ပခုက္ကူ -ဇူလိုင် ၂၀-၂၀၂၆
LN(VOM)
မကွေးတိုင်း၊ ပခုက္ကူမြို့အနီး ဇူလိုင်လ (၁၉) ရက်နေ့က ညောင်ပင်ကြီး -ဗုဒ္ဓကုန်း မဟာဓာတ်အားလိုင်းရှိတဲ့ လေယာဥ်ကွင်းနဲ့ စက်မှုဇုံကြား တာဝါတိုင်တတိုင် ဖောက်ခွဲဖျက်ဆီးခံရလို့ ပခုက္ကူ တမြို့လုံးတွင် လျှပ်စစ်ဓာတ်အား လုံးဝပြတ်တောက်လျက်ရှိကြောင်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး အသိပေးထုတ်ပြန်ချက်အရသိရပါတယ်။
” လက်ရှိအချိန်ထိ လျှပ်စစ်မီးပြန်လည်ရရှိမယ့် အချိန်အတိအကျကိုမသိသေးဘူးတာဝါတိုင်ပျက်စီးမှုက တတိုင်တည်းပေမယ့် အောက်ခြေကအုတ်ခုံပါပျက်စီးသွားလို့
ရက်အနည်းငယ်ကြာနိုင်မယ်”
လို့ ပခုက်ကူလျှပ်စစ်ရုံးနဲ့ နီစပ်သူတဦးကပြောပါတယ်။
အဆိုပါ မဟာဓာတ်အားလိုင်း တာဝါတိုင် ဖောက်ခွဲခံရမှုကြောင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေတဲ့ စနစ်တွေ ရုတ်တရက်ရပ်ဆိုင်းသွားခဲ့ပြီး ပခုက္ကူမြို့ပေါ် ရပ်ကွက်တွေအပြင် ရေစကြို ၊မြိုင်၊ ကံမ မြစ်ခြေမြို့တွေလည်းမီးလိုင်းအားလုံး ပြတ်တောက်သွားတယ်လိုသိရပါတယ်။
အရင်နှစ်ကလည်း ဆားလင်းကြီးနယ်မှာ တာဝါတိုင်ဖောက်ခွဲခံရလို့ ရက်ရှည် လျှပ်စစ်မီး ပြတ်တောက်ခဲ့ဘူးပါတယ်။
