ဟနွိုင်း၊ စက်တင်ဘာ-၁၄-၂၀၂၃
မျိုးဆက်(VOM)
ဗီယက်နမ်နိုင်ငံ မြို့တော်ဟနွိုင်းရှိ ကိုးထပ်တိုက်ခန်းတွဲတခုမှာ ဖြစ်ပွားခဲ့တဲ့မီးလောင်မှုကြောင့် လူ ၅၆ ယောက် သေဆုံးသွားကြောင်း တာဝန်ရှိသူတွေကပြောပါတယ်။
မီးလောင်ကျွမ်းမှုဟာ စက်တင်ဘာ ၁၃ ရက် ဒေသံစံတော်ချိန် ညသန်းခေါင်ကျော်အချိနမှာ စတင် လောင်ကျွမ်းခဲ့ပြီး မနက် ၂ နာရီမှာ မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း ဗီယက်နမ်တာဝန်ရှိသူတွေကို ကိုးကားပြီး သတင်းဌာနတွေက ဖော်ပြထားပါတယ်။
မီးလောင်ကျွမ်းခဲ့တဲ့ အဆောက်အအုံမှာ လူ ၁၅၀ ကျော်နေထိုင်ပြီး မီးလောင်မှုကြောင့် ၃၇ ယောက် ဒဏ်ရာရရှိခဲ့ကာ သေဆုံးသူတွေထဲမှာ ကလေးငယ်တဦးလည်းပါဝင်ကြောင်း တာဝန်ရှိသူတွေကပြောပါတယ်။
အဆောက်အအုံရှိ သေးငယ်တဲ့လသာဆောင်တွေကို သံပန်းအကာအရံတွေလုပ်ထားကြပြီး တိုက်ခန်းမှာ ထွက်ပေါက်တခုတည်းရှိကာ အပြင်ဘက်မှာလည်း အရေးပေါ်လှေကားမရှိကြောင်း အေအက်ဖ်ပီသတင်းဌာနက ဖော်ပြထားပါတယ်။
ဗီယက်နမ်နိုင်ငံမှာ မကြာသေးမီနှစ်တွေအတွင်း ကာရာအိုကေနဲ့ အရက်ဘားလို ဖျော်ဖြေရေးနေရာတွေမှာ လူအသေအပျောက်များတဲ့ မီးလောင်မှုတွေ မကြာခဏဖြစ်ပွားခဲ့ပါတယ်။
Ref:Al Jazeera
#voiceofmyanmar #VOM #MoreThan50Dead #iHanoi #ApartmentFire