သရုပ်ဆောင်ပိုင်တံခွန် ​နေအိမ်တွင်ဖမ်းဆီးခံရ

ရန်ကုန်၊ဧပြီ ၈၊၂၀၂၁
အေးချမ်းသူ(VOM)

ပုဒ်မ၅၀၅(က)ဖြင့် အမှုဖွင့်လှစ်ထားတဲ့
သရုပ်ဆောင်ပိုင်တံခွန်ကို ဒီနေ့နံနက် ၅နာရီက
မြောက်ဒဂုံမြို့နယ်က နေအိမ်မှာ ဖမ်းဆီးခံရကြောင်း မိသားစုဝင်တွေဆီကသိရပ်တယ်။

မိသားစုဝင်တစ်ဦးက “အခုမနက်ပဲ မြောက်
ဒဂုံနေအိမ်မှာ လာဖမ်းသွားတာပါ သူနေမ
ကောင်းလို့ ရှောင်နေရင်းက အိမ်ပြန်လာတာပါ ဒါကြောင့် အဖမ်းခံရတာ”လို့ပြောပါတယ်။

မြောက်ဒဂုံမြို့နယ်ရှိ သရုပ်ဆောင် ပိုင်တံခွန်နေအိမ်ကို ဒီနေ့မနက် ၅နာရီခန့်က စစ်တပ်နဲ့ရဲကား ၈စီးဖြင့် လာရောက်ဖမ်းဆီးခဲ့တာပါ။

သရုပ်ဆောင်ပိုင်တံခွန်ကို ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆို အမှုဖွင့်ထားကြောင်း မနေ့က မြဝတီနဲ့ MRTV သတင်းဌာနကနေ ကြေညာခဲ့ပြီးဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း သရုပ်ဆောင်ရဲတိုက်ဟာ မရမ်းကုန်မြို့နယ် သမိုင်းလမ်းဆုံအနီးမှာ ဖမ်းဆီးခံခဲ့ရပါသေးတယ်။

နာမည်ကျော်အနုပညာရှင်များနှင့် လူမူ့ကွန်ရက်မှ လူသိများသည့်သူများအား စစ်တပ်မှ ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်လှစ်ခဲ့သည်မှာ ၁၀၀ ကျော်ရှိပြီဖြစ်ပါတယ်။

#voiceofmyanmar #vom #ပိုင်တံခွန်

Related posts

Leave a Comment

VOM News

FREE
VIEW