ဂျပန်ပင်လယ်ပြင်ထဲကို တာဝေးပစ်ပဲ့ထိန်းဒုံးကျည်တစင်း မြောက်ကိုရီးယား ပစ်ခတ်

ဆိုးလ်၊ ဇူလိုင်-၁၂-၂၀၂၃
မျိုးဆက်(VOM)

မြောက်ကိုရီးယားဟာ တိုက်ချင်းပစ်ဒုံးကျည်လို့ သံသယဖြစ်ဖွယ် တာဝေးပစ်ဒုံးကျည်တစင်းကို ပစ်ခတ်ခဲ့ကြောင်း ဂျပန်နှင့်တောင်ကိုရီးယား တာ၀န်ရှိသူတွေက ဇူလိုင် ၁၂ ရက်မှာ အတည်ပြုလိုက်ပါတယ်။

အဲဒီပဲ့ထိန်းဒုံးကျည်ကို ပြုံးယမ်းကနေ အရှေ့ဘက်ကိုဦးတည်ပစ်ခတ်လိုက်တဲ့ တာဝေးပစ်ဒုံးကျည်ဟာ ဂျပန်ရေပိုင်နက်အတွင်း မကျရောက်မီ အချိန်တနာရီကျော်ကြာ ပျံသန်းခဲ့ကာ ၆၂၁ မိုင်ခရီးရောက်ခဲ့ကြောင်း တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။

အမေရိကန်ကင်းထောက်လေယာဉ်ဟာ လေပိုင်နက်အတွင်း ကျူးကျော်၀င်ရောက်ခဲ့တဲ့အပေါ် လက်တုံ့ပြန်မယ်လို့ မြောက်ကိုရီးယားက ခြိမ်းခြောက်ပြောဆိုပြီးနောက်မှာ ဒုံးကျည်ပစ်ခတ်ခဲ့ခြင်းဖြစ်ပါတယ်။

၀င်ရောက်လာတဲ့ အမေရိကန်လေယာဉ်တွေကို ပစ်ချမယ်လို့ မြောက်ကိုရီးယားက ခြိမ်းခြောက်ထားပါတယ်။

တောင်ကိုရီးယားနဲ့ အမေရိကန်တာ၀န်ရှိသူတွေဟာ မြောက်ကိုရီးယားက ဒုံးကျည်ပစ်ခတ်ပြီးနောက် ချက်ချင်းတွေ့ဆုံဆွေးနွေးခဲ့ပြီး ပူးတွဲကာကွယ်ရေးစွမ်းရည်ကို ပိုမိုခိုင်မာစေမယ်လို့ ထပ်မံအတည်ပြုပြောဆိုလိုက်ပါတယ်။

မြောက်ကိုရီးယားရဲ့ တာဝေးပစ်ဒုံးကျည်ပစ်ခတ်မှုဟာ ကိုရီးယားကျွန်းဆွယ်ငြိမ်းချမ်းရေးနဲ့ နိုင်ငံတကာအသိုက်အ၀န်းကို ဆိုးရွားစွာထိခိုက်စေတဲ့ ရန်စတဲ့လုပ်ရပ်ဖြစ်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို အတိအလင်းချိုးဖောက်ခြင်းဖြစ်ကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့က ထုတ်ပြန်ထားပါတယ်။

Ref: BBC
Photo:AP
#voiceofmyanmar #VOM #ဆိုးလ်

Related posts

Leave a Comment

VOM News

FREE
VIEW