စစ်ကိုင်းတိုင်းမှာ မနေ့က ၁ ရက်တည်း လူ ၈ ယောက် အသေပစ်ခတ် ဖမ်းဆီးခံရ

စက်တင်ဘာ ၇ -၂၀၂၃
SP (VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ မုံရွာမြို့နယ် ၊ ကျွဲရဲကျေးရွာနားနဲ့ ကြေးမုံကျေးရွာအနီးမှာ မနေ့ စက်တင်ဘာ ၆ ရက် မနက်ပိုင်းကစလို့ နေ့ခင်းပိုင်းအထိ လူ ၈ ယောက် ပစ်သတ်ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” မနေ့ မနက် ၇ နာရီဝန်းကျင်က ကြေးမုံကျေးရွာနားမှာ လူ ၆ ယောက် ပစ်ခတ်ဖမ်းဆီးခံရတယ် ၊ အဲ့ဒီမှာ ၆ ယောက်စလုံး သေတယ် ၊ နောက်ပြီး နေ့ခင်း ၂ နာရီဝန်းကျင်မှာ ကျွဲရဲကျေးရွာနားမှာ နောက်ထပ် လူငယ် ၁ ယောက် ပစ်ခတ်ဖမ်းဆီးခံရတယ် ၊ အဲ့ဒါလည်း သေတယ်၊ အဲ့ဒီအပြင် တမူးမြို့နယ် ၊ ခို့မွန်းနွံကျေးရွာနားမှာ ညနေ ၃ နာရီဝန်းကျင်မှာ နောက်ထပ် လူငယ် ၁ ယောက် ပစ်ခတ်ဖမ်းဆီးခံရတယ် ၊ သူလည်းပဲ သေတယ် ၊ မနေ့ကတရက်တည်း သေဆုံးသူ ၈ ယောက်ရှိတယ် “လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။

အဲ့ဒီဖြစ်စဥ်တွေနဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်းအစိုးရအဖွဲ့နဲ့ နီးစပ်သူတယောက်က ” နယ်မြေရှင်းလင်းတဲ့ခါ လက်နက်ကိုင်ပြီး စတင်ပစ်ခတ်လို့ ပြန်လည် ပစ်ခတ်ဖမ်းဆီးတာဖြစ်တယ် ၊ ကြေးမုံရွာနားမှာ ၆ လောင်း၊ ကာဘိုင်သေနတ် ၁ လက် ၊ ကျည်အိမ် ၁ ခု ၊ ကျည် ၁၀ တောင့် ၊ လက်လုပ်စိန်ပြောင်း ၁၀ လက် ၊ လက်လုပ် ၄၀ မမ သေနတ် ၂ လက် ၊လက်လုပ်‌​ ရှော့တိုက်ပြောင်း ၆ ခု၊လက်လုပ်လက်ပစ်ဗုံး ၇၀ လုံး ၊ ၁၀ယောက်အိပ်တဲ ၃ လုံး သိမ်းဆီးရမိတယ် ၊ နောက်ပြီး ကျွဲရဲရွာနားမှာ မိုင်းထောင်နေတဲ့ လူငယ် တယောက်ကို မိုင်းနဲ့အတူ အသေဖမ်းမိတယ် ၊ တမူးမြို့ ၊ခို့မွန်းနွံရွာနားမှာဒေသမှာ လက်နက်ကိုင် လူငယ် အလောင်း ၁ လောင်း ၊ AK ကျည်အိမ် ၂ ခု ၊ AK ကျည် ၁၂၀ တောင့်အီကွေ့မင့် ၁ စုံတို့ကို သိမ်းဆည်းရမိတယ် “လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက်ကနေ ၄ ရက်နေ့အတွင်း စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့နယ်နဲ့ ဝက်လက်မြို့နယ်ကြားမှာရှိတဲ့ ကျေးရွာတွေနားမှာ အခုလို ပစ်ခတ်ဖမ်းဆီးတာတွေရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ ပစ်ခတ်ဖမ်းဆီးမှုဖြစ်စဥ်မှာ အသတ်ခံရပြီး ပြန်တွေ့ရတဲ့ သူတွေကတော့ ကျွန်းတောဦးရွာက ကိုညွန့်ဝင်း ၊ ကိုလှိုင်ထွေးအောင် ၊ ကိုကျော်သူမင်း၊ ကိုသူထူးစံနဲ့ ကိုဇင်သူ တို့ ၅ ယောက်ကို သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတာတွေ့ရတယ် ၊ အဲ့ဒီအပြင် ခက်ခရွာမှာ ၁ ယောက်၊ ကျွန်းတောဦးရွာမှာ ၇ ယောက်၊ ပေါက္ကားရွာ ၆ ယောက် ၊ မူးမန္တလေး ရွာ မှာ ၁ ယောက် ၊ ထန်းတောဆိပ်ရွာမှာ ၅ ယောက်၊ ထန်းကြီးရွာမှာ ၃ ယောက် ၊ ကျီးကန်(မြောက်) ရွာမှာ ၄ ယောက် ၊ အားလုံးပေါင်း ၂၇ ယောက် တွေ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

#voiceofmtanmar #VOM #စစ်ကိုင်းတိုင်း #ပစ်ခတ်ဖမ်းဆီးမှု

Related posts

Leave a Comment

VOM News

FREE
VIEW