ဦးခေါင်းကို ကျည်ဆံထိမှန်ပြီး သေဆုံးခဲ့တဲ့ အစ္စလာမ်ဘာသာဝင် အမျိုးသမီးရဲ့ နာရေး

မန္တလေး၊ မတ် ၁ -၂၀၂၁
ရှိုင်းအောင်(VOM)

မန္တလေးမြို့မှာ ဖေဖော်ဝါရီ ၂၈ ရက်နေ့က စစ်သားနဲ့ ရဲတွေနဲ့ ချီတက်ရာလမ်းကြောင်းတစ်လျှောက် ပစ်ခတ်မှုတွေရှိခဲ့တာကြောင့် ၃၅ လမ်းနဲ့ ၇၆ လမ်းဒေါင့်မှာ အစ္စလာမ်ဘာသာဝင်အမျိုးသမီးတစ်ဦး ဦးခေါင်းကို ကျည်ထိမှန်ပြီး နေရာမှာတင် သေဆုံးခဲ့ပါတယ်။

သေဆုံးသူအမျိုးသမီးဟာ သူ့သားအတွက်မုန့်သွားဝယ်ရာကနေ လူတွေပြေးလာတာကို ရပ်ကြည့်နေရင်း အရပ်ဝတ်နဲ့ လူတစ်ဦးက လာရောက်ပစ်ခတ်သွားတာဖြစ်လို့ မိသားစုဝင်တွေကပြောပါတယ်။

အဲ့ဒီအမျိုးသမီးဟာ ၃၂ နှစ်အရွယ် အမျိုး သားနဲ့ကွဲနေသူဖြစ်ပြီး အသက် ၆နှစ်အရွယ်သားတစ်ဦးရှိတယ်လို့သိရပါတယ်။သူ့ရဲ့ ရုပ်အလောင်းကတော့ ရင်ခွဲရုံမှာထားရှိတယ်လို့ သိရပါတယ်။

မန္တလေးမြို့မှာ ဖေဖော်ဝါရီ ၂၈ ရက်နေ့က ဆန္ဒပြသူတွေကို ကျည်အစစ်တွေနဲ့ ပစ်ခတ်ပြီး အကြမ်းဖက်ဖြိုခွင်းခဲ့ရာမှာ သေဆုံးခဲ့သူတွေရှိကာ ကျည်ဆံထိမှန်လို့ ဒဏ်ရာရသူ အများအပြား ရှိခဲ့တယ်လို့ သိရပါတယ်။

#VOM #voicemofmyanmar #Mandalay #ဆန္ဒပြ #သေဆုံး #အကြမ်းဖက်ဖြိုခွင်း #ဒဏ်ရာရ

Related posts

Leave a Comment

VOM News

FREE
VIEW