက ဇူလိုင် ၁၈ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ နိုင်ငံအတွင်းမှာ ဇူလိုင် ၁၈ ရက်အထိ လူပေါင်း ၂၇၁၆၀၆ ဦးဗိုင်းရပ်စ်ကူးစက်ခံနေရတယ်လို့ တရားဝင်ထုတ်ပြန်ထားတာထက် အရေအတွက်ပိုနေပြီး အီရန်ပြည်သူ သန်း ၈၀ ရဲ့ ၃၀ ရာခိုင်နှုန်းကျော် ကူးစက်ခံနေရတယ်လို့ ရုပ်မြင်သံကြားမိန့်ခွန်းတစ်ရပ်မှာ သမ္မတကပြောခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီကိန်းဂဏန်းဟာ အီရန်ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကူးစက်မှုဆိုင်ရာ ဖြစ်လာဖွယ်ရှိတဲ့ ခန့်မှန်း သုတေသနအစီရင်ခံစာအပေါ်မှာ အခြေခံထားတယ်လို့ အီရန်သမ္မတရုံးက ထုတ်ပြန်ထားပါတယ်။ မိမိတို့ရဲ့ ခန့်မှန်းချက်အရ အီရန်ပြည်သူ ၂၅ သန်းဟာ လက်ရှိအချိန်မှာ ဗိုင်းရပ်စ်ကူးစက်ခံနေရပြီး ဗိုင်းရပ်စ်ကြောင့်…

Read More

ပြည်မြို့မှာ အာဇာနည်နေ့ကို ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွန်ကြားချက်နဲ့အညီပြုလုပ်ခဲ့

ပြည်မြို့မှာ အာဇာနည်နေ့ကို ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွန်ကြားချက်နဲ့အညီပြုလုပ်ခဲ့ ပြည်၊ ဇူလိုင် ၁၉-၂၀၂၀ လပြည့်(VOM) ကမ္ဘာတစ်လွှားမှာဖြစ်ပွားနေတဲ့ COVID 19 ရောဂါကြောင့် (၇၃)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ခမ်းခမ်းနားနားမကျင်းပပေမယ့် လွမ်းဆွတ်သတိရ အောက်မေ့ခြင်းအနေနဲ့ လွမ်းသူပန်းခွေချခြင်းတွေကို ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်စည်းကမ်းတွေနဲ့အညီ ပြည်မြို့မှာ ဒီကနေ့မနက်ပိုင်းက ပြုလုပ်ခဲ့ကြပါတယ်။ “ဒီနှစ်ကတော့ ကျွန်တော်တို့ အတတ်နိုင်ဆုံး ပြည်ထောင်စုဝန်ကြီးဌာနက ညွှန်ကြားချက်တွေနဲ့အညီ စီစဉ်ထားပါတယ်၊ အရင်နှစ်ကတော့ အာဇာနည်နေ့ကို ပြည်မြို့မှာ စည်စည်ကားကားနဲ့ အဖွဲ့စည်းတွေနိုင်ငံရေးပါတီတွေ အသင်းအဖွဲ့မျိုးစုံလာဂါဝရပြုကြတယ်၊ ဒီနှစ်မှာတော့ ကျန်းမာရေးဝန်ကြီးဌာနက လမ်းညွှန်ချက်နဲ့အညီ ဖြစ်အောင်ဆောင်ရွက်တာပါ” လို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျကပြောပါတယ် ။ အဖွဲ့အစည်းအသီးသီးက လွမ်းသူပန်းခွေချဂါဝရပြုတာတွေကို မနက် ၇ နာရီက‌နေ ၁၀ နာရီအထိ ပြုလုပ်ခဲ့ပြီး လာရောက်ဂါဝရပြုကြတဲ့သူတွေကို အပူချိန်တိုင်းတာတွေ နှာခေါင်းစည်းတပ်ခိုင်းတာတွေ လက်ဆေးတာတွေပြုလုပ်ခိုင်းကာ ဂါဝရပြုအလေးပြုရာတွင် ၆ ပေခြားစီ ဂါဝရပြုနိုင်ဖို့ စီစဉ်ထားတာတွေကိုလည်း…

Read More

ကချင်ပြည်နယ်က ကျောင်းသားမိဘနဲ့ ကိုဗစ်ရောဂါစိုးရိမ်မှု

ကချင်ပြည်နယ်က ကျောင်းသားမိဘနဲ့ ကိုဗစ်ရောဂါစိုးရိမ်မှု Voice Of Myanmar ကချင်ပြည်နယ်အတွင်းမှာ ၂၀၁၉ ခုနှစ်က စာသင်ကျောင်းပေါင်း ၁၅၅၉ ကျောင်းရှိပါတယ်။ ၂၀၂၀ မှာ အဆင့်တိုးမြှင့်လိုက်တဲ့ ကျောင်း(၁၄)ကျောင်းရှိတယ်လို့ ပြည်နယ်ပညာရေးမှူးက ပြောထားပါတယ်။ ပညာသင်ကြားနေတဲ့ ကျောင်းသားဦးရေကတော့ ၃၄၀၀၀၀(သုံးသိန်းလေးသောင်းကျော်)ရှိပြီး တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုထားတဲ့ ကျောင်းသား ၃၀၀၀၀ (သုံးသောင်း) ဝန်းကျင်ရှိတယ်လို့ ကချင်ပြည်နယ်ပညာရေးမှူးရုံးရဲ့ စာရင်းတွေအရ သိရပါတယ်။ ၂၀၂၀-၂၀၂၁ ပညာသင်နှစ် အခြေခံပညာအထက်တန်းအဆင့် ကျောင်းသားတွေကို ဇူလိုင်လ ၁၃ ရက်ကနေ ၁၇ ရက်နေ့အထိ ကျောင်းအပ်လက်ခံခဲ့ပြီး လာမယ့် ၂၁ ရက်နေ့မှာ ကျောင်းတွေဖွင့်လှစ် တက်ရောက်ရတော့မှာ ဖြစ်ပါတယ်။ Covid – 19 ကာလမှာ ကျောင်းပြန်တက်ရတော့မယ့် အထက်တန်းအဆင့်ကျောင်းသားတွေရဲ့ မိဘတွေနဲ့ ဆရာ/ဆရာမတွေ ဘာတွေပြင်ဆင်ထားသလဲ၊ ဘယ်လောက်စိုးရိမ်နေကြသလဲဆိုတာကို ကိုရန်အောင်ထွန်းက မေးမြန်းတင်ဆက်ထားတာဖြစ်ပါတယ်။ #voiceofmyanmar #VOM…

Read More

မှတ်ပုံတင် အတုသုံးပြီးကားအမည်ပေါက်ပြောင်းလဲသူတွေရှိနေ

မှတ်ပုံတင် အတုသုံးပြီးကားအမည်ပေါက်ပြောင်းလဲသူတွေရှိနေ ရန်ကုန် ၊ ဇူလိုင် ၁၉-၂၀၂၀ သိင်္ဂီ (VOM) မှတ်ပုံတင်အတုသုံးပြီး မော်တော်ယာဉ် အမည်ပေါက် ပြောင်းလဲတာတွေရှိနေတယ်လို့ ရန်ကုန်တိုင်း၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနကနေ သိရပါတယ်။ အခု ၂၀၂၀ ခုနှစ် ပထမ ၆ လကျော်အတွင်းမှာ မှတ်ပုံတင်အတုသုံးပြီး ကားကိစ္စလာရောက်ဆောင်ရွက်သူ ၄ ဦးရှိပါတယ်။ ” ယာဉ် ပိုင်ရှင်ရဲ့ နေရပ်လိပ်စာမှန်ကန်ရေးကို ဆောင်ရွက်တယ်။ ကနဦး မှတ်တမ်းတင်ထားတဲ့ မှတ်ပုံတင်ကိုယူစစ်ရတယ်။ မှတ်တမ်းထဲ သူ မဟုတ်ဘူးဆိုရင် အခွန်ဆောင်စေပြီး အမည်ပြောင်း စေပါတယ်။ တချို့ကကျ ကနဦးမှတ်ပုံတင်ထားတဲ့သူပါပဲဆိုပြီး အမည်မပြောင်းဘူး။ အဲ့ချိန်မှာမှတ်ပုံတင်ကိုယူစစ်တော့ သံသယဖြစ်ဖွယ်တွေ့ရတယ်။ မှတ်ပုံတင်တွေကို သက်ဆိုင်ရာ လ.ဝ.ကကိုပို့ပြီး အကြောင်းကြားစစ်ဆေးခိုင်းလိုက်တယ်။ ဒီကာလအတွင်းမှာမိတဲ့ နှစ်စောင်ကိုတော့ ရဲစခန်းကို သတင်းပေးတိုင်ကြားလိုက်တယ်။ ကျန်တဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေ နဲ့ ရဲတွေက ဆက်လက်လုပ်ဆောင်လိမ့်မယ်။”လို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက လက်ထောက်ညွှန်ကြားရေးမှူးဒေါ်သန်းသန်းမြင့်ကပြောပါတယ်။…

Read More
VOM News

FREE
VIEW