ဆိုးလ်၊ ဒီဇင်ဘာ-၂၇-၂၀၂၃
မျိုးဆက်(VOM)
အော်စကာဆုရ ပါရာဆိုက်ရုပ်ရှင်ဇာတ်ကားနဲ့ ပိုမိုလူသိများထင်ရှားခဲ့တဲ့ တောင်ကိုရီးယားသရုပ်ဆောင်မင်းသား လီဆန်းကျွန်းကို ဒီဇင်ဘာ ၂၇ ရက်မှာ သေဆုံးလျှက် တွေ့ရှိခဲ့ရကြောင်း တောင်ကိုရီးယား ရဲတပ်ဖွဲ့ကပြောပါတယ်။
အသက် ၄၈ နှစ်အရွယ် မင်းသားလီဆန်းကျွန်းဟာ ဒီဇင်ဘာ ၂၇ ရက်မှာ ဆိုးလ်မြို့လယ်ရှိ ပန်းခြံတခုမှာ သူရဲ့ကားထဲ သတိလစ်မေ့မျောနေခဲ့တယ်လို့ ယုံကြည်ရကြောင်း ရဲတပ်ဖွဲ့ကပြောပါတယ်။
လီဟာ သူ့ကိုယ်သူ သတ်သေသွားခြင်း ဟုတ်မဟုတ် ရှင်းလင်းစွာမသိရသေးပေမယ့် စာတစောင်ရေးထားပြီးနောက် နေအိမ်ကနေ ထွက်ခွာခဲ့ခြင်းဖြစ်ကြောင်း တောင်ကိုရီးယားအခြေစိုက် ယွန်ဟတ်သတင်းဌာနက ဖော်ပြထားပါတယ်။
သူဟာ အောက်တိုဘာလကတည်းက မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ စုံစမ်းစစ်ဆေးခံနေရပါတယ်။ ဆိုးလ်မြို့ရှိ ဘားတခုမှာဝန်ထမ်းတယောက်နဲ့ မူးယစ်ဆေးဝါး သုံးစွဲခဲ့ကြောင်း ယွန်ဟတ်သတင်းဌာနက ယခင်က ရေးသားဖော်ပြထားပါတယ်။
စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေချိန်အတွင်း လီဆန်းကျွန်းသေဆုံးသွားခဲ့တဲ့ အတွက် စိတ်မကောင်းဖြစ်မိကြောင်း ရဲတပ်ဖွဲ့က ပြောဆိုထားပြီး သူဟာ မူးယစ်ဆေးဝါးမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေကို သဘောဆန္ဒအလျောက် ခံယူခဲ့တာဖြစ်တယ်လို့ တောင်ကိုရီးယား အခြေစိုက်သတင်းဌာနတွေက ဖော်ပြထားပါတယ်။
Ref:BBC
Photo:Getty Images