ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေ၊ ဆရာ ဆရာမတွေနဲ့ ဝန်ထမ်းတွေကို ပြန်လွှတ်ပေးဖို့ ညှိနိူင်းထား

မတ် ၁-၂၀၂၁ ယဉ်ပပထွန်း(VOM) မနေ့ ဖေဖော်ဝါရီ ၂၈ရက်နေ့ ဆန္ဒပြပွဲတွေအတွင်း ဖမ်းခံခဲ့ရတဲ့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်နဲ့ နိုင်ငံခြားဘာသာတက္ကသိုလ်က ကျောင်းသား ကျောင်းသူတွေ၊ အခြေခံပညာဆရာ ဆရာမတွေနဲ့ ဝန်ထမ်းတွေ ပြန်လည်လွတ်မြောက်ရေးအတွက် ညှိနိူင်းထားတယ်လို့ ညှိနှိုင်းရာမှာပါတဲ့ ဆရာတဦးဆီကနေ သိရပါတယ်။ နိုင်ငံတကာဆက်ဆံရေးပညာဌာ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်က ကထိက ကိုလှိုင်တင့်က “အရှေ့ပိုင်းတက္ကသိုလ်က ကလေးတွေက ပိုများတယ်။ စာရင်းကောက်တာကတော့ လူဦးရေ ၄၀၊ နိုင်ငံခြားဘာသာတက္ကသိုလ်ရန်ကုန်က ၁ ဦး၊ အခြေခံပညာကဆရာ ဆရာမတွေနဲ့ ဝန်ထမ်းတွေက ၁၁ ဦးတို့ကို ပြန်လွှတ်ပေးဖို့ မနက်ပိုင်းက အင်းစိန်ထောင်သက်ဆိုင်ရာတွေနဲ့ညှိနိူင်းထားပါတယ်။ နည်းမျိုးစုံနဲ့ညှိနိူင်းတဲ့ အခါမှာ ဒီညနေမှာ ပြန်လွှတ်ပေးမယ်လို့တော့ ပြောပါတယ်” လို့ VOM ကို ပြောပါတယ်။ ညှိနိူင်းရာမှာ ပါမာက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ၊ ဌာနမှူး တချို့နဲ့ ဆရာများသမဂ္ဂတို့က အင်းစိန်ထောင်အာဏာပိုင်တွေနဲ့ ညှိနိူင်းခဲ့တာ ဖြစ်ပါတယ်။…

Read More

လားရှိုး ကချင်ခရစ်ယာန်ဘုရားကျောင်းကို ရဲအင်အား အလုံးအရင်းနဲ့ သေနတ်ဖောက် ဝင်စီး

မတ် ၁-၂၀၂၁ Shayi Violin(VOM) လားရှိုးမြို့ ကချင်ခရစ်ယာန်ဘုရားကျောင်းကို ဒီနေ့ မတ်လ ၁ရက်နေ့ နေ့လယ်ပိုင်းက ရဲအင်အား အလုံးအရင်းနဲ့ဝင်စီးပြီး အသင်းထောက်ဆရာတွေ၊ သင်းအုပ်ဆရာတွေနဲ့ လူငယ်တွေ စုစုပေါင်း ၁၁ ဦးကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ ဒီနေ့ နေ့လယ် ၁၂ နာရီမှာ ဆန္ဒပြလူစုထဲကို အသွင်ယူထားတဲ့ ရဲတပ်ကြပ်ကြီးကို ဆန္ဒပြလူငယ်တွေကဖမ်းဆီးပြီး အဲ့ဒီ ကချင်နှစ်ခြင်းအသင်းတော်ထဲ ခေါ်ဆောင်သွားတာကို မကျေနပ်လို့ ဘုရားကျောင်းကို ဝင်စီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဘုရားကျောင်းတံခါးတွေကို ရိုက်ချိုးပြီး မျက်ရည်ယိုဗုံးတွေ ပစ်ထည့်ကာ သေနတ်တွေ ဖောက်ပြီး ဝင်စီးခဲ့တာဖြစ်တယ်လို့ အဲ့ဒီဘုရားကျောင်းနဲ့ နီးစပ်သူတွေက ဆိုပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေဟာ ဆန္ဒပြသူတွေ ဖမ်းဆီးထားတဲ့ ရဲတပ်ကြပ်ကြီးကို ပြန်လည်ခေါ်ဆောင်သွားတဲ့အပြင် သင်းအုပ်ဆရာတွေနဲ့ ကျမ်းစာသင်လူငယ်တွေကိုပါ ဆန္ဒပြသူတွေလို့ စွပ်စွဲပြီး ဖမ်းဆီးသွားခဲ့တာလို့ သိရပါတယ်။ #VoiceOfMyanmar #VOM #လားရှိုးမြို့ #ကချင်ခရစ်ယာန်ဘုရားကျောင်း…

Read More

ပဲခူးမြို့ ဆန္ဒပြမှုမှာ ပစ်ခတ်ဖြိုခွင်းလို့ လူ နှစ်ဦးသေဆုံး၊ ဆယ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ

မတ် ၁ -၂၀၂၁ ကောင်းလက်ျာ(VOM) ပဲခူးမြို့နယ်၊ ဘူတာကုန်းကျော်တံတားနဲ့ မြစ်ကူးတံတားအနီး ဆန္ဒဖော်ထုတ်သူတွေကို ဖေဖော်ဝါရီ၂၈ ရက် မနက်ပိုင်းက ပစ်ခတ်ဖြိုခွင်းမှုတွေ ပြုလုပ်ခဲ့ရာ အမျိုးသားနှစ်ဦးသေဆုံးပြီး ဆယ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့မြို့ခံတွေကနေ စုံစမ်းသိရှိရပါတယ်။ ” သုံးဦးသေဆုံးတယ်လို့ သတင်းတွေဖြစ်နေပေမယ့် အမှန်တကယ်က နှစ်ဦးသာ သေဆုံးပါတယ်။ ထိခိုက် ဒဏ်ရာရသူ‌ ဆယ်ဦးလောက်ရှိပေမယ့် စိုးရိမ်ရတဲ့လူ မရှိဘူး”လို့ ပဲခူးမြို့ခံ ဦးသန်းဝင်းနိုင်ကပြောပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေပစ်ခတ်ခဲ့လို့ သေဆုံးသူနှစ်ဦးဟာ ပဲခူးမြို့၊ မဇင်းရပ်ကွက်၊ ဒိုဘီ ၁ လမ်းနေ ကြည်လှိုင်မင်း (ခေါ်) ဂေါင်းကြီး(၁၈ နှစ်)နဲ့ ဇိုင်းမြောက်ရပ်ကွက်နေ စည်သူစိုး (ခေါ်)ကိုစိုး (၁၇ နှစ်)တို့ဖြစ်ပြီး ဦးခေါင်းနေရာနဲ့လည်ပင်းနေရာတွေကို ကျည်ထိမှန် သေဆုံးခဲ့တာဖြစ်တယ်လို့ မြို့ခံလူမှုကူညီရေးအဖွဲ့တွေကနေ သိရပါတယ်။ သေနတ်ထိမှန်လို့ အမျိုးသားနှစ်ဦး သေဆုံးခဲ့သလို အမျိုးသားတစ်ဦးလည်း စိုးရိမ်ဖွယ်အခြေအနေရှိနေတယ်လို့ ပဲခူးမြို့နယ် ပြည်သူ့ဆေးရုံမှ မှုခင်းဆရာဝန်တစ်ဦးရဲ့ပြောပြတဲ့အကြောင်း ပဲခူးမြို့ခံ…

Read More

ပခုက္ကူမြို့က ကျည်ထိမှန်သေဆုံးသူ ကိုနေလင်းဦးရဲ့ ဈာပန

မတ် ၁-၂၀၂၁ သတင်းဓါတ်ပုံ – နေလင်းဖြူ ပခုက္ကူမြို့ ထင်တန်းလမ်းနဲ့ ရုပ်စုံကျောင်းလမ်းဆုံရှေ့မှာ ဖေဖော်ဝါရီ၂၈ရက် မနက်ပိုင်းက ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် ကျည်ထိမှန်သေဆုံးသွားတဲ့ အသက်၃၄နှစ် ကိုနေလင်းဦး(ခ)နေမျိုးဦးရဲ့ ဈာပနကို ရင်ခွဲရုံကနေ သုံးမိုင်ကုန် သုဿန်ကို ဒီနေ့မွန်းလွဲ ၂နာရီက သံဃာတော်တွေနဲ့ နိုင်ငံရေးတက်ကြွသူတွေ၊ ပြည်သူတစ်သိန်းကျော် လိုက်ပါပို့ဆောင်ပေးခဲ့ပါတယ်။ #voiceofmyanmar #VOM #ပခုက္ကူနာရေး

Read More

ဆန္ဒပြပွဲမှာ ရင်ဘတ်ကို ကျည်ဆံထိမှန်ပြီး သေဆုံးခဲ့တဲ့ ထက်ခေါင်ကျော်ရဲ့ နာရေး

မန္တလေး၊ မတ်- ၁- ၂၀၂၁ ရှိုင်းအောင်(VOM) မန္တလေးမြို့မှာ ဖေဖော်ဝါရီ ၂၈ ရက်နေ့က စစ်သားနဲ့ ရဲတွေနဲ့ ချီတက်ရာလမ်းကြောင်းတစ်လျှောက် ပစ်ခတ်မှုတွေရှိခဲ့တာကြောင့် ၆၈ လမ်း ၃၄×၃၅ လမ်းကြားမှာ ရင်ဘတ်ကို ကျည်ဆံထိမှန်ပြီး သေဆုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ သေဆုံးသူ ကိုထက်ခေါင်ကျော် ရဲ့ မိခင်ဖြစ်သူ ပြောပြတာကတော့ ” အမေ သားကို ပိုက်ဆံ ၅၀၀၀ လောက်ပေးပါလားဆိုတော့ ဘာလုပ်မလို့လဲ မေးလိုက်တာ သူက အမေ သား ဆန္ဒပြပွဲသွားမလို့ဆိုပြီး ထွက်သွားတာ အဲ့ကတည်းက ပြန်မလာတော့တာ၊ မနက်ကျမှ အကြီးမ က အမေတဲ့ ဒီလိုဒီလိုပဲ သွားကြည့်ဦးမယ်ဆိုပြီး သွားကြည့်တော့ အမေ ဟုတ်တယ် လို့ပြောမှ သိတာ” လို့ ပြောပါတယ်။ သေဆုံးသူ ကိုထက်ခေါင်ကျော် က ငါန်းဇွန်မြို့မှာ ဆိုင်ကယ်ဝပ်လျှော့…

Read More

ထားဝယ်မှာ လုံခြုံရေးတပ်ဖွဲ့တွေပစ်သတ်လို့ သေဆုံးသွားသူရဲ့ နာရေးကို ဒီနေ့ပြုလုပ်

မတ် ၁-၂၀၂၁ STY မနေ့ ဖေဖော်ဝါရီ ၂၈ရက်နေ့က ထားဝယ်မြို့ ဈေးတောင်ဘက်လမ်းမှာ ငြိမ်းချမ်းစွာဆန္ဒပြနေစဉ် လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တဲ့ အသက်၃၆နှစ် အရွယ်ရှိ ကရပ်ပြင်မြောက်ရပ်ကွက် ထားဝယ်မြို့နေထိုင်သူ ကိုသန်းဝင်း (ခေါ်) ဂျွန်မာခမ်း ရဲ့ ဈာပနကို ဒီနေ့ မတ်လ ၁ရက်နေ့မှာ အစ္စလာမ်ဘာသာဝင်တွေရဲ့ ထုံးစံအတိုင်း ပြုလုပ်ခဲ့ပါတယ်။ ငြိမ်းချမ်းစွာဆန္ဒပြနေသူတွေကို ရဲနဲ့စစ်တပ်က ပစ်ခတ်ဖြိုခွဲခဲ့လို့ မနေ့ကတရက်တည်း ထားဝယ်မြို့မှာ လူလေးဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ ငြိမ်းချမ်းစွာဆန္ဒပြရင်း ရဲနဲ့စစ်တပ်က ပစ်ခတ်ဖြိုခွဲမှုတွေကြောင့် သေဆုံးသူဦးရေဟာ တနိုင်ငံလုံးမှာ လူဦးရေ ၂၀ထက်မနည်း ရှိနေပြီ ဖြစ်ပါတယ်။ #VoiceOfMyanmar #VOM #ထားဝယ် #ဆန္ဒပြ #သေဆုံး #ကိုသန်းဝင်းခေါ်ဂျွန်မာခမ်း #နာရေး

Read More

CDM လုပ်နေတဲ့ ဒလသင်္ဘောကျင်း ဝန်းထမ်းတွေ ခြိမ်းခြောက်ခံနေရ

ဒလ- မတ် ၁-၂၀၂၁ မင်းဝဿန်(VOM) CDM လုပ်နေတဲ့ ဒလသင်္ဘောကျင်း ဝန်ထမ်းတွေကို အလုပ်ပြန်ဆင်းဖို့ မဆင်းရင် အရေးယူမှုတွေရှိလာမယ်ဆိုပြီး ခြိမ်းခြောက်ခံနေရတယ်လို့ CDM ဝန်ထမ်းတစ်ဦးကပြောပါတယ်။ “ညီငယ် ညီမ ငယ်တွေရဲ့သွေးမြေကျနေပြီ ဒီလိုအဖြစ်ဆိုးမျိုးတွေ ဆက်မဖြစ်စေချင်တော့ဘူး။ ဒါကြောင့်သူတို့ ဘယ်လောက်ပဲ၊ ဘာတွေနဲ့ပဲခြိမ်းခြောက်၊ခြိမ်းခြောက် ကျွန်မတို့ ပြည်တွေအတွက် CDM မှာ ပါဝင်မှာပါ။ CDM မလုပ်သူတွေက သူတို့သမိုင်းသူတို့ရေးတာပဲ လိပ်ပြာလုံလုံနေနိုင်ပါစေလို့ ဆုတောင်းပါတယ်”လို့ ဒလသင်္ဘောကျင်း ဝန်ထမ်းတဦးကပြောပါတယ်။ CDMမှာ ပါဝင်တဲ့ဝန်ထမ်းတွေကို ဒလသင်္ဘောကျင်းတာဝန်ရှိသူတွေက CDM လုပ်ကြောင်းအတင်းအဓ္ဓမလက်မှတ်ထိုးခိုင်နေမှုအပေါ် ကြောက်ရွံ့နေမှာမဟုတ်ဘဲ လက်မှတ်ထိုးပေးသွားမည်ဖြစ်ကြောင်း CDMတွင်ပါဝင်သူတွေက ပြောပါတယ်။ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ဒလသင်္ဘောကျင်း ဝန်းထမ်းပေါင်း(၁၉၀)ကျော်ရှိတဲ့အထဲက ဝန်ထမ်း( ၆၀)ဟာ CDMလုပ် နေတဲ့ အပေါ်တာဝန်ရှိသူတွေက မတရားဥပဒေတွေနဲ့ ခြိမ်းခြောက်ခြင်းခံနေရခြင်းကြောင့် ဒလမြို့နယ်သူ၊မြို့နယ်သားတွေအနေနဲ့ ဝန်းရံပေးဖို့လည်း CDM အောင်မြင်ရေးကြိုးပမ်းသူများက တောင်းဆိုထားကြပါတယ်။ #voiceofmyanmar #VOM…

Read More

ကျည်ထိမှန်သေဆုံးခဲ့တဲ့ ကိုဟိန်းထွဋ်အောင်ရဲ့ ရုပ်အလောင်းကို နေအိမ်ပြန်သယ်လာ

မတ် ၁-၂၀၂၁ ယဉ်ပပထွန်း(VOM) ဖေဖော်ဝါရီ ၂၈ရက်နေ့ မနေ့က သင်္ဃန်းကျွန်း လေးထောင့်ကန်လမ်း ဘဝမြင့်မှတ်တိုင်နားမှာ ကျည်မှန်ပြီးသေဆုံးသွားတဲ့ ကိုဟိန်းထွဋ်အောင်ကို စံပြဆေးရုံကနေ တောင်ဒဂုံနေအိမ်ကို ဒီနေ့ မတ်လ ၁ရက်နေ့ နေ့လယ်ပိုင်းက ပြန်သယ်လာခဲ့ပါတယ်။ ပြန်သယ်လာတဲ့လမ်းတလျှောက် ကားကိုဖြည်းညင်းစွာ မောင်းနှင်ခဲ့ပြီး ဓာတ်ပုံရိုက်သူတွေကိုလည်း ခွင်ပြုပေးခဲ့တာ တွေ့ရပါတယ် ။ ဒီနေ့ နေ့လယ် ၂နာရီ ပတ်ဝန်းကျင်အထိ လေးထောင့်ကန်လမ်း စံပြဈေးမှတ်တိုင်ကနေ ဇဝနအထိ လမ်းတွေကိုပိတ်ဆို့ပြီး ထိုင်သပိတ် ဆန္ဒပြနေကြတာကိုလည်း တွေ့ရပါတယ်။ ဖေဖော်ဝါရီ ၁ရက်နေ့မှာ န.စ.အ ကောင်စီက အာဏာရယူပြီးနောက် ရန်ကုန်က ဆန္ဒပြပွဲတွေအတွင်း ရဲနဲ့ စစ်တပ်ရဲ့ ဖြိုခွင်းမှုကြောင့် သေဆုံးသူ ၅ဦးထိရှိနေပြီး တနိုင်ငံလုံးမှာတော့ ၂၀ဦးကျော်အထိ သေဆုံးခဲ့ပြီဖြစ်ပါတယ်။ #VoiceOfMyanmar #VOM #ကိုဟိန်းထွဋ်အောင် #ရုပ်အလောင်း #နေအိမ်ပြန်သယ်

Read More

စစ်တပ်နဲ့ ရဲတွေရောက်လာလို့ တပ်ပေါင်းစုသပိတ်စစ်ကြောင်း လူစုခွဲခဲ့ရ

မန္တလေး၊ မတ်- ၁- ၂၀၂၁ ရှိုင်းအောင်(VOM) မန္တလေးမြို့ မြတောင်ကျောင်းတိုက်က သံ ဃာတွေ ဦးဆောင်တဲ့ တပ်ပေါင်းစုသပိတ်စစ်ကြောင်းဟာ ၃၁ ရွှေတချောင်းလမ်းအရောက်မှာ စစ်တပ်နဲ့ ရဲတွေရောက်လာလို့ လူစုခွဲခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။ #VOM #voiceofmyanmar #Mandalay #တပ်ပေါင်းစုသပိတ်စစ်ကြောင်း #လူစုခွဲ #ဆန္ဒပြ

Read More

ကလေးမြို့က ဆန္ဒပြသူတွေကို မျက်ရည်ယိုဗုံးပစ်ကာ လူစုခွဲ

ကလေး-မတ်၁-၂၀၂၁ သိမ်မွေ့ကဗျာ ကလေးမြို့မှာ ဆန္ဒပြပြည်သူလူထုနဲ့ ရဲတပ်ဖွဲ့ ထိပ်တိုက်တွေ့မှုဖြစ်ပွားခဲ့ရာကနေ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးပစ်ကာ လူစုခွဲခဲ့တယ်လို့ သိရပါတယ်။ ဆန္ဒပြသပိတ်စစ်ကြောင်း ချီတက်နေစဉ် ရဲတပ်ဖွဲ့နဲ့ စစ်ကားများ မလာနိုင်အောင် JCB ယာဉ်တစ်စီးက တားဆီးပေးခဲ့ရာကနေ JCB ယာဉ်မောင်းနှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးသွားခဲ့တာပါ။ ဖမ်းခံလိုက်ရတဲ့ JCB ယာဉ်မောင်းနှစ်ဦးကို ပြန်ထုတ်ပေးဖို့ ဆန္ဒပြပြည်သူလူထုကနေ တောင်းဆိုခဲ့ကြပြီး ညနေ ၄ နာရီနောက်ဆုံးထားကာ ပြန်လည်လွှတ်ပေးမယ်လို့ ရဲတပ်ဖွဲ့က ပြောဆိုခဲ့ပေမယ့် လက်မခံတဲ့ ပြည်သူအချို့နဲ့ ထိပ်တိုက်တွေ့မှုဖြစ်ပွားခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံး၊ အသံဗုံးတို့နဲ့ လူစုခွဲခဲ့ပြီး ဆက်လက်တင်းမာနေချိန်မှာပဲ သံဃာတော်တွေ ဝင်ရောက်ညှိနှိုင်းပေးခဲ့ပြီး ဆန္ဒပြပြည်သူလူထုလည်း လူစုခွဲပေးလိုက်ပါတယ်။ နောက်ဆုံးစုံစမ်းမှုအရ အခု နေ့လည် ၁ နာရီခန့်မှာပဲ ရဲတပ်ဖွဲ့က ဖမ်းထားတဲ့ JCB ယာဉ်မောင်းနှစ်ဦးကို ပြန်လည်လွှတ်ပေးလိုက်ပြီလို့ သိရပါတယ်။ #voiceofmyanmar #VOM…

Read More
VOM News

FREE
VIEW