အီရန်ပြည်သူ(၂၅)သန်း ကိုဗစ်-၁၉ရောဂါ ကူးစက်ခံနေရတယ်လို့ သမ္မတရူဟာနီပြော

အီရန်ပြည်သူ(၂၅)သန်း ကိုဗစ်-၁၉ရောဂါ ကူးစက်ခံနေရတယ်လို့ သမ္မတရူဟာနီပြော

တီဟီရန်၊ ဇူလိုင်-၁၉-၂၀၂၀
မျိုးဆက် (VOM)

အီရန်နိုင်ငံ မြို့တော်တီဟီရန်နဲ့ အခြားနေရာတွေမှာ ဗိုင်းရပ်စ်ဆိုင်ရာ ကန့်သတ်ချက်တွေ ပြန်လည်ချထားချိန်မှာ အီရန်ပြည်သူ ၂၅ သန်းဟာ ကိုဗစ်-၁၉ရောဂါ ကူးစက်ခံနေရတယ်လို့ အီရန်သမ္မတရူဟာနီက ဇူလိုင် ၁၈ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

နိုင်ငံအတွင်းမှာ ဇူလိုင် ၁၈ ရက်အထိ လူပေါင်း ၂၇၁၆၀၆ ဦးဗိုင်းရပ်စ်ကူးစက်ခံနေရတယ်လို့ တရားဝင်ထုတ်ပြန်ထားတာထက် အရေအတွက်ပိုနေပြီး အီရန်ပြည်သူ သန်း ၈၀ ရဲ့ ၃၀ ရာခိုင်နှုန်းကျော် ကူးစက်ခံနေရတယ်လို့ ရုပ်မြင်သံကြားမိန့်ခွန်းတစ်ရပ်မှာ သမ္မတကပြောခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီကိန်းဂဏန်းဟာ အီရန်ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကူးစက်မှုဆိုင်ရာ ဖြစ်လာဖွယ်ရှိတဲ့ ခန့်မှန်း သုတေသနအစီရင်ခံစာအပေါ်မှာ အခြေခံထားတယ်လို့ အီရန်သမ္မတရုံးက ထုတ်ပြန်ထားပါတယ်။

မိမိတို့ရဲ့ ခန့်မှန်းချက်အရ အီရန်ပြည်သူ ၂၅ သန်းဟာ လက်ရှိအချိန်မှာ ဗိုင်းရပ်စ်ကူးစက်ခံနေရပြီး ဗိုင်းရပ်စ်ကြောင့် လူ ၁၄၀၀၀ သေဆုံးခဲ့ရတယ်လို့ အီရန်သမ္မတကပြောပါတယ်။ ဒါ့အပြင် ပြည်သူ သန်း ၃၀သို့မဟုတ် ၃၅ သန်းဟာ ဗိုင်းရပ်စ်ကူးစက်မှုအန္တရာယ်ရှိနေတယ်လို့ သမ္မတရူဟာနီကပြောပါတယ်။

ဗိုင်းရပ်စ်ကူးစက်မှုကြောင့် လူနှစ်သိန်းကျော်မှာ ဆေးရုံတင်ထားရပြီး လာမယ့်လအနည်းငယ်အတွင်း နောက်ထပ် လူနှစ်သိန်းဟာလည်း ဆေးရုံးတက်ဖို့ လိုအပ်လာမယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ခန့်မှန်းထားကြောင်း သူကပြောပါတယ်။

အီရန်အစိုးရဲ့ ဗိုင်းရပ်စ်တိုက်ဖျက်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးကတော့ သမ္မတရူဟာနီပြောတဲ့ ကူးစက်ခံရသူ ၂၅ သန်းဆိုတာဟာ ဆေးကုသခံယူဖို့ မလိုအပ်တဲ့ ရောဂါအပျော့စား ခံစားရသူတွေသာဖြစ်တယ်လို့ ပြောဆိုထားတာဖြစ်ပါတယ်။

Ref : Reuters
Photo: Reuters
#voiceofmyanmar #VOM #တီဟီရန်

Zawgyi

အီရန္ျပည္သူ(၂၅)သန္း ကိုဗစ္-၁၉ေရာဂါ ကူးစက္ခံေနရတယ္လို႔ သမၼတရူဟာနီေျပာ

တီဟီရန္၊ ဇူလိုင္-၁၉-၂၀၂၀
မ်ိဳးဆက္ (VOM)

အီရန္နိုင္ငံ ျမိဳ႕ေတာ္တီဟီရန္န႔ဲ အျခားေနရာေတြမွာ ဗိုင္းရပ္စ္ဆိုင္ရာ ကန္႔သတ္ခ်က္ေတြ ျပန္လည္ခ်ထားခ်ိန္မွာ အီရန္ျပည္သူ ၂၅ သန္းဟာ ကိုဗစ္-၁၉ေရာဂါ ကူးစက္ခံေနရတယ္လို႔ အီရန္သမၼတရူဟာနီက ဇူလိုင္ ၁၈ ရက္မွာ ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

နိုင္ငံအတြင္းမွာ ဇူလုိင္ ၁၈ ရက္အထိ လူေပါင္း ၂၇၁၆၀၆ ဦးဗိုင္းရပ္စ္ကူးစက္ခံေနရတယ္လို႔ တရား၀င္ထုတ္ျပန္ထားတာထက္ အေရအတြက္ပိုေနျပီး အီရန္ျပည္သူ သန္း ၈၀ ရဲ႕ ၃၀ ရာခိုင္နႈန္းေက်ာ္ ကူးစက္ခံေနရတယ္လို႔ ရုပ္ျမင္သံၾကားမိန္႔ခြန္းတစ္ရပ္မွာ သမၼတကေျပာခဲ့တာ ျဖစ္ပါတယ္။

အဲ့ဒီကိန္းဂဏန္းဟာ အီရန္က်န္းမာေရး၀န္ၾကီးဌာနရဲ႕ ကူးစက္မႈဆိုင္ရာ ျဖစ္လာဖြယ္ရိွတဲ႔ ခန္႔မွန္း သုေတသနအစီရင္ခံစာအေပၚမွာ အေျခခံထားတယ္လို႔ အီရန္သမၼတရံုးက ထုတ္ျပန္ထားပါတယ္။

မိမိတို႔ရဲ႕ ခန္႔မွန္းခ်က္အရ အီရန္ျပည္သူ ၂၅ သန္းဟာ လက္ရိွအခ်ိန္မွာ ဗိုင္းရပ္စ္ကူးစက္ခံေနရျပီး ဗိုင္းရပ္စ္ေၾကာင္႔ လူ ၁၄၀၀၀ ေသဆံုးခဲ႔ရတယ္လို႔ အီရန္သမၼတကေျပာပါတယ္။ ဒါ႔အျပင္ ျပည္သူ သန္း ၃၀သို႔မဟုတ္ ၃၅ သန္းဟာ ဗိုင္းရပ္စ္ကူးစက္မႈအႏၲရာယ္ရွိေနတယ္လို႔ သမၼတရူဟာနီကေျပာပါတယ္။

ဗိုင္းရပ္စ္ကူးစက္မႈေၾကာင္႔ လူနွစ္သိန္းေက်ာ္မွာ ေဆးရံုတင္ထားရျပီး လာမယ္႔လအနည္းငယ္အတြင္း ေနာက္ထပ္ လူနွစ္သိန္းဟာလည္း ေဆးရံုးတက္ဖို႔ လိုအပ္လာမယ္လို႔ က်န္းမာေရး၀န္ၾကီးဌာနက ခန္႔မွန္းထားေၾကာင္း သူကေျပာပါတယ္။

အီရန္အစိုးရဲ႕ ဗိုင္းရပ္စ္တိုက္ဖ်က္ေရးအဖြဲ႔ တာ၀န္ရွိသူတစ္ဦးကေတာ႔ သမၼတရူဟာနီေျပာတဲ႔ ကူးစက္ခံရသူ ၂၅ သန္းဆိုတာဟာ ေဆးကုသခံယူဖို႔ မလိုအပ္တဲ႔ ေရာဂါအေပ်ာ႔စား ခံစားရသူေတြသာျဖစ္တယ္လို႔ ေျပာဆိုထားတာျဖစ္ပါတယ္။

Ref : Reuters
Photo: Reuters
#voiceofmyanmar #VOM #တီဟီရန္

Related posts

Leave a Comment

VOM News

FREE
VIEW