ပြင်းထန်တဲ့အပူလှိုင်းကြောင့် အီတလီမြို့အားလုံးနီးပါးမှာ အပူချိန်သတိပေးချက် အနီရောင်အဆင့် ထုတ်ပြန်ထား

ရောမ၊ ဇူလိုင်-၂၀-၂၀၂၃
မျိုးဆက်(VOM)

ဥရောပမှာဖြစ်ပွားနေတဲ့ ပြင်းထန်တဲ့ အပူလှိုင်းကြောင့် အီတလီနိုင်ငံရှိ အဓိကမြို့ကြီးအားလုံးမှာ အနီရောင်အဆင့် သတိပေးချက်ထုတ်ပြန်ထားကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။

နိုင်ငံအရှေ့မြောက်ပိုင်း ထရီရက်စ်ကနေ အနောက်တောင်ဘက်ရှိမက်ဆီနာထိ မြို့ပေါင်း ၂၃ မြို့မှာ အပူချိန်သတိပေးချက် ထုတ်ပြန်ထားပြီး အပူဒဏ်ကြောင့် ထိခိုက်လွယ်သူတွေသာမက လူတိုင်းအပေါ် သက်ရောက်နိုင်ကြောင်း တာ၀န်ရှိသူတွေက သတိပေးထားပါတယ်။

အီတလီနိုင်ငံ ဆာဒီနီးယားနဲ့ စစ္စလီကျွန်းစုတွေရဲ့အစိတ်အပိုင်းတွေဟာ အပူချိန် ၄၆ ဒီဂရီစင်တီဂရိတ် သို့မဟုတ် ၄၇ ဒီဂရီစင်တီဂရိတ်ထိ ပူပြင်းနိုင်ကြောင်း မိုးလေ၀သကျွမ်းကျင်သူတွေက ပြောပါတယ်။

အပူကြောင့်ဖြစ်တဲ့ ရောဂါလက္ခဏာခံစားရတဲ့လူနာတွေကို ကုသဖို့ သီးခြားဆေးဘက်ဆိုင်ရာ ၀န်ထမ်းတွေခန့်အပ်ပြီး နိုင်ငံတ၀န်းမှာ အရေးပေါ်ကုသဌာနတွေဖွင့်လှစ်ဖို့ အီတလီအစိုးရကို ကျန်းမာရေး၀န်ကြီးဌာနက တိုက်တွန်းထားပြီး အပူနဲ့ဆက်စပ်တဲ့ လူနာဦးရေ ၂၀ ရာခိုင်နှုန်းတိုးလာကြောင်း ထုတ်ပြန်ထားပါတယ်။

ဂရိနဲ့ ဆွစ်အဲလ်ပ်တောင်တန်းတွေအပါအ၀င် ဥရောပတိုက်ကြီးအနှံ့ တောမီးလောင်ကျွမ်းမှုတွေဖြစ်ပွားနေပြီး ပြင်းထန်တဲ့ အပူချိန်ကို မြောက်ကမ္ဘာခြမ်းရှိ လူသန်းပေါင်းများစွာ ရင်ဆိုင်နေရသည်။

Ref:BBC
#voiceofmyanmar #VOM #ရောမ

Related posts

Leave a Comment

VOM News

FREE
VIEW