ဂျုံးဂျုံးကျ ရေတံခွန်မှာ လူငယ်တစ်ဦး ရေနစ်သေဆုံး

ဂျုံးဂျုံးကျ ရေတံခွန်မှာ လူငယ်တစ်ဦး ရေနစ်သေဆုံး

နေပြည်တော်၊ဇူလိုင် ၁၉ -၂၀၂၀
ကောင်းလက်ျာ(VOM)

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ မြို့မ‌ဈေးရပ်ကွက်ရှိ ဂျုံးဂျုံးကျရေတံခွန်မှာ ဒီကနေ့နေလယ်ပိုင်းက လူငယ်တစ်ဦး ရေနစ်သေဆုံးခဲ့တယ်လို့ မုဒုံမြို့နယ် အရေးပေါ်ကူညီရေးအဖွဲ့ဝင် ဦးဆန်းလင်းဦးက ပြောပါတယ်။

“အဖွဲ့လိုက်ရေသွားကူးကြရင်းနဲ့ ရေနစ်တာလို့သိရတယ်။ အလောင်းကိုသိပ်မကြာခင် ပြန်လည်ဆယ်ယူပြီးလို့ မုဒုံဆေးရုံပို့လိုက်ပါပြီ”လို့ ဦးဆန်းလင်းဦးက ပြောပါတယ်။

မုဒုံမြို့နယ်၊ မြို့မ အမှတ်(၁)ရပ်ကွက်နေ မောင်ဇေယျာဟိန်းနဲ့ သူငယ်ချင်းအချို့ ရေသွားကူးကြရာကနေ ရေနစ်ခဲ့ခြင်းဖြစ်ပြီး ပြန်လည်ဆယ်ယူနိုင်ခဲ့ပေမယ့် အသက်မရှိတော့ကြောင်း မုဒုံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။

အမှုနဲ့ပတ်သက်လို့ မုဒုံမြို့မရဲစခန်းမှာ သေမှုသေခင်းအမှတ် ၁၂/၂၀၂၀နဲ့ အမှုဖွင့်လှစ်ထားကာ ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်မဟုတ် စစ်ဆေးနေတယ်လို့လည်း သိရပါတယ်။

မွန်ပြည်နယ်အတွင်းက ရေတံခွန်တွေကို လာရောက်လည်ပတ်ခွင့် ပိတ်သိမ်းထားပေမယ့်လည်းအချို့နေရာတွေမှာ သွားလာလည်ပတ်နေကြဆဲဖြစ်တယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

Photo-ဆန်းလင်းဦး
#voiceofmyanmar #VOM #မုဒုံ

Zawgyi

ဂ်ဳံးဂ်ဳံးက် ေရတံခြန္မွာ လူငယ္တစ္ဦး ေရနစ္ေသဆုံး

ေနျပည္ေတာ္၊ဇူလိုင္ ၁၉ -၂၀၂၀
ေကာင္းလက္်ာ(VOM)

မြန္ျပည္နယ္၊ မုဒုံၿမိဳ႕နယ္၊ ၿမိဳ႕မ‌ေဈးရပ္ကြက္ရွိ ဂ်ဳံးဂ်ဳံးက်ေရတံခြန္မွာ ဒီကေန႔ေနလယ္ပိုင္းက လူငယ္တစ္ဦး ေရနစ္ေသဆုံးခဲ့တယ္လို႔ မုဒုံၿမိဳ႕နယ္ အေရးေပၚကူညီေရးအဖြဲ႕ဝင္ ဦးဆန္းလင္းဦးက ေျပာပါတယ္။

“အဖြဲ႕လိုက္ေရသြားကူးၾကရင္းနဲ႔ ေရနစ္တာလို႔သိရတယ္။ အေလာင္းကိုသိပ္မၾကာခင္ ျပန္လည္ဆယ္ယူၿပီးလို႔ မုဒုံေဆး႐ုံပို႔လိုက္ပါၿပီ”လို႔ ဦးဆန္းလင္းဦးက ေျပာပါတယ္။

မုဒုံၿမိဳ႕နယ္၊ ၿမိဳ႕မ အမွတ္(၁)ရပ္ကြက္ေန ေမာင္ေဇယ်ာဟိန္းနဲ႔ သူငယ္ခ်င္းအခ်ိဳ႕ ေရသြားကူးၾကရာကေန ေရနစ္ခဲ့ျခင္းျဖစ္ၿပီး ျပန္လည္ဆယ္ယူႏိုင္ခဲ့ေပမယ့္ အသက္မရွိေတာ့ေၾကာင္း မုဒုံၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မႉး႐ုံးကေန သိရပါတယ္။

အမႈနဲ႔ပတ္သက္လို႔ မုဒုံၿမိဳ႕မရဲစခန္းမွာ ေသမႈေသခင္းအမွတ္ ၁၂/၂၀၂၀နဲ႔ အမႈဖြင့္လွစ္ထားကာ ဓမၼတာအတိုင္း ေသဆုံးျခင္းဟုတ္မဟုတ္ စစ္ေဆးေနတယ္လို႔လည္း သိရပါတယ္။

မြန္ျပည္နယ္အတြင္းက ေရတံခြန္ေတြကို လာေရာက္လည္ပတ္ခြင့္ ပိတ္သိမ္းထားေပမယ့္လည္းအခ်ိဳ႕ေနရာေတြမွာ သြားလာလည္ပတ္ေနၾကဆဲျဖစ္တယ္လို႔ ေဒသခံေတြရဲ႕ေျပာျပခ်က္အရ သိရပါတယ္။

Photo-ဆန္းလင္းဦး
#voiceofmyanmar #VOM #မုဒံု

Related posts

Leave a Comment

VOM News

FREE
VIEW