ကိုရီးယားကျွန်းဆွယ် ပင်လယ်ဝါထဲကို ခရုဇ်ဒုံးကျည်အများအပြား မြောက်ကိုရီးယားပစ်ခတ်ပြန်

ဆိုးလ်၊ ဇူလိုင်-၂၂-၂၀၂၃
မျိုးဆက်(VOM)

မြောက်ကိုရီးယားဟာ ကိုရီးယားကျွန်းဆွယ်အနောက်ဘက် ပင်လယ်ဝါထဲကို ခရုဇ်ဒုံးကျည်အများအပြား ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က အတည်ပြုထုတ်ပြန်လိုက်ပါတယ်။

အဲဒီဒုံးကျည်ပစ်ခတ်မှုဟာ ဇူလိုင် ၂၂ ရက် နံနက် ၄ နာရီ၀န်းကျင်မှာ စတင်ခဲ့ကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးချုပ်များအဖွဲ့က ထုတ်ပြန်ထားပြီး အမေရိကန်တာ၀န်ရှိသူတွေနဲ့အတူ ဒုံးကျည်ပစ်ခတ်မှုကို ခွဲခြားစိတ်ဖြာနေတယ်လို့ ဆိုပါတယ်။

အမေရိကန်ရဲ့ စစ်ရေး ဟန့်တားနိုင်မှုနဲ့ပတ်သက်ပြီး အမေရိကန်တာ၀န်ရှိသူတွေနဲ့ တောင်ကိုရီးယားနျူကလီးယားအတိုင်ပင်အဖွဲ့တို့ရဲ့ ပထမဆုံးအကြိမ်အစည်းအဝေးကို ဆိုးလ်မှာပြုလုပ်ပြီးနောက် ရက်ပိုင်းအကြာမှာ အခုလိုခရုဇ်ဒုံးကျည်တွေ ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးလ်ဟာ ဇူလိုင် ၁၉ ရက်မှာ အရှေ့တောင်ဘက် ဆိပ်ကမ်းမြို့ ဘူဆန်မှာ ရောက်ရှိနေတဲ့ အမေရိကန်ရေငုပ်သင်္ဘောကို စစ်ဆေးကြည့်ရှုခဲ့ပြီး ဒါဟာ နှစ် ၄၀ ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန်ရေငုပ်သင်္ဘော တောင်ကိုရီးယားကို ဆိုက်ကပ်ခြင်းဖြစ်ပါတယ်။

မြောက်ကိုရီးယားဟာ ဇူလိုင် ၁၂ ရက်မှာ ဟွာဆောင်-၁၈ တိုက်ချင်းပစ်ဒုံးကျည်စမ်းသပ်ပစ်ခတ်ခဲ့ပြီး လွန်ခဲ့တဲ့ ဇူလိုင် ၁၉ ရက်ကလည်း တာတိုပစ်ပဲ့ထိန်းဒုံးကျည်နှစ်စင်းကို ဂျပန်ပင်လယ်အတွင်း ပစ်ခတ်ခဲ့သေးတယ်။

Ref: NHK
Photo:Anadolu
#voiceofmyanmar #VOM #ဆိုးလ်

Related posts

Leave a Comment

VOM News

FREE
VIEW