ဇူလိုင်လကုန်မှာထုတ်ဝေမယ့် နှစ်သောင်းတန်ရဲ့ ပုံစံဖြစ်ပါတယ်။ အရေအတွက် အကန့်အသတ်နဲ့ထုတ်ဝေမယ်လို့ ဗဟိုဘဏ်ကထုတ်ပြန်ကြောင်း မြဝတီရုပ်သံကကြေငြာသွားပါတယ်။

ဇူလိုင်လကုန်မှာထုတ်ဝေမယ့် နှစ်သောင်းတန်ရဲ့ ပုံစံဖြစ်ပါတယ်။ အရေအတွက် အကန့်အသတ်နဲ့ထုတ်ဝေမယ်လို့ ဗဟိုဘဏ်ကထုတ်ပြန်ကြောင်း မြဝတီရုပ်သံကကြေငြာသွားပါတယ်။

Read More

တောင်ငူမှာ လေပြင်းတိုက်ပြီး အပင်လဲလို့ နေအိမ်ထဲအိပ်နေတဲ့ သားအဖ၂ယောက်သေပြီး အမေနဲ့သမီးလည်းဒဏ်ရာရ

ဇူလိုင် ၂၃-၂၀၂၃ GG (VOM) ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ နေပူကုန်းကျေးရွာအုပ်စု၊ ကံတရာကျေးရွာမှာ ဒီနေ့ ဇူလိုင် ၂၃ ရက် မနက်အစောပိုင်းက မိုးသည်းထန်စွာ ရွာပြီး လေပြင်းတိုက်လို့ နေအိမ်ထဲအိပ်နေတဲ့ မိသားစုလိုက် သစ်ပင်ပိကာ သားအဖ ၂ ယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် နောက်ထပ် အမေဖြစ်သူနဲ့ သမီးဖြစ်သူလည်း သစ်ပင်ပိတဲ့ ဒဏ်ရာကြောင့် နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံမှာ အရေးပါ် ဆေးကုသမှုခံယူခဲ့ရတယ်လို့ သိရပါတယ်။ ” ညက ၁ နာရီလောက်မှာ မိုးရွာ လေတိုက်တာမှာ အိမ်ဘေးက မန်းကျည်းပင်က အိမ်ပေါ်လဲကျပြီး သားအဖ၂ယောက်သေသွားတာ၊ ကံဆိုးလွန်းတာပါ။တစ်ရွာလုံးမှာ သူတို့အိမ်ပိသွားတာ။ သားအမိနှစ်ယောက်ကလည်း ဒဏ်ရာရတယ်။အမေက ခါးထိသွားတယ်။သမီးကလည်း မျက်နာထိတယ်၊ စိုးရိမ်စရာတော့မရှိတော့ပါဘူး။အခုအိမ်ကိုပြန်ရောက်နေပါပြီ “လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးခဲ့သူ လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ သစ်ပင်ပိလို့သေဆုံးတဲ့ ဖခင်ကတော့ အသက် ၃၃…

Read More

ကျပ်ငွေနှစ်သောင်းတန် ထုတ်မယ်လို့ ကြေညာပြီးနောက် ထိုင်း-မြန်မာ ငွေလဲလုပ်ငန်းတွေ ယာယီပိတ်

ဇူလိုင် ၂၃ – ၂၀၂၃ SN (VOM) မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ကျပ်ငွေ နှစ်သောင်းတန် ထုတ်ဝေမယ်လို့ ကြေညာပြီးနောက်ပိုင်း မြဝတီက ထိုင်း-မြန်မာ ငွေလဲလုပ်ငန်းတွေ ယာယီ ပိတ်သိမ်းထားတယ်လို့ ငွေလဲလုပ်ငန်းလုပ်ကိုင်သူတွေဆီက သိရပါတယ်။ ဗဟိုဘဏ်အနေနဲ့ လာမယ့် ဇူလိုင် ၃၁ ရက်နေ့မှာ ကျပ် နှစ်သောင်းတန် ငွေစက္ကူ အမျိုးအစားသစ်ကို အကန့်အသတ်နဲ့ စတင် ထုတ်ဝေသွားမယ်လို့ ကြေညာလိုက်ပြီးနောက် ဒီနေ့မှာ ထိုင်း-မြန်မာနယ်စပ်၊မြဝတီမြို့က ထိုင်း-မြန်မာ ငွေလဲလှယ်ခြင်း လုပ်ငန်းတွေကို ယာယီရပ်ဆိုင်းထားကြတာဖြစ်တယ်လို့ သိရပါတယ်။ “လက်ရှိမှာ မြန်မာကျပ်နဲ့ ဘတ်အရောင်းအဝယ် စျေးကွက်လေး မငြိမ်နေတာမို့ နှစ်ဦးနှစ်ဖက် နစ်နာမှုမရှိ‌ရအောင် ကျပ်ပေး၊ ဘတ်ယူ ဝန်ဆောင်မှုလေးကို လတ်တလောရပ်နားထားပါတယ်။ အမြန်ဆုံး ပြန်လည် ဝန်ဆောင်မှုပေးနိုင်ဖို့ ကြိုးစားနေပါတယ်”လို့ ငွေလဲလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။ လက်ရှိမှာ ကျပ်ငွေတန်ဖိုး ကျဆင်းနေပြီး ငွေလဲနှုန်းမှာ…

Read More

ကလေးငယ်တွေမှာ လက်ရှိ အဖြစ်များနေတဲ့ သွေးလွန်တုပ်ကွေးရောဂါနဲ့ ပက်သက်ပြီး ဒေါက်တာစိုင်းမြတ်သူ (ကလေးဆရာဝန်) နဲ့ ဆက်သွယ်မေးမြန်းခြင်း

ကလေးငယ်တွေမှာ လက်ရှိ အဖြစ်များနေတဲ့ သွေးလွန်တုပ်ကွေးရောဂါနဲ့ ပက်သက်ပြီး ဒေါက်တာစိုင်းမြတ်သူ (ကလေးဆရာဝန်) နဲ့ ဆက်သွယ်မေးမြန်းခြင်း “လူတွေသိထားကြတာက နေ့ခင်းဘက်မှာ ကိုက်တဲ့ခြင် ဆိုပြီး သိထားကြတယ်။ အဲ့ဒီတော့ နေ့ခင်းကို ဂရုစိုက်ကြတာတော့မှန်တယ်။ ဒါပေမယ့် ခြင် တကယ်တမ်း ထကြွ သောင်းကျန်းတဲ့ အချိန်ကကျတော့ နေ့ခင်းဆိုတာထက် မနက် မိုးလင်းတဲ့အချိန် မနက် ၆ နာရီကနေ ၈ နာရီ ကြားထဲရယ်၊ ညနေ ၄ နာရီကနေ ၆ နာရီ၊ ညနေစောင်းအချိန်ရယ်။ ဒီအချိန်တွေမှာလည်း အဓိက ခြင် သောင်းကျန်းတဲ့အချိန်ဖြစ်တယ်။ အဲ့ဒီတော့ လူတွေက အဲ့ဒီအချိန်လေးတွေကျ လွတ်သွားတတ်တယ်။ အဲ့ဒီတော့ မနက် အိပ်ရာထတဲ့အချိန်နဲ့ ညနေစောင်းတဲ့ အချိန်လေး ဒီခြင်တွေရဲ့ လှုပ်ရှားမှုအများဆုံးဖြစ်တဲ့ အချိန်မှာ ခြင်ကိုက်မခံရအောင် သတိထားရမယ်” ဇူလိုင် ၂၃-၂၀၂၃ SN (VOM)…

Read More

ကိုရီးယားကျွန်းဆွယ် ပင်လယ်ဝါထဲကို ခရုဇ်ဒုံးကျည်အများအပြား မြောက်ကိုရီးယားပစ်ခတ်ပြန်

ဆိုးလ်၊ ဇူလိုင်-၂၂-၂၀၂၃ မျိုးဆက်(VOM) မြောက်ကိုရီးယားဟာ ကိုရီးယားကျွန်းဆွယ်အနောက်ဘက် ပင်လယ်ဝါထဲကို ခရုဇ်ဒုံးကျည်အများအပြား ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က အတည်ပြုထုတ်ပြန်လိုက်ပါတယ်။ အဲဒီဒုံးကျည်ပစ်ခတ်မှုဟာ ဇူလိုင် ၂၂ ရက် နံနက် ၄ နာရီ၀န်းကျင်မှာ စတင်ခဲ့ကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးချုပ်များအဖွဲ့က ထုတ်ပြန်ထားပြီး အမေရိကန်တာ၀န်ရှိသူတွေနဲ့အတူ ဒုံးကျည်ပစ်ခတ်မှုကို ခွဲခြားစိတ်ဖြာနေတယ်လို့ ဆိုပါတယ်။ အမေရိကန်ရဲ့ စစ်ရေး ဟန့်တားနိုင်မှုနဲ့ပတ်သက်ပြီး အမေရိကန်တာ၀န်ရှိသူတွေနဲ့ တောင်ကိုရီးယားနျူကလီးယားအတိုင်ပင်အဖွဲ့တို့ရဲ့ ပထမဆုံးအကြိမ်အစည်းအဝေးကို ဆိုးလ်မှာပြုလုပ်ပြီးနောက် ရက်ပိုင်းအကြာမှာ အခုလိုခရုဇ်ဒုံးကျည်တွေ ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးလ်ဟာ ဇူလိုင် ၁၉ ရက်မှာ အရှေ့တောင်ဘက် ဆိပ်ကမ်းမြို့ ဘူဆန်မှာ ရောက်ရှိနေတဲ့ အမေရိကန်ရေငုပ်သင်္ဘောကို စစ်ဆေးကြည့်ရှုခဲ့ပြီး ဒါဟာ နှစ် ၄၀ ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန်ရေငုပ်သင်္ဘော တောင်ကိုရီးယားကို ဆိုက်ကပ်ခြင်းဖြစ်ပါတယ်။ မြောက်ကိုရီးယားဟာ ဇူလိုင် ၁၂ ရက်မှာ ဟွာဆောင်-၁၈ တိုက်ချင်းပစ်ဒုံးကျည်စမ်းသပ်ပစ်ခတ်ခဲ့ပြီး…

Read More

မြန်မာဇာတ်လမ်းတွဲတွေ မရိုက်ကူးမီ ခွင့်ပြုချက်ရယူဖို့ သြဂုတ် ၁ ရက်ကစ ဆင်ဆာအဖွဲ့ကို တင်ပြရမယ်

ဇူလိုင် ၂၂-၂၀၂၃ MM(VOM) မြန်မာဇာတ်လမ်းတွဲတွေ မရိုက်ကူးမီ ဇာတ်လမ်းခွင့်ပြုချက်ရယူဖို့အတွက် ဗီဒီယိုဆင်ဆာအဖွဲ့ကို လာမယ့် သြဂုတ်လ ၁ ရက်ကစတင်ပြီး တင်ပြရမယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကထုတ်ပြန်ချက်အရ သိရပါတယ်။ ရုပ်မြင်သံကြားလုပ်ငန်း လုပ်ကိုင်သူတွေ၊ ထုတ်လုပ်ရေးတွေအနေနဲ့ မြန်မာဇာတ်လမ်းတွဲတွေ မရိုက်ကူးမီ ဇာတ်လမ်းခွင့်ပြုချက်ရယူဖို့အတွက် ဇာတ်လမ်းအကျဉ်းနဲ့ အခန်းစဉ်တွေကို ဇာတ်လမ်းတွဲ မရိုက်ကူးမီ ဗီဒီယိုဆင်ဆာအဖွဲ့သို့ ဩဂုတ် ၁ရက်ကစပြီး ကြိုတင်တင်ပြရမှာဖြစ်တယ်လို့ မနေ့ ဇူလိုင် ၂၁ ရက်က သတင်းထုတ်ပြန်ခဲ့တာလို့ သိရပါတယ်။ ”သက်ဆိုင်ရာ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက အကြောင်းကြားလာတာကြောင့် အခုလို အစည်း အရုံးကထုတ်ပြန်တာပါ”လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ အဲ့ဒီ ကိစ္စနဲ့ပတ်သက်လို့ ဇာတ်လမ်းတွဲ ထုတ်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးက” အလုပ် လုပ်ရတာ အရမ်းခက်ခဲသွားပြီ ၊ ဗီဒီယိုလောကရပ်တန့်သွားတဲ့အပြင် အခု ဇာတ်လမ်းတွဲ လောကပါ ရပ်တန့်သွားတော့မှာ…

Read More

ရန်ကုန်က Transporter Bar ဝင်စီးခံရလို့ လူ ၂၀၀ နီးပါး ထိန်းသိမ်းခံရ

ဇူလိုင် ၂၂ – ၂၀၂၃ GG (VOM) ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြိုနယ်၊ အမှတ် (၈) ရပ်ကွက်၊ဝေဇယန္တာလမ်းအမှတ် (၅ဝ) မှာ ဖွင့်ထားတဲ့ Transporter Bar & Club က လူ အယောက် ၂၀၀ လောက် ညတုန်းက ဖမ်းခံလိုက်ရတယ်လို့ သိရပါတယ်။ အဆိုပါ ဘားဟာ သတ်မှတ်တဲ့အချိန် ၁၁ နာရီထက်ကျော်လွန်ဖွင့်လို့ဆိုပြီး ညနက်အချိန် ၁၂ နာရီကျော်လောက်မှာ တာဝန်ရှိသူတွေက ဝင်ရောက်စစ်ဆေးခဲ့တာဖြစ်ကြောင်း၊ စစ်ဆေးစဥ် ယောကျ်ားလေး ၁၀၀ ကျော် ၊ မိန်းကလေး ၈၀ ဝန်းကျင်ကို ဖမ်းဆီးထိန်းသိမ်းရမိခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ” အကုန်လုံးမလှုပ်နဲ့ ဆင်းဆိုတာပဲတဲ့။အချိန်ကျော်ဖွင့်လို့ ဝင်စီးတာလို့ပြောတယ်။ အစောကြီး ပြန်လိုက်ရတယ်။ ဖမ်းတယ်ဆိုတာထက် အကုန်လုံး သတိပေး ဘာညာလုပ်တဲ့သဘောပါတဲ့ ။မဟုတ်ရင်အခုချိန် အင်းစိန်တန်းစီလို့နေမှာ ။ ဘားကပိတ်ကြားပေမယ့် စုံစမ်းကြည့်တော့မပိတ်ပါဘူးတဲ့…

Read More

ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် (ARSA) ထိပ်တန်းတပ်မှူးတဦး ဘင်္ဂလားဒေ့ရ်ှဒုက္ခသည်စခန်းမှာ ဖမ်းဆီးခံရ

ဒါကာ၊ ဇူလိုင်-၂၂-၂၀၂၃ မျိုးဆက်(VOM) ဘင်္ဂလားဒေ့ရ်ှနိုင်ငံအရှေ့တောင်ပိုင်း ကော့ဘဇားဒုက္ခသည်စခန်းမှာ ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် ARSA အဖွဲ့ရဲ့ အဓိကခေါင်းဆောင်တဦးကို ဇူလိုင် ၂၁ ရက်ညပိုင်းမှာ ဖမ်းဆီးရမိခဲ့ကြောင်း တာ၀န်ရှိသူတွေက အတည်ပြုထုတ်ပြန်ပါတယ်။ ဖမ်းဆီးရမိသူဟာ ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် ARSA အဖွဲ့ရဲ့ တပ်မှူး ဟာဖက်ဇ်နာမိုဟာမက်ကို သောကြောနေ့ညက ပြုလုပ်တဲ့ စစ်ဆင်ရေးအတွင်းမှာ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး အခြားအဖွဲ့၀င်တွေကို ဖမ်းဆီးနိုင်ရေး ဆက်လုပ်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် ARSA ဟာ ရာဇ၀တ်မှုတွေ၊ ပြန်ပေးဆွဲမှုတွေနဲ့ လူသတ်မှုတွေအတွက် တာ၀န်ရှိကြောင်း ဘင်္ဂလားဒေ့ရ်ှရဲတပ်ဖွဲ့က စွပ်စွဲထားပါတယ်။ ရခိုင်ပြည်နယ်နယ်စပ်က ခွဲထွက်ရေးသောင်းကျန်းသူအဖွဲ့တွေဟာ ဘင်္ဂလားဒေ့ရ်ှက ကော့ဘဇားဒုက္ခသည်စခန်းတွေကို ထိန်းချုပ်ဖို့ ကြိုးပမ်းနေကြတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ရာဇ၀တ်ဂိုဏ်းတွေဟာ ဘင်္ဂလားဒေ့ရ်ှဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေကို အကြမ်းဖက်ဖို့ လုပ်ဆောင်နေကြောင်း ယခုလအစောပိုင်းမှာ ထုတ်ပြန်တဲ့လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ကော့ဘဇားမှာရှိတဲ့ ဒုက္ခသည်စခန်းတွေမှာ လက်နက်ကိုင်အဖွဲ့ ၁၁…

Read More

အွန်လိုင်းကနေ စျေးရောင်းသူတိုင်း မှတ်ပုံတင်ရမယ်ဆိုတဲ့သတိပေးချက် တနိုင်တပိုင် သမားတွေအတွက် အခက်အခဲရှိနေ

ဇူလိုင် ၂၂ – ၂၀၂၃ GG (VOM) အွန်လိုင်းကနေ စျေးရောင်းချမယ့်သူတိုင်း Online Shopping ဆိုင်ရာ မှတ်ပုံတင်လက်မှတ် လျှောက်ထားရမယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက မနေ့ဇူလိုင်၂၁ ရက်နေ့မှာ သတိပေးထုတ်ပြန်လိုက်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ အလုပ်အကိုင် အခွင့်အလမ်းတွေရှားပါးခြင်း၊ ကုန်စျေးနူန်းတွေအဆမတန်မြင့်တက်ခြင်း စတဲ့အခက်အခဲတွေ ကြောင့် လူအများစုဟာ အွန်လိုင်းစာမျက်နှာကနေ တနိုင်တပိုင်စျေးရောင်းချတာတွေ၊ live sale တွေကို အဓိက အသုံးပြုပြီး စီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်လာကြတာဖြစ်ပါတယ်။ အခုလို အွန်လိုင်းစနစ်နဲ့ စျေးရောင်းချနေသူတွေအပေါ် တာဝန်ရှိသူတွေဘက်က စည်းကမ်းတင်းကျပ်လိုက်တာဟာ တနိုင်တပိုင် လုပ်ကိုင်နေသူတွေအတွက် အခက်အခဲတွေ ဖြစ်လာ တယ်လို့ အွန်လိုင်းရှော့ပင်းလုပ်ကိုင်သူတွေကပြောဆိုပါတယ်။ ” အခုကာလ အလုပ်အကိုင်တွေမပြေလို့ ကိုယ့်ဘာသာ ဟင်းလေးကြော်ရောင်းတာရှိမယ်။မုန့်လေးလုပ်ရောင်းတာရှိမယ်။အပြင်မှာ ဆိုင်လေးနဲ့ရောင်းနေတာကို လူသိအောင် ကိုယ့် ဖေ့စ်ဘုတ် ကနေ ပုံလေးတွေနဲ့ ဝယ်ကြပါအုံးဆိုပြီး ရောင်းတာရှိမယ်လေ။ အခုက သူတို့ပြောသလို…

Read More

နမ်ဆန်ယန်ရွာနဲ့ ခါ့ယာတောင်ရွာဘက်မှာ ဗုံးကျဲခံရတယ်လို့ သိရ

ဇူလိုင် ၂၂-၂၀၂၂ Shy V(VOM) KIO/KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးက နမ်ဆန်ယန်ရွာနဲ့ ခါ့ယာတောင်ကြောဘက်မှာ မနေ့ ဇူလိုင်၂၁ ရက် ည ၁၀ နာရီခွဲ ဝန်းကျင်မှာ ဗုံးကျဲ ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “နမ်ဆန်ယန်မှာက အုပ်ချုပ်ရေးရုံးမှာ လာကျတာ။ ရွာထဲမှာ မရှောင်ချင်လို့ လာနေနေတဲ့ ပြည်သူတွေ ရှိတယ်၊ လက်နက်ကြီး ကျသံကြောင့် ဖရိုဖရဲ ထွက်ပြေးကြရတယ်လို့သိရပေမယ့် ဘယ်ဘက်တွေကို ထွက်ပြေးကြမှန်းတော့ မသိဘူး၊လူတော့ ဘာမှ မဖြစ်ဘူး။ နွားတွေသေသွားတယ်။ ကျေးရွာအုပ်ချုပ်ရေးရုံး ပျက်စီးသွားတယ်။”လို့ ‌ဒသခံ တဦးက ပြောပါတယ်။ ခါ့ယာတောင်ကြောဘက်မှာလည်း ဗုံးလာကျဲတာ ရှိခဲ့တယ်လို့ အနီးနားရှိ ဒေသခံတဦးက ပြောပါတယ်။ “တညလုံး လက်နက်ကြီးသံ ကြားတယ်။ အိပ်လို့တောင်မရဘူး။ ခါ့ယာဘက်။ ဂျက် ဖိုက်တာ။ …. လေး၊ ငါးကြိမ် အသံကြားတယ်”လို့…

Read More
VOM News

FREE
VIEW