ပြည်မြို့မှာ အာဇာနည်နေ့ကို ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွန်ကြားချက်နဲ့အညီပြုလုပ်ခဲ့

ပြည်မြို့မှာ အာဇာနည်နေ့ကို ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွန်ကြားချက်နဲ့အညီပြုလုပ်ခဲ့

ပြည်၊ ဇူလိုင် ၁၉-၂၀၂၀
လပြည့်(VOM)

ကမ္ဘာတစ်လွှားမှာဖြစ်ပွားနေတဲ့ COVID 19 ရောဂါကြောင့် (၇၃)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ခမ်းခမ်းနားနားမကျင်းပပေမယ့် လွမ်းဆွတ်သတိရ အောက်မေ့ခြင်းအနေနဲ့ လွမ်းသူပန်းခွေချခြင်းတွေကို ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်စည်းကမ်းတွေနဲ့အညီ ပြည်မြို့မှာ ဒီကနေ့မနက်ပိုင်းက ပြုလုပ်ခဲ့ကြပါတယ်။

“ဒီနှစ်ကတော့ ကျွန်တော်တို့ အတတ်နိုင်ဆုံး ပြည်ထောင်စုဝန်ကြီးဌာနက ညွှန်ကြားချက်တွေနဲ့အညီ စီစဉ်ထားပါတယ်၊ အရင်နှစ်ကတော့ အာဇာနည်နေ့ကို ပြည်မြို့မှာ စည်စည်ကားကားနဲ့ အဖွဲ့စည်းတွေနိုင်ငံရေးပါတီတွေ အသင်းအဖွဲ့မျိုးစုံလာဂါဝရပြုကြတယ်၊ ဒီနှစ်မှာတော့ ကျန်းမာရေးဝန်ကြီးဌာနက လမ်းညွှန်ချက်နဲ့အညီ ဖြစ်အောင်ဆောင်ရွက်တာပါ” လို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျကပြောပါတယ် ။

အဖွဲ့အစည်းအသီးသီးက လွမ်းသူပန်းခွေချဂါဝရပြုတာတွေကို မနက် ၇ နာရီက‌နေ ၁၀ နာရီအထိ ပြုလုပ်ခဲ့ပြီး လာရောက်ဂါဝရပြုကြတဲ့သူတွေကို အပူချိန်တိုင်းတာတွေ နှာခေါင်းစည်းတပ်ခိုင်းတာတွေ လက်ဆေးတာတွေပြုလုပ်ခိုင်းကာ ဂါဝရပြုအလေးပြုရာတွင် ၆ ပေခြားစီ ဂါဝရပြုနိုင်ဖို့ စီစဉ်ထားတာတွေကိုလည်း တွေ့ရပါတယ်။

ဒါ့အပြင် ၁၀ နာရီ ၃၇ မိနစ်မှာ ဂါဝရပြုအလေးပြုနိုင်ဖို့အတွက် လူစုလူဝေးမဖြစ်ပွားအောင် မိမိအိမ်‌ရှေ့မှာဘဲ အလေးပြုနိုင်ဖို့ ပြည်မြို့က လမ်းမကြီးတွေဖြစ်တဲ့ မီးသတ်ကားနဲ့ လူမှုကူညီရေးအသင်းကာတွေကို (၂၆)နေရာခွဲထားပြီး ဝမ်းနည်းခြင်းအနေနဲ့ ဥဩဆွဲအချက်ပေးခဲ့ကြတာ ဖြစ်ပါတယ် ။

#voiceofmyanmar #VOM #ပြည်

Zawgyi

ျပည္ၿမိဳ႕မွာ အာဇာနည္ေန႔ကို က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ညြန္ၾကားခ်က္နဲ႔အညီျပဳလုပ္ခဲ့

ျပည္၊ ဇူလိုင္ ၁၉-၂၀၂၀
လျပည့္(VOM)

ကမာၻတစ္လႊားမွာျဖစ္ပြားေနတဲ့ COVID 19 ေရာဂါေၾကာင့္ (၇၃)ႏွစ္ေျမာက္ အာဇာနည္ေန႔အခမ္းအနားကို ခမ္းခမ္းနားနားမက်င္းပေပမယ့္ လြမ္းဆြတ္သတိရ ေအာက္ေမ့ျခင္းအေနနဲ႔ လြမ္းသူပန္းေခြခ်ျခင္းေတြကို က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ၫႊန္ၾကားခ်က္စည္းကမ္းေတြနဲ႔အညီ ျပည္ၿမိဳ႕မွာ ဒီကေန႔မနက္ပုိင္းက ျပဳလုပ္ခဲ့ၾကပါတယ္။

“ဒီႏွစ္ကေတာ့ ကြၽန္ေတာ္တို႔ အတတ္ႏိုင္ဆုံး ျပည္ေထာင္စုဝန္ႀကီးဌာနက ၫႊန္ၾကားခ်က္ေတြနဲ႔အညီ စီစဥ္ထားပါတယ္၊ အရင္ႏွစ္ကေတာ့ အာဇာနည္ေန႔ကို ျပည္ၿမိဳ႕မွာ စည္စည္ကားကားနဲ႔ အဖြဲ႕စည္းေတြႏိုင္ငံေရးပါတီေတြ အသင္းအဖြဲ႕မ်ိဳးစုံလာဂါဝရျပဳၾကတယ္၊ ဒီႏွစ္မွာေတာ့ က်န္းမာေရးဝန္ႀကီးဌာနက လမ္းၫႊန္ခ်က္နဲ႔အညီ ျဖစ္ေအာင္ေဆာင္႐ြက္တာပါ” လို႔ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္ေဇယ်ကေျပာပါတယ္ ။

အဖြဲ႕အစည္းအသီးသီးက လြမ္းသူပန္းေခြခ်ဂါဝရျပဳတာေတြကို မနက္ ၇ နာရီက‌ေန ၁၀ နာရီအထိ ျပဳလုပ္ခဲ့ၿပီး လာေရာက္ဂါဝရျပဳၾကတဲ့သူေတြကို အပူခ်ိန္တိုင္းတာေတြ ႏွာေခါင္းစည္းတပ္ခိုင္းတာေတြ လက္ေဆးတာေတြျပဳလုပ္ခိုင္းကာ ဂါဝရျပဳအေလးျပဳရာတြင္ ၆ ေပျခားစီ ဂါဝရျပဳႏိုင္ဖို႔ စီစဥ္ထားတာေတြကိုလည္း ေတြ႕ရပါတယ္။

ဒါ့အျပင္ ၁၀ နာရီ ၃၇ မိနစ္မွာ ဂါဝရျပဳအေလးျပဳႏိုင္ဖို႔အတြက္ လူစုလူေဝးမျဖစ္ပြားေအာင္ မိမိအိမ္‌ေရွ႕မွာဘဲ အေလးျပဳႏိုင္ဖို႔ ျပည္ၿမိဳ႕က လမ္းမႀကီးေတြျဖစ္တဲ့ မီးသတ္ကားနဲ႔ လူမႈကူညီေရးအသင္းကာေတြကို (၂၆)ေနရာခြဲထားၿပီး ဝမ္းနည္းျခင္းအေနနဲ႔ ဥဩဆြဲအခ်က္ေပးခဲ့ၾကတာ ျဖစ္ပါတယ္ ။

#voiceofmyanmar #VOM #ျပည္

Related posts

Leave a Comment

VOM News

FREE
VIEW