နစက အာဏာရယူပြီးနောက် အကျဥ်းသား ကိုးသောင်းနီးပါး လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့

 

ရန်ကုန် ၊ ဇန်နဝါရီ ၄ ရက်

KK(VOM)

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်မှာ ကျရောက်တဲ့ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံအတွင်းရှိ အကျဉ်းထောင်၊ အချုပ်ထောင် အသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ နိုင်ငံခြားသား အကျဉ်းသား/အကျဉ်းသူ (၁၁၄)‌ ယောက်ကို ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုပြီး ပြည်နှင်ဒဏ်ပေးခဲ့သလို မြန်မာနိုင်ငံသား အကျဉ်းသား/အကျဉ်းသူ (၉၆၅၂) ယောက်ကိုလည်း ပြစ်ဒဏ်လျှော့ပေါ့ လွတ်ငြိမ်းခွင့်ပြုတယ်လို့ နစက က သတင်း ထုတ်ပြန်ထားပါတယ်။

နစက အာဏာရယူပြီးနောက် အကျဥ်းသား ကိုးသောင်းနီးပါး လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့
နစက အာဏာရယူပြီးနောက် အကျဥ်းသား ကိုးသောင်းနီးပါး လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့

အင်းစိန်အကျဥ်းထောင်က အကျဥ်းသားတွေကို နေ့လယ်၁၂ နာရီကျော်က စတင်ပြီး YBS ခရီးသည်တင်ယာဥ်တွေပေါ်တင်ပြီး စတင်လွှတ်ပေးခဲ့ပါတယ်။

“ဦးလေးသားက ပုဒ်မ ၅၀၅ နဲ့ထောင်ကျနေတာ တနှစ်ကျော်ပြီ ဒီနေ့ ပြန်လွှတ်တဲ့အထဲမှာပါတယ် အခုလို လွှတ်ပေးတဲ့အတွက် ဝမ်းသာပါတယ်”လို့ ရွှေပြည်သာမြိုနေသူတဦးက ပြောပါတယ်။

အင်းစိန်အကျဥ်းထောင်က ဒီကနေ့ပြန်လွှတ်သူေတွထဲမှာ မှုခင်းပြစ်မှုနဲ့ထောင်ကျနေသူတွေရော နိူင်ငံရေးပြစ်မှုနဲ့ ထောင်ကျနေသူေတွလည်း ပါတယ်လို့ ပြန်လွှတ်လာသူတဦးက ပြောပါတယ်။

“အခုလွှတ်တာ နိူင်ငံရေးအမှုတွေရော အခြားအမှုတွေရောပါတယ် အခုလွှတ်တာ ၁၉ (င) တွေ လုယက်မှုတွေရောပါတယ်၊ စုစုပေါင်း ၄၀၀၀နီးနီးလို့ သိခဲ့ရတယ်” လို့ ေပြာသွားပါတယ်။

အင်းစိန်ထောင်က လွှတ်မယ့်ထဲမှာ နာမည်ကြီး အဆိုတော်တွေ သရုပ်ဆောင်မော်ဒယ်တချို့လည်း ပါတယ်ဆိုပေမယ့် ထောင်ပြင်ပရောက်လာတာ မတွေ့ရသေးပါဘူး။

မန္တလေးတိုင်းအတွင်းကတော့ အကျဉ်းထောင်နဲ့ အလုပ်စခန်းတွေက အကျဉ်းသူအကျဉ်းသား ၁၅၁၅ ယောက် လွှတ်ပေးခဲ့ပါတယ်။

မန္တလေး (အိုးဘို)ထောင်က ၉၃၆၊ မြင်းခြံ ၄၈၊ မိတ္ထိလာ ၇၆၊ ရမည်းသင်း ၂၅၇ ၊ ညောင်ဦး ၄၅ ၊ထုံးဘို (၁)အလုပ်စခန်း ၄၄ ၊ထုံးဘို (၂)အလုပ်စခန်း ၁၈ ၊ထုံးဘို အမျိုးသမီးအလုပ်စခန်း ၁၇၊ ဘဲလင်း(၁)အလုပ်စခန်း ၁၇၊ ဘဲလင်း(၂) အလုပ်စခန်း ၁၆၊ ဘုရားငါးဆူ အလုပ်စခန်း၂၆ ၊ ၂၄ မိုင် အလုပ်စခန်း ၁၅ ယောက် လွတ်ခဲ့ပါတယ်။

နစက တက်ပြီးနောက် ပထမဆုံးအကြိမ်အဖြစ်

၁၂.၂.၂၀၂၁ (ပြည်ထောင်စုနေ့)မှာ နိူင်ငံခြားသား ၅၅ ဦးပြည်တွင်းအကျဥ်းသား/သူ ၂၃၃၁၄ စုစုပေါင်း ၂၃၃၆၉ ဦး ကို လွတ်ပေးခဲ့ပါတယ်။

ဒုတိယအနေနဲ့ ၁၇.၄.၂၀၂၁ မြန်မာနှစ်သစ်ကူးနေ့မှာ နိူင်ငံခြားသား ၁၃၇ဦး ပြည်တွင်းအကျဥ်းသား/သူ ၂၃၀၄၇ ဦး စုစုပေါင်း ၂၃၁၈၄ ဦးလွတ်ပေးခဲ့ပါတယ်။

တတိယအကြိမ်အဖြစ် ၁၈.၁၀.၂၀၂၁ (သီတင်းကျွတ်အခါသမယ) အနေနဲ့ အကျဥ်း

သား/သူ ၅၆၇၀ ဦး ကို လွတ်ငြိမ်းသက်သာခွင့်နဲ့ လွတ်ပေးပါတယ်။

၂.၃.၂၀၂၂မှာ သီးသန်ံ့လွတ်ငြိမ်းခွင့်နဲ့ နိူင်ငံခြားသား ၁ ဦး ပြည်တွင်းအကျဥ်းသား/သူ ၆ စုစုပေါင်း ၇ ဦးကို လွတ်ပေးခဲ့ပါသေးတယ်။

၁၇.၄.၂၀၂၂ မြန်မာနှစ်သစ်ကူးနေ့မှာေတာ့ နိူင်ငံခြား ၄၂ ဦး ပြည်တွင်းအကျဥ်းသား/သူ ၁၅၇၇ ဦး စုစုပေါင်း ၁၆၁၉ ဦးလွတ်ခဲ့ပါတယ်။

၂၀.၁၀.၂၀၂၂ သီးသန့်လွှတ်တဲ့ အစီအစဥ်အရ ပြည်တွင်းအကျဥ်းသား/သူ ၆ ဦး လွှတ်ပေးခဲ့ပါတယ်။

၁၇.၁၁.၂၀၂၂ အမျိုးသားနေ့မှာတော့ နိူင်ငံခြားသား ၄ ဦး၊ပြည်တွင်းအကျဥ်းသား/သူ ၅၇၇၀ ဦး စုစုပေါင်း ၅၇၇၄ဦး လွတ်ခဲ့ပါတယ်။

၄.၁.၂၀၂၃ လွတ်လပ်ရေးနေ့ကေတာ့ အကျဥ်းသား/သူ ၇၀၁၂ ဦး လွှတ်ပေးခဲ့ပါသေးတယ်။

၁၇.၄.၂၀၂၃ မြန်မာနှစ်ဆန်းတရက်နေ့က နိူင်ငံခြား ၉၈ ဦးပြည်တွင်းအကျဥ်းသား/သူ ၂၉၁၇ ဦး စုစုပေါင်း ၃၀၁၅ ကို လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ပါတယ်။

၃.၅.၂၀၂၃ ကဆုန်လပြည့်နေ့ကေတာ့ ပြည်တွင်းအကျဥ်းသား/သူ ၂၁၅၃ ဦးလွှတ်ခဲ့ပါသေးတယ်။

၁.၈.၂၀၂၃ ဝါဆိုလပြည့် ဓမ္မစကြာနေ့မှာ နိူင်ငံခြားသား ၁၂၅ ဦး၊ တိုင်းရင်းသားလက်နက်ကိုင် TNLA/MNDAA/AA၊SSPP ၂၂ ဦး ပြည်တွင်းအကျဥ်းသား/သူ ၇၆၀၂ဦး လွှတ်ပေးခဲ့တာကို VOM ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

မှတ်တမ်းတွေအရ နစကတက်ပြီးနောက် လွတ်ငြိမ်းသက်သာခွင့် ၁၂ ကြိမ်ပေးတာမှာ အကျဥ်းသားစုစုပေါင်း ၉သောင်းနီးပါးရှိတာကို တွေ့ရှိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW