အမေရိကန်ကြောင့် နျူကလီးယားလက်နက် ထုတ်သုံးနိုင်ကြောင်း မြောက်ကိုရီးယား သတိပေး

ပြုံးယမ်း၊ ဇူလိုင်-၂၁-၂၀၂၃
မျိုးဆက်(VOM)

တောင်ကိုရီးယားမှာ အမေရိကန်လေယာဉ်တင်သင်္ဘောတွေ ဗုံးကြဲလေယာဉ်တွေနဲ့ ရေငုပ်သင်္ဘောများ ဖြန့်ကြက်မှုတွေဟာ မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်တွေ ထုတ်သုံးလာနိုင်တဲ့ စံနှုန်းတွေနဲ့ ကိုက်ညီကြောင်း မြောက်ကိုရီးယားက ဇူလိုင် ၂၀ ရက်မှာ သတိပေးလိုက်ပါတယ်။

နျူကလီးယားလက်နက်တွေ တပ်ဆင်ထားတဲ့ အမေရိကန်ရေငုပ်သင်္ဘော ယူအက်စ်အက်စ်ကန်တပ်ကီဟာ နှစ်ပေါင်း ၄၀ ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဇူလိုင် ၁၈ ရက်မှာ တောင်ကိုရီးယားကို ရောက်ရှိပြီးနောက် နျူကလီးယားလက်နက်အသုံးပြုနိုင်ခြေနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားက သတိပေးလိုက်တာဖြစ်ပါတယ်။

မြောက်ကိုရီးယားအပေါ် နျူကလီးယားတိုက်ခိုက်မှုအတွက် အမေရိကန်ရဲ့ လုပ်ဆောင်မှုအခြေအနေတွေဟာ အရေးကြီးအဆင့်ကို ရောက်ရှိနေကြောင်း မြောက်ကိုရီးယားကာကွယ်ရေး၀န်ကြီး ကန်ဆန်နမ်ကို ကိုးကားပြီး နိုင်ငံပိုင် ကေစီအင်န်အေသတင်းဌာနက ဖော်ပြထားပါတယ်။

ကိုရီးယားကျွန်းဆွယ်မှာ စစ်ရေးအရ ထိပ်တိုက်တွေ့ဆုံမှုအဆင့်ဟာ အန္တရာယ်ရှိတဲ့ အဆင့်သကို ရောက်ရှိနေကြောင်း မြောက်ကိုရီးယားကာကွယ်ရေး၀န်ကြီးက သတိပေးပြောဆိုပါတယ်။

ဒေသတွင်းမှာ အမေရိကန်ရဲ့ တပ်ဖြန့်မှုနဲ့ မဟာဗျူဟာမြောက်လက်နက်ပိုင်ဆိုင်မှုတွေဟာ မြောက်ကိုရီးယားရဲ့ ဥပဒေမှာ သတ်မှတ်ထားတဲ့ နျူကလီးယားလက်နက်အသုံးပြုမှုအတွက် ခွင့်ပြုအခြေအနေတွေအအောက်မှာ ကျရောက်နိုင်ကြောင်း သူကဆိုပါတယ်။

Ref: NHK
#voiceofmyanmar #VOM #ပြုံးယမ်း

Related posts

Leave a Comment

VOM News

FREE
VIEW