ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေ၊ ဆရာ ဆရာမတွေနဲ့ ဝန်ထမ်းတွေကို ပြန်လွှတ်ပေးဖို့ ညှိနိူင်းထား

မတ် ၁-၂၀၂၁
ယဉ်ပပထွန်း(VOM)

မနေ့ ဖေဖော်ဝါရီ ၂၈ရက်နေ့ ဆန္ဒပြပွဲတွေအတွင်း ဖမ်းခံခဲ့ရတဲ့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်နဲ့ နိုင်ငံခြားဘာသာတက္ကသိုလ်က ကျောင်းသား ကျောင်းသူတွေ၊ အခြေခံပညာဆရာ ဆရာမတွေနဲ့ ဝန်ထမ်းတွေ ပြန်လည်လွတ်မြောက်ရေးအတွက် ညှိနိူင်းထားတယ်လို့ ညှိနှိုင်းရာမှာပါတဲ့ ဆရာတဦးဆီကနေ သိရပါတယ်။

နိုင်ငံတကာဆက်ဆံရေးပညာဌာ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်က ကထိက ကိုလှိုင်တင့်က “အရှေ့ပိုင်းတက္ကသိုလ်က ကလေးတွေက ပိုများတယ်။ စာရင်းကောက်တာကတော့ လူဦးရေ ၄၀၊ နိုင်ငံခြားဘာသာတက္ကသိုလ်ရန်ကုန်က ၁ ဦး၊ အခြေခံပညာကဆရာ ဆရာမတွေနဲ့ ဝန်ထမ်းတွေက ၁၁ ဦးတို့ကို ပြန်လွှတ်ပေးဖို့ မနက်ပိုင်းက အင်းစိန်ထောင်သက်ဆိုင်ရာတွေနဲ့ညှိနိူင်းထားပါတယ်။ နည်းမျိုးစုံနဲ့ညှိနိူင်းတဲ့ အခါမှာ ဒီညနေမှာ ပြန်လွှတ်ပေးမယ်လို့တော့ ပြောပါတယ်” လို့ VOM ကို ပြောပါတယ်။

ညှိနိူင်းရာမှာ ပါမာက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ၊ ဌာနမှူး တချို့နဲ့ ဆရာများသမဂ္ဂတို့က အင်းစိန်ထောင်အာဏာပိုင်တွေနဲ့ ညှိနိူင်းခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီ ကျောင်းသား ကျောင်းသူတွေ၊ ဆရာ ဆရာမတွေနဲ့ ဝန်ထမ်းတွေကို စတင်ဖမ်းဆီးသွားစဉ်က တာမွေမြို့နယ် ကျိုက္ကဆံကွင်းမှာ ထားရှိခဲ့တာဖြစ်ပြီး ညပိုင်းမှာ အင်းစိန်ထောင်ကို ပို့လိုက်တာလို့ သိရပါတယ် ။

န.စ.အ ကောင်စီက အာဏာရယူပြီးနောက် နိုင်ငံအနှံ့က အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ ပါဝင်သူများစွာအပြင် သတင်းယူနေတဲ့ သတင်းထောက်တွေကိုပါ ဖမ်းဆီးထိန်းသိမ်းတာတွေ ရှိနေပါတယ်။

#VoiceOfMyanmar #VOM #ဖမ်းဆီးခံရသူတွေ #ပြန်လွှတ်ဖို့ #ညှိနှိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW