ယူကရိန်းကို ရုရှားရဲ့ လေကြောင်းအပြင်းအထန် တိုက်ခိုက်မှု လူ ၃၀ ထက်မနည်း သေဆုံး

 

 

ကိယက်ဗ်၊ ဒီဇင်ဘာ-၃၀-၂၀၂၃

မျိုးဆက်(VOM)

ယူကရိန်းကို ရုရှားက ဒီဇင်ဘာ ၂၉ ရက်မှာ ဒုံးကျည်တွေ မောင်းသူမဲ့လေယာဉ်တွေနဲ့ အပြင်းအထန်တိုက်ခိုက်မှုကြောင့် လူ ၃၀ ထက်မနည်းသေဆုံးခဲ့တယ်လို့ ယူကရိန်းတာဝန်ရှိသူတွေက ပြောပါတယ်။

ရုရှားဟာ ယူကရိန်းမြို့တော် ကိယက်ဗ်၊ အိုဒီဆာ၊ ဒီနီပရိုပက်ထရော့၊ ခါကိဗ်၊ လာဗစ်တို့ကို ပြီးခဲ့တဲ့နေ့ နံနက်အစောပိုင်းက တိုက်ခိုက်ခဲ့တာဖြစ်ပြီး လူ ၁၆၀ ကျော်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ရုရှားဘက်က ပစ်ခတ်လိုက်တဲ့ ဒုံးကျည်နဲ့ ဒရုန်း ၁၅၈ စင်းအနက် ၁၁၄ စင်းကို ပစ်ချနိုင်ခဲ့ကြောင်း ယူကရိန်းစစ်တပ်က ပြောပါတယ်။

ရုရှားဟာ သူ့ရဲ့လက်နက်တိုက်မှာရှိတဲ့ လက်နက်အမျိုးအစားတိုင်းနီးပါးကို အသုံးပြုတိုက်ခိုက်ခဲ့တာဖြစ်ပြီး လူနေအိမ်တွေနဲ့ သားဖွားဆေးရုံကိုလည်း ထိမှန်ခဲ့တယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောပါတယ်။

ရုရှားဟာ ယူကရိန်းကို အခုလို ဒုံးကျည်တွေအများအပြားနဲ့ တခါတည်းတိုက်ခိုက်တာမျိုးကို မကြုံဖူးသေးကြောင်း ယူကရိန်းလေတပ်က ပြောပါတယ်။ မကြာသေးမီကာလတွေအတွင်း ယူကရိန်းလေကြောင်းရန် ကာကွယ်ရေးစနစ် ပိုမိုအားကောင်းလာခဲ့ပါတယ်။

ဒါပေမယ့် သောကြာနေ့က တိုက်ခိုက်မှုမှာတော့ ရုရှားဟာ ကြားဖြတ်ရခက်တဲ့ X-22 အမျိုးအစားအပါအဝင် အသံထက်မြန်တဲ့ ဒုံးကျည်တွေ၊ ခရုဇ်ဒုံးကျည်တွေနဲ့ ပဲ့ထိန်းဒုံးကျည်တွေ အသုံးပြုတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ယူကရိန်းစစ်တပ်က ပြောပါတယ်။

Ref:BBC

Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW