သူတို့အိမ် အခန်း (၉၁)

ဆူးငှက်   ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ ရာပြည့်အထိမ်းအမှတ် ———————————————————- ၁၉၇၆ခုနှစ်တဲ့။ သည်နှစ် မတ်လ ၂၃ ရက်ကလည်း ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ ရာပြည့်အထိမ်းအမှတ် ရက်ဖြစ်သည်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဆိုတာကလည်း မြန်မာစာပေသမိုင်းတွင်သာမက မြန်မာ့နိုင်ငံရေးသမိုင်းနှင့် ပြည်တွင်းငြိမ်းချမ်းရေး သမိုင်းတွင် ဦးထိပ်ထားရသည့် ပုဂ္ဂိုလ်ကျော်ကြီးဖြစ်သည်။ ဆရာကြီး၏ သက်တမ်းတလျှောက်လုံး အမျိုးသားရေး၊ စာပေ ယဉ်ကျေးမှု၊ ပြည်သူ့ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးကို ကွယ်လွန်သည်အထိ မမှိတ်မသုန် အားစိုက် ဦးဆောင်ခဲ့သူ ဖြစ်၏။ ထို့ကြောင့် မိမိတို့ မျိုးဆက်အတွင်း တစ်သက်မှ တစ်ခါသာ ကြုံရသည့် သခင်ကိုယ်တော်မှိုင်း ရာပြည့် အထိမ်းအမှတ်ကို နိုင်ငံရေးနည်းလမ်းဖြင့် အဓိပ္ပာယ်ရှိရှိ ကျင်းပနိုင်ရေးကိူ စာပေအသိုင်းအဝန်း နိုင်ငံရေး အသိုင်းအဝန်းနှင့် ကျောင်းသားထုက အားခဲထားကြသည်။ ထိုစဉ် မိုးဝေမဂ္ဂဇင်း၏ မတ်လထုတ်၌ ကဗျာဆရာ တင်မိုး က “ သခင်ကိုယ်တော်မှိုင်း ရာပြည့်”…

Read More
VOM News

FREE
VIEW