ဆူးငှက် ဟေမာဇလက မြေ ———————– ကျွန်တော် အိမ်ထောင်ကျပြီးနောက် ဇနီးသည်က ကျွန်တော့် အိမ်သို့ လိုက်၍နေသည်။ မနက်လင်းသည်နှင့် ကျွန်တော်က သင်္ဘောတန်းရှိ အလုပ်ရုံသိူ့သွားသည်နှင့် သူကလည်း ကျွန်တော့်စက်ဘီးနှင့် အတူလိုက်ကာ အလုပ်ရုံ၏ မြောက်ဘက် တစ်အိမ်ကျော် သူ့အဖေကြီး သစ်စက်မှာ အလုပ်ဝင်သည်။ အိမ်မှာက ထူးထူးခြားခြား ဘာမှ မပြောင်းလဲ။ ညစာမှာပဲ အမေ့စားအိုးမှာ သူ့တစ်ယောက်စာ ပိုလာတာပဲရှိသည်။ ကျွန်တော်က အဘကို ဈေးဖိုး ၂၀ဝိ ပေးရုံပါပဲ။ ထိုစဉ်ကာလ ကျွန်တော့်လခက ၄၀၀ိ/ နီးပါးတော့ ရနေပါပြီ။ ညမှာတော့ ကိုယ်မိန်းမက အိမ်ပါလာပြီမို့ အရင်လို ဝမ်းကွဲ အစ်ကိုတွေနှင့် ညဈေးတန်းတော့ မသွားဖြစ်တော့ပေ။ သူနှင့် လမ်းလျှောက်ရင်း ရုံတော်ကြီးရှိ အင်းဝအအေးဆိုင်သို့ နို့ချဉ် သွားသောက် တာမျိုးတော့ ရှိသည်။ ကျွန်တော့် ဝမ်းကွဲ အစ်ကိုတွေက…
Read MoreDay: June 16, 2026
စိုက်ပျိုးစရိတ် ချေးငွေထုတ်ယူမှု အခက်အခဲတွေတင်ပြ
မန္တလေး၊ ဇွန်- ၁၅- ၂၀၂၆ SA(VOM) လယ်ယာမြေပိုင်ဆိုင်မှု ပုံစံ ၇ ကို အခက်အခဲမရှိ အမည်လွှဲ ပြောင်းပေးနိုင်ရေးနဲ့ စိုက်ပျိုးစရိတ် ချေးငွေထုတ်ယူနိုင်ရေးအတွက် ဆောင်ရွက်ပေးဖို့အစီအစဥ် ရှိ မရှိ မေးခွန်းကို ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်၊ ကိုယ်စားလှယ်အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်း က ဒီကနေ့ကျင်းပတဲ့ တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး အဋ္ဌမနေ့ အခမ်းအနားမှာ လွှတ် တော်ကတဆင့် သက်ဆိုင်ရာ ဝန်ကြီးဌာနကို မေးမြန်းခဲ့ပါတယ်။ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်း က ” မဲဆန္ဒရှင်ပြည်သူအများနဲ့ ထိတွေ့၍ ပြည်သူ့အသံ ပြည်သူ့ဆန္ဒကိုသိရှိရန် ပြည်သူများနှင့်ထိတွေ့ပွဲနေရာတော်တော်များများတွင် အများပြည်သူများရဲ့တင်ပြချက်အရ ပြီးခဲ့သည့်ဘဏ္ဍာနှစ် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ယူခွင့်မရရှိကြောင်း၊ လယ်ယာမြေပိုင်ဆိုင်မှူ ပုံစံ( ၇ ) အမည်ပေါက်သူ ကွယ်လွန်သွားပြီးဖြစ်၍ အမွေဆက်ခံသူ မိသားစုအနေဖြင့် စိုက်ပျိုးစရိတ်ချေးငွေလျှောက်ထားရာတွင် မရ ရှိကြပါ။…
Read Moreရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးရွေးချယ်ခြင်းနှင့်ပြည်သူတို့သိထားရမည့် အခွင့်အရေးများ
မန္တလေး- ဇွန် ၁၅-၂၀၂၆ KKA (VOM) ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးဟာ ပြည်သူလူထုနဲ့ အနီးကပ်ဆုံး ဖြစ်ပြီး နေ့စဉ်လူမှုစီးပွားကိစ္စတွေ၊ ထောက်ခံစာကိစ္စတွေကအစ တိုက်ရိုက်ပတ်သက်နေတဲ့ အရေးကြီးတဲ့ ယန္တရားတစ်ခု ဖြစ်ပါတယ်။ရပ်ရွာ ဖွံ့ဖြိုးတိုးတက်ဖို့ကလည်း အခြေခံကျတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက အလွန်အက္ခရာကျပါတယ်။ လတ်တလောမှာ အုပ်ချုပ်ရေးမှူးသစ်တွေ ရွေးချယ်ဖို့အတွက် ပထမအဆင့်ဖြစ်တဲ့ ကြီးကြပ်ရေးအဖွဲ့ (နာယက) ရွေးချယ်မှုတွေကို နေရာအနှံ့အပြားမှာ စတင်လုပ်ဆောင်နေကြပြီလည်း ဖြစ်ပါတယ်။ ဒါကြောင့် ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေအရ ပြည်သူလူထုအနေနဲ့ ကိုယ့်ရဲ့ အခွင့်အရေး၊ရပိုင်ခွင့်နဲ့ တာဝန်တွေကို သိရှိနားလည်ထားဖို့လိုပါတယ်။ ဒါဟာ ကိုယ့်ရပ် ကိုယ့်ရွာရဲ့ တကယ့်အခွင့်ရေးပါ။ မှန်မှန်ကန်ကန် ရွေးချယ်တတ်ဖို့လိုပါတယ်။ အုပ်ချုပ်ရေးမှူးကို တိုက်ရိုက်မရွေးချယ်ခင်မှာ ဒီရွေးချယ်မှုလုပ်ငန်းစဉ်တစ်ခုလုံးကို ဘက်လိုက်မှုမရှိ၊ သန့်ရှင်းသပ်ရပ်စွာ ကိုင်တွယ်မယ့် လုပ်ကိုင်ေဆာင်ရွက်ေပးနိုင်မယ့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး…
Read Moreဆက်ကျော်သက် လူငယ်တွေနဲ့ ရင်လေးစရာ အနာဂတ်
ဇွန် ၁၅ – ၂၀၂၆ SN (VOM) “ယနေ့လူငယ်၊ နောင်ဝယ်လူကြီး” ဆိုတဲ့ ဆိုးရိုးစကားအတိုင်း နိုင်ငံတနိုင်ငံအနေနဲ့ ကြည့်မယ်ဆိုရင်တော့ ဒီနေ့ခေတ် လူငယ်တွေဟာ အနာဂတ် နိုင်ငံတော်သစ်မှာ လူကြီးတွေရဲ့နေရာကို ပခုံးပြောင်း တာဝန်ယူကြရမယ့် လူ့စွမ်းအား အရင်းအမြစ်တွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေ့၊ ဒီအချိန်မှာ အနာဂတ်မဲ့လာတဲ့ လူငယ်အများစုရဲ့ တရားဥပဒေမဲ့ လုပ်ရပ်တွေ များပြားလာခြင်းဟာ တိုင်းပြည်အတွက် ကောင်းတဲ့ အလားအလာတခုတော့ မဟုတ်ပါဘူး။ ပြစ်မှုကျူးလွန်သူ အများစုကို ကြည့်လိုက်ရင် ဆယ်ကျော်သက် လူငယ်လေးတွေ ဖြစ်နေခြင်းဟာ နိုင်ငံ့အနာဂတ်အတွက် ရင်လေးစရာအတိ ဖြစ်လို့နေပါတယ်။ ဒီကနေ့ ဆယ်ကျော်သက်လူငယ်တွေရဲ့ အနာဂတ်ဟာ စိတ်ကျန်းမာရေးပြဿနာတွေ၊ ပညာရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်း ဆုံးရှုံးမှုတွေ၊ လူမှုရေး မတည်ငြိမ်မှုတွေကြောင့် အထူး စိုးရိမ်ဖွယ်ရာ ဖြစ်နေပါတယ်။ ခေတ်စနစ်ရဲ့ ပြောင်းလဲလာတဲ့ အခြေအနေအရ လူငယ်တွေ…
Read More