ထောက်လှမ်းရေးဂြိုဟ်တု သုံးလုံး လာမယ့်နှစ်မှာ လွှတ်တင်ဦးမယ်လို့ မြောက်ကိုရီးယားပြော

  ပြုံးယမ်း၊ ဒီဇင်ဘာ-၃၁-၂၀၂၃ မျိုးဆက်(VOM) မြောက်ကိုရီးယားစစ်တပ်ရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ဖို့ ကြိုးပမ်းမှုရဲ့ တစိတ်တပိုင်းအဖြစ် နောက်ထပ် ထောက်လှမ်းရေးဂြိုဟ်တု သုံးလုံးကို လာမယ့်နှစ်မှာ လွှတ်တင်ဖို့စီစဉ်နေတယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားပါတယ်။ မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့လက အာကာသထဲကို ထောက်လှမ်းရေးဂြိုဟ်တုလွှတ်တင်ခဲ့ပြီး ဒီဂြိုဟ်တုဟာ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ စစ်ဘက်ဆိုင်ရာ နေရာအနှံ့အပြားကို ဓါတ်ပုံရိုက်ယူခဲ့ကြောင်း မြောက်ကိုရီးယားက အခိုင်အမာဆိုပါတယ်။ ၂၀၂၄ ခုနှစ်အတွက် မြောက်ကိုရီးယားရဲ့ ရည်မှန်းချက်တွေကို ချမှတ်ရာမှာ တောင်ကိုရီးယားနဲ့ ဆက်ဆံရေးမှာ အခြေခံကျတဲ့ အပြောင်းအလဲကို မြင်တွေ့ရလိမ့်မယ်လို့ ကင်ဂျုံအန်က ဆိုပါတယ်။ သူ့အနေနဲ့ ရွေးချယ်စရာလမ်းမရှိကြောင်းနဲ့ နျူကလီးယားရည်မှန်းချက်တွေကို ရှေ့ဆက်သွားမယ်လို့ ကင်ဂျုံအန်က ဆိုပါတယ်။ တောင်ကိုရီးယားဟာ မြောက်ကိုရီးယားကို ရန်သူလိုဆက်ဆံနေတာကြောင့် ပြန်လည်သင့်မြတ်ရေး မဖြစ်နိုင်တော့ဘူးလို့ ကင်ဂျုံအန်က ပြောပါတယ်။ နှစ်နိုင်ငံအကြား ဆက်ဆံရေးဟာ ယိုယွင်းနေပြီး ပြီးခဲ့တဲ့လက မြောက်ကိုရီးယားရဲ့ ထောက်လှမ်းရေးဂြိုဟ်တု…

Read More

မဲခေါင်သတင်းဌာနကို မီဒီယာလုပ်ငန်းလိုင်စင် ပိတ်သိမ်း

  ဒီဇင်ဘာ ၃၁ – ၂၀၂၃ SN (VOM) ပြည်တွင်း သတင်းမီဒီယာဌာနတခုဖြစ်တဲ့ MaeKong News (မဲခေါင်သတင်း) ဌာနကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်မှစတင်ကာ သတင်းအေဂျင်စီ အသိအမှတ်ပြု လုပ်ငန်းလိုင်စင် ပိတ်သိမ်းလိုက်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက မနေ့ ဒီဇင်ဘာ ၃၀ ရက်နေ့မှာ ထုတ်ပြန် ကြေညာလိုက်ပါတယ်။ မဲခေါင်သတင်းဌာနဟာ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်းဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ (ခ) ပါ စည်းကမ်းချက်ကို လိုက်နာခြင်းမရှိဘဲ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ အများပြည်သူ အေးချမ်းသာယာစေရေးတို့ကို ထိခိုက်ပျက်ပြားစေတဲ့ အကြောင်းအရာတွေကို ရေးသားလွှင့်တင် ဖော်ပြခဲ့တဲ့အတွက် အခုလို လုပ်ငန်းလိုင်စင် ပိတ်သိမ်းခဲ့တာဖြစ်တယ်လို့ အဲ့ဒီ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ ဒါနဲ့ပတ်သက်လို့ မဲခေါင်သတင်းဌာန၊ တွဲဖက်တည်ထောင်သူ မလဲ့နန္ဒာကျော်က “အခုလို မီဒီယာလိုင်စင် ပိတ်သိမ်းလိုက်တဲ့အတွက် ဘာတွေဆုံးရှုံးမှုရှိလဲဆိုတော့…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဒီဇင်ဘာ- ၃၁ ရက်)

  Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၄၅၀ ကျပ် ဝယ်ဈေး – ၃၄၀၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၆၁၀ ကျပ် ဝယ်ဈေး – ၂၅၆၀ ကျပ် -ယူရို ရောင်းဈေး – ၃၈၂၆ ကျပ် ဝယ်ဈေး – ၃၇၃၀ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၉.၅၀ ကျပ် ဝယ်ဈေး – ၉၇.၀၀ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၄၈ ကျပ် ဝယ်ဈေး – ၇၃၃ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၈၀ ကျပ် ဝယ်ဈေး – ၄၇၀ ကျပ် -ဂျပန်ယန်း ရောင်းဈေး…

Read More

ယနေ့ ရွှေဈေး (ဒီဇင်ဘာ- ၃၁ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၆၂ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၁၀၀၀၀ ကျပ် ဝယ်ဈေး ၃၆၇၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၁၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၇၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

ရုရှားအနောက်တောင်ပိုင်းကို ယူကရိန်းက လေကြောင်းတိုက်ခိုက်၊ လူ ၂၀ သေပြီး ၁၀၀ ကျော်ဒဏ်ရာရ

  မော်စကို၊ ဒီဇင်ဘာ-၃၁-၂၀၂၃ မျိုးဆက်(VOM) ရုရှားနိုင်ငံ အနောက်တောင်ပိုင်းကို ယူကရိန်းက လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီး ဒီတိုက်ခိုက်မှုကြောင့် လူ ၂၀ သေဆုံးပြီး ၁၀၀ ကျော်ဒဏ်ရာရရှိခဲ့တယ်လို့ ရုရှားတာဝန်ရှိသူတွေက ပြောပါတယ်။ ဒါဟာ ယူကရိန်းစစ်ပွဲစတင်ပြီးကတည်းက ရုရှားကို ယူကရိန်းရဲ့ အသေအပျောက်အများဆုံး တိုက်ခိုက်မှုဖြစ်ပြီး သေဆုံးသူတွေထဲမှာ ကလေးငယ်သုံးယောက်လည်းပါဝင်တယ်လို့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ မနေ့ကပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးဟာ စစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံတွေကိုသာ ပစ်မှတ်ထားခဲ့တယ်လို့ ယူကရိန်း လုံခြုံရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ သောကြာနေ့ကတော့ ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ယူကရိန်းမှာ လူ ၃၉ ယောက်သေဆုံးခဲ့ပါတယ်။ ဒါဟာ စစ်ပွဲစတင်ချိန်ကတည်းက ရုရှားရဲ့ အကြီးမားဆုံး လေကြောင်းတိုက်ခိုက်မှု ဖြစ်တယ်လို့ ယူကရိန်းက ဆိုပါတယ်။ ယူကရိန်းမြို့ကြီးတွေနဲ့ အရပ်သားတွေကို ရုရှားရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကို တုံ့ပြန်တဲ့အနေနဲ့ ရုရှားပစ်မှတ်တွေကို ဒရုန်းအစင်း ၇၀ ကျော်နဲ့ တိုက်ခိုက်ခဲ့တယ်လို့…

Read More

This Day in History

Voice of Myanmar ကမ္ဘာ့ ကျန်းမာရေးအဖွဲ့သည် တရုတ်နိုင်ငံ ဝူဟန်မြို့၌ ထူးဆန်း အဆုတ်ရောင်ရောဂါ ဖြစ်ပွားမှုနှင့်ပတ်သက်၍ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့ပြီး နောက်ပိုင်းတွင် ကိုဗစ်-၁၉ ကပ်ရောဂါအဖြစ် သတ်မှတ်ကြေညာခဲ့သည်။

Read More

၂၀၂၃ ခုနှစ် မြန်မာ့စီးပွားရေး လည်ပြန် (၂)

  ဒီဇင်ဘာ-၃၁-၂၀၂၃ SN (VOM) ၂၀၂၃ ခုနှစ်အတွင်းမှာတော့ ပြီးခဲ့တဲ့ နှစ်တွေကလိုပဲ နိုင်ငံတကာရဲ့ အရေးယူမှုတွေ ရှိခဲ့ပြီး အခုနှစ်ကတော့ ဒဏ်ခတ်ပိတ်ဆို့ အရေးယူခံရမှု အပြင်းထန်ဆုံး နှစ်တနှစ်လို့ ဆိုရမှာဖြစ်ပါတယ်။ အခုလို နိုင်ငံတကာရဲ့ ပိတ်ဆို့ အရေးယူမှုတွေဟာ အရေးယူခံရတဲ့ လူဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေထက် မြန်မာပြည်သူတွေ၊ အခြေခံ လူတန်းစားတွေအပေါ် ရိုက်ခတ်မှု ပိုပြီး ကြီးမားလျက်ရပြီး ကြုံတွေ့နေရတဲ့ မြန်မာ့စီးပွားရေး အခက်အခဲတွေဟာ နိုင်ငံရေးအကျပ်အတည်းတွေကြောင့် ဖြစ်ပေါ်ရတဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေ ဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ သုံးသပ်ချက်အရ ကိုဗစ်ကာလနောက်ပိုင်းကစပြီး ကျုံ့သွားတဲ့ မြန်မာ့စီးပွားရေးဟာ ၂၀၂၁ ခုနှစ်၊ နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီးနောက် ပိုပြီးတော့ ကျဆင်းသွားခဲ့တယ်လို့ သိရပါတယ်။ ၂၀၂၃ စီးပွားရေး ပမာဏဟာ ကိုဗစ်မဖြစ်ခင် ပမာဏထက် ၃၀ ရာခိုင်နှုန်း ကျုံ့သွားတယ်လို့ အဲ့ဒီ့ သုံးသပ်ချက်မှာ…

Read More

၇၈နှစ်ပြည့် အိုလံပစ်နဲ့ ယဉ်တကိုယ်မယ်

  ဆူးငှက်   တကယ်တော့ မန္တလေးဆိုတာအနုပညာနဲ့တည်ဆောက်ခဲ့တဲ့မြို့ပါ။ သီချင်းသံတွေနဲ့ တာဝတိံသာဆီပင့်တင် ထားခဲ့တဲ့မြို့ပါ။ ဒါ့ကြောင့်လည်း မြန်မာမင်းနေပြည်တော်အဆက်ဆက် . မန္တလေး ရတနာပုံမ်နေပြည်တော်လောက် ထီးဘွဲ့၊ နန်းဘွဲ့၊ မြို့ဘွဲ့တွေမများခဲ့ဘူးလို့ ပညာရှင်တွေသုံးသပ်ကြတာပါ။ သီချင်းဂီတနဲ့မြို့တော်ကိုတည်ဆောက်တယ်။ သီချင်းဂီတနဲ့ထီးနန်းတည်ဆောက်တယ်။ သီချင်းဂီတနဲ့တိုင်းသူပြည်သားစိတ်ဓာတ်မြှင့်တင်တယ်။ သီချင်းဂီတနဲ့ ဘုရင်ထီးဘုရားအမြော်အမြင်ကိုတည့်မတ်တယ်။ သီချင်းဂီတနဲ့ ယိုင်နဲ့မှုတွေတည့်မတ်တယ်။ သီချင်းဂီတနဲ့ကျိုးကြောင်းဆင်ခြင်စေခဲ့တယ်။ ဆိုလိုတာကလူရဲ့ပင်မဇစ်မြစ်ဖြစ်တဲ့ နှလုံးသားကိုပဲထိရောက်စွာသိမ်းသွင်းခဲ့တဲ့သဘောပါပဲ။ စိတ်မဏ္ဍိုင်မှတစ်ဆင့် ရုပ်ကိုပြုပြင်စေတဲ့ သဘော …။   ဒီလိုသီချင်းဂီတနဲ့ပျော်ရွှင်ကြည်နူးနေတဲ့ မန္တလေး မြို့ကြီးကို ၁၉၄၂ ခုနှစ်၊ ဧပြီ ၃ရက် (၁၃၀၃ ခုနှစ်၊ နှောင်းတန်ခူးလဆုတ် ၄ရက်၊ သောကြာနေ့) နံနက် ၁၁နာရီအချိန်မှာ ဂျပန်လေယာဉ်အစင်း ၈၀ခန့်က တစ်မြို့လုံးပိုက်စိပ်တိုက် ဗုံးကြဲလိုက်တာနှင့် အပျော်များကို ရုတ်ခြည်းသွန်မှောက်လိုက်ပြီး တုန်လှုပ်ခြောက်ခြားဖွယ်အနိဋ္ဌာရုံများ ဆိုင်းမဆင့်ဗုံမဆင့် ရောက်လာပါတော့တယ်။ အစဉ်အဆက် ကိုယ့်ဥခွံကျဉ်းကျဉ်းလေးထဲမှာပဲ ကိုယ့်အရပ်နဲ့ကိုယ့်ဇာတ် ပျော်ပျော်နေတတ်တဲ့ မန္တလေးသူ…

Read More

ယနေ့ ရွှေဈေး (ဒီဇင်ဘာ- ၃၀ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၆၂ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၁၅၀၀၀ ကျပ် ဝယ်ဈေး ၃၆၇၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၁၅၀၀၀ ကျပ် ဝယ်ဈေး ၃၄၇၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

ယူကရိန်းကို ရုရှားရဲ့ လေကြောင်းအပြင်းအထန် တိုက်ခိုက်မှု လူ ၃၀ ထက်မနည်း သေဆုံး

    ကိယက်ဗ်၊ ဒီဇင်ဘာ-၃၀-၂၀၂၃ မျိုးဆက်(VOM) ယူကရိန်းကို ရုရှားက ဒီဇင်ဘာ ၂၉ ရက်မှာ ဒုံးကျည်တွေ မောင်းသူမဲ့လေယာဉ်တွေနဲ့ အပြင်းအထန်တိုက်ခိုက်မှုကြောင့် လူ ၃၀ ထက်မနည်းသေဆုံးခဲ့တယ်လို့ ယူကရိန်းတာဝန်ရှိသူတွေက ပြောပါတယ်။ ရုရှားဟာ ယူကရိန်းမြို့တော် ကိယက်ဗ်၊ အိုဒီဆာ၊ ဒီနီပရိုပက်ထရော့၊ ခါကိဗ်၊ လာဗစ်တို့ကို ပြီးခဲ့တဲ့နေ့ နံနက်အစောပိုင်းက တိုက်ခိုက်ခဲ့တာဖြစ်ပြီး လူ ၁၆၀ ကျော်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ ရုရှားဘက်က ပစ်ခတ်လိုက်တဲ့ ဒုံးကျည်နဲ့ ဒရုန်း ၁၅၈ စင်းအနက် ၁၁၄ စင်းကို ပစ်ချနိုင်ခဲ့ကြောင်း ယူကရိန်းစစ်တပ်က ပြောပါတယ်။ ရုရှားဟာ သူ့ရဲ့လက်နက်တိုက်မှာရှိတဲ့ လက်နက်အမျိုးအစားတိုင်းနီးပါးကို အသုံးပြုတိုက်ခိုက်ခဲ့တာဖြစ်ပြီး လူနေအိမ်တွေနဲ့ သားဖွားဆေးရုံကိုလည်း ထိမှန်ခဲ့တယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောပါတယ်။ ရုရှားဟာ ယူကရိန်းကို အခုလို ဒုံးကျည်တွေအများအပြားနဲ့ တခါတည်းတိုက်ခိုက်တာမျိုးကို မကြုံဖူးသေးကြောင်း ယူကရိန်းလေတပ်က…

Read More
VOM News

FREE
VIEW