ရုရှားအနောက်တောင်ပိုင်းကို ယူကရိန်းက လေကြောင်းတိုက်ခိုက်၊ လူ ၂၀ သေပြီး ၁၀၀ ကျော်ဒဏ်ရာရ

 

မော်စကို၊ ဒီဇင်ဘာ-၃၁-၂၀၂၃

မျိုးဆက်(VOM)

ရုရှားနိုင်ငံ အနောက်တောင်ပိုင်းကို ယူကရိန်းက လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီး ဒီတိုက်ခိုက်မှုကြောင့် လူ ၂၀ သေဆုံးပြီး ၁၀၀ ကျော်ဒဏ်ရာရရှိခဲ့တယ်လို့ ရုရှားတာဝန်ရှိသူတွေက ပြောပါတယ်။

ဒါဟာ ယူကရိန်းစစ်ပွဲစတင်ပြီးကတည်းက ရုရှားကို ယူကရိန်းရဲ့ အသေအပျောက်အများဆုံး တိုက်ခိုက်မှုဖြစ်ပြီး သေဆုံးသူတွေထဲမှာ ကလေးငယ်သုံးယောက်လည်းပါဝင်တယ်လို့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

မနေ့ကပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးဟာ စစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံတွေကိုသာ ပစ်မှတ်ထားခဲ့တယ်လို့ ယူကရိန်း လုံခြုံရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ သောကြာနေ့ကတော့ ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ယူကရိန်းမှာ လူ ၃၉ ယောက်သေဆုံးခဲ့ပါတယ်။

ဒါဟာ စစ်ပွဲစတင်ချိန်ကတည်းက ရုရှားရဲ့ အကြီးမားဆုံး လေကြောင်းတိုက်ခိုက်မှု ဖြစ်တယ်လို့ ယူကရိန်းက ဆိုပါတယ်။ ယူကရိန်းမြို့ကြီးတွေနဲ့ အရပ်သားတွေကို ရုရှားရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကို တုံ့ပြန်တဲ့အနေနဲ့ ရုရှားပစ်မှတ်တွေကို ဒရုန်းအစင်း ၇၀ ကျော်နဲ့ တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းက ပြောပါတယ်။

ဘယ်လ်ဂါရဒ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ထိခိုက်သေဆုံးမှုတွေနဲ့ ပတ်သက်ပြီး ရုရှားရဲ့ လေကြောင်းရန် ကာကွယ်ရေးစနစ် အပေါ် မေးခွန်းထုတ်မှုတွေလည်းရှိနေကြပါတယ်။ ဒါဟာ ယူကရိန်းက အရပ်သားတွေကို မခွဲခြားပဲ ပစ်မှတ်ထားခဲ့တာလို့ ကုလသမဂ္ဂဆိုင်ရာ ရုရှားကိုယ်စားလှယ်က ပြစ်တင်ပြောဆိုထားပါတယ်။

Ref:BBC

Photo:AP

 

Related posts

Leave a Comment

VOM News

FREE
VIEW