ယနေ့ ရွှေဈေး (ဇန်နဝါရီ – ၃၁ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၄၀ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၈၆၅၀၀၀ ကျပ် ဝယ်ဈေး ၃၈၂၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၆၆၅၀၀၀ ကျပ် ဝယ်ဈေး ၃၆၂၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

အမေရိကန်ကို တိုက်ခိုက်တာတွေ ရပ်မယ်လို့ အီရန်ကျောထောက်နောက်ခံပြု စစ်သွေးကြွအဖွဲ့ ကြေညာ

ဘဂ္ဂဒက်၊ ဇန်နဝါရီ-၃၁-၂၀၂၄ မျိုးဆက်(VOM) ဂျော်ဒန်ရှိ အမေရိကန်စစ်အခြေစိုက်စခန်းကိုမောင်းသူမဲ့လေယာဉ်နဲ့ တိုက်ခိုက်ခဲ့တဲ့ အီရတ်ရှိစစ် သွေးကြွအဖွဲ့ဟာ အမေရိကန်အပေါ် စစ်ဆင်ရေးတွေကို ရပ်ဆိုင်းထားမယ်လို့ ထုတ်ပြန်လိုက်ပါတယ်။ ဇန်နဝါရီ ၂၈ ရက်က အီရန်ကျောထောက်နောက်ခံပြု ခါတိုက်ဘ်ဟဇ်ဘိုလာအဖွဲ့က တိုက်ခိုက်မှုကြောင့် အမေရိကန်တပ်ဖွဲ့ဝင် သုံးယောက်သေဆုံးခဲ့ပါတယ်။ အမေရိကန်အပေါ် တိုက်ခိုက်မှုတွေရပ်ဆိုင်းရတာဟာ အီရတ်အစိုးရ အနှောက်အယှက်ဖြစ်ရမှုကို တားဆီးဖို့ဖြစ်ကြောင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီတိုက်ခိုက်မှုကို ဘယ်လို လက်တုံ့ပြန်သွားမယ်ဆိုတာကို ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ကပြောဆိုထားပေမယ့် ဘယ်လိုတုံ့ပြန် တိုက်ခိုက်မယ်ဆိုတာကို အသေးစိတ် ပြောဆိုတာမရှိပါဘူး။ အီရတ်အစိုးရရဲ့ အရှက်ရမှုကိုတားဆီးကာကွယ်ဖို့အတွက် အမေရိကန်အပေါ် စစ်ဆင်ရေးတွေဆိုင်းငံ့လိုက်ကြောင်းနဲ့ ဂါဇာရှိမိမိတို့ရဲ့ ပြည်သူတွေကို အခြားနည်းလမ်းတွေနဲ့ ဆက်လက်ကာကွယ်ပေးသွားမယ်လို့ စစ်သွေးကြွအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဂျော်ဒန်နဲ့ ဆီးရီးယားနယ်စပ်ရှိအမေရိကန်ရဲ့ တာဝါ-၂၂ အခြေစိုက်စခန်းကို စစ်သွေးကြွတွေက အီရန်လုပ်မောင်းသူမဲ့လေယာဉ်နဲ့ တိုက်ခိုက်မှုကြောင့် တပ်ဖွဲ့ဝင်သုံးဦးသေဆုံးပြီး ဒါဇင်များစွာဒဏ်ရာရရှိခဲ့ပါတယ်။ Ref:BBC Photo:AFP

Read More

ပြည်တွင်းရွှေဈေး အတက်အကျ အပြောင်းအလဲမြန်ပေမယ့် ၃၉ သိန်းဝန်းကျင်ထိ မြင့်တက်လာ

ဇန်နဝါရီ ၃၁ – ၂၀၂၄ SN (VOM) ပြည်တွင်းရွှေဈေးနှုန်းဟာ ဒီကနေ့ ဇန်နဝါရီ ၃၁ ရက်၊ နေ့လယ်ပိုင်းမှာတင် အတက်အကျ အပြောင်းအလဲ မြန်ဆန်နေပြီး ဈေးနှုန်းမတည်မငြိမ် ဖြစ်နေတယ်လို့ ရွှေလုပ်ငန်းရှင် အသိုင်းအဝိုင်းက သိရပါတယ်။ ပြည်တွင်းရွှေဈေးနှုန်းဟာ ဒီကနေ့ နေ့လယ် ၁၂ နာရီ ၅၆ မိနစ်ဝန်းကျင်မှာ ၃၉ သိန်းအတိကို ရောက်ရှိလာပြီး ၁ နာရီ၊ ၂၃ မိနစ် ဝန်းကျင်မှာတော့ ကျပ် သုံးဆယ့်ကိုးသိန်း‌ တသောင်းငါးထောင်ကို ရောက်ရှိခဲ့ကာ ‌၆ မိနစ်အတွင်းမှာပဲ ကျပ် တသိန်းတသောင်းငါးထောင် ပြန်လည်ကျဆင်းခဲ့ပြီး ကျပ် သုံးဆယ့်ရှစ်သိန်း ကိုးသောင်းဝန်းကျင်ကို ပြန်လည် ရောက်ရှိနေပါတယ်။ “ကမ္ဘာ့ဈေးလည်း နည်းနည်း တက်တာကိုး။ အဲ့တော့ ဈေးကွက် လန့်နေတဲ့ အနေအထားပါ။ ထပ်တက်နိုင်လား၊ ပြန်ကျမလားဆိုတာက အခုလက်ရှိ အနေအထားကတော့…

Read More

ပုဂံမြို့က ကမ္ဘောဇဘဏ် ဓားပြတိုက်ခံရ ၊ သိန်း သုံးထောင်ကျော်ပါသွား

ဇန်နဝါရီ ၃၁ ၊ ၂၀၂၄ SP (VOM) မန္တလေးတိုင်း ၊ ညောင်ဦးခရိုင် ၊ ပုဂံမြို့ဟောင်း ၊ ပုဂံစျေးအနီးမှာရှိတဲ့ ကမ္ဘောဇ ဘဏ်မှာ ဒီကနေ့ နေ့လယ်ပိုင်းက ဓားပြတိုက်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဲ့ဒီ အကြောင်းနဲ့ ပတ်သက်လို့ ပုဂံဒေသ တယောက်က ” ကမ္ဘောဇဘဏ် ဓားပြတိုက်ခံရတယ်လို့ ကြားရတယ် ၊ အဲ့ဒီ ဘဏ်မှာ လုံခြုံရေးအဖွဲ့တွေ ရောက်နေပြီး စစ်ဆေးနေတယ် ၊ ကနဦး သိရတာက သိန်း သုံးထောင်လောက်ပါသွားတယ် ” လို့ ပြောပါတယ်။ အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ညောင်ဦးခရိုင် လုံခြုံရေး အဖွဲ့နဲ့ ပုဂံ ကမ္ဘောဇဘဏ်ခွဲဆီကို VOM က ဆက်သွယ်ခဲ့ပေမယ့် အခုထိတော့ ဆက်သွယ် မရသေးပါဘူး။ ဒီကနေ့ မနက် ၁၀…

Read More

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အိုင်မရာခန်း နှစ်ရက်အတွင်း ထောင်ဒဏ် ၂၄ နှစ်ချမှတ်ခံရ

  အစ္စလာမ္မာဘတ်၊ ဇန်နဝါရီ-၃၁-၂၀၂၄ မျိုးဆက်(VOM) ပါကစ္စတန်ဝန်ကြီးချုပ် အိုင်မရာခန်းနဲ့ ဇနီးဖြစ်သူတို့ကို လာဘ်ပေးလာဘ်ယူမှုနဲ့ အပြစ်ရှိကြောင်း တွေ့ရှိပြီးနောက် ထောင်ဒဏ် ၁၄ နှစ်စီချမှတ်လိုက်ပါတယ်။ ဝန်ကြီးချုပ်ဟောင်း အိုင်မရာခန်းကို နိုင်ငံတော်လျှို့ဝှက်ချက်တွေပေါက်ကြားမှုနဲ့ မနေ့က ထောင် ၁၀ နှစ်ချမှတ်ခဲ့ပြီးနောက် အခုလို စီရင်ချက်ချမှတ်ခဲ့တာဖြစ်ပြီး ဝန်ကြီးချုပ်ဟောင်းဟာ နှစ်ရက်အတွင်း ထောင်ဒဏ် ၂၄ နှစ်ထိ ပြစ်ဒဏ်စီရင်ခံခဲ့ရတာဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်မှာ အတိုက်အခံတွေက ဝန်ကြီးချုပ်ရာထူးမှ ဖြုတ်ချခံခဲ့လိုက်ရတဲ့ အိုင်မရာခန်းဟာ အကျင့်ပျက်ချစားမှု စွဲချက်တွေကြောင့် ထောင်သုံးနှစ် ကျခံနေရပြီးဖြစ်ပါတယ်။ သူဟာ အထွေထွေရွေးကောက်ပွဲမတိုင်မီတပတ်အလိုမှာ နိုင်ငံတော် လျှို့ဝှက်ချက်ဥပဒေနဲ့ ထောင် ၁၀ နှစ်ချခံရတာဖြစ်ပြီး ဒါဟာ နိုင်ငံရေးခြေထိုးကွက်လို့ အိုင်မရာခန်းက ပြောပါတယ်။ နိုင်ငံတကာခရစ်ကတ်အကျော်အမော်ဖြစ်ခဲ့သူ အိုင်မရာခန်းက ဖေဖော်ဝါရီ ၈ ရက် ရွေးကောက်ပွဲမှာ မတရားမှုမှန်သမျှကို ဆန္ဒမဲတွေနဲ့ လက်စားချေရန် ပါကစ္စတန်ပြည်သူတွေကို ဝန်ကြီးချုပ်ဟောင်းအိုင်မရာခန်းကတိုက်တွန်းထားပါတယ်။…

Read More

ကိုးကန့်ဒေသက အွန်လိုင်းငွေလိမ်ဂိုဏ်း အဓိကခေါင်းဆောင် ခြောက်ယောက်နဲ့ အခြားလေးယောက်ကို တရုတ်ကို လွှဲပေး

ဇန်နဝါရီ ၃၁၊ ၂၀၂၄ Shy V(VOM) မြန်မာနိုင်ငံမြောက်ပိုင်း၊ ကိုးကန့်ဒေသက အွန်လိုင်းလိမ်လည်မှု အဖွဲ့ရဲ့ အဓိကခေါင်းဆောင် ခြောက်ယောက်နဲ့ အခြားပြစ်မှု ကျူးလွန်သူ လေးယောက်ကို ဇန်နဝါရီလ ၃၀ ရက်နေ့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့က နေပြည်တော်မှာ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးအဖွဲ့ထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း တရုတ်သံရုံးက သတင်း ထုတ်ပြန်ချက်နဲ့ နယ်စပ် ဒေသခံတွေဆီက သိရပါတယ်။ “၁၀ ယောက်လို့ပြောတယ်။ အဲဒီ ငွေလိမ်ဂိုဏ်းလုပ်တဲ့ သူတွေ။ ပယ်ဆောက်ချိန် သားအဖလည်း ပါတယ်။ မြန်မာဘက်က ဖမ်းပေးတာတဲ့။ ခေါင်းဆောင် အကြီးပိုင်း ဟုတ်တယ်။ အကြီးစား အွန်လိုင်း ငွေလိမ် အဖွဲ့ပဲ။ အဲဒီ အဖွဲ့ကို ဖမ်းပေးနိုင်ပြီ” လို့ တရုတ်နယ်စပ် ဒေသခံ တ‌ယောက်က ပြောပါတယ်။ အခြားအရေးကြီး ပြစ်မှုကျူးလွန်ကြောင်း သံသယရှိသူ လေးယောက်အပါအဝင် မြန်မာနိုင်ငံမြောက်ပိုင်း ကိုးကန့်ဒေသက အွန်လိုင်းလိမ်လည်မှု…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဇန်နဝါရီ- ၃၁ ရက်)

  Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၅၆၀ ကျပ် ဝယ်ဈေး – ၃၅၁၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၆၅၅ ကျပ် ဝယ်ဈေး – ၂၆၀၅ ကျပ် -ယူရို ရောင်းဈေး – ၃၉၀၄ ကျပ် ဝယ်ဈေး – ၃၈၂၆ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၀၁.၅၂ ကျပ် ဝယ်ဈေး – ၉၉.၅၀ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၅၅ ကျပ် ဝယ်ဈေး – ၇၄၀ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၉၆ ကျပ် ဝယ်ဈေး – ၄၈၆ ကျပ် -ဂျပန်ယန်း ရောင်းဈေး…

Read More

ယနေ့ ရွှေဈေး (ဇန်နဝါရီ- ၃၁ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၃၆ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၈၉၅၀၀၀ ကျပ် ဝယ်ဈေး ၃၈၅၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၆၉၅၀၀၀ ကျပ် ဝယ်ဈေး ၃၆၅၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

ဆိုမာလီကမ်းလွန်မှာ ပြန်ပေးဆွဲခံထားရတဲ့ သင်္ဘောနှစ်စင်းကို အိန္ဒိယရေတပ် ကယ်တင်

ဒေလီ၊ ဇန်နဝါရီ-၃၁-၂၀၂၄ မျိုးဆက်(VOM) ဆိုမာလီ ကမ်းလွန်ပင်လယ်ပြင်မှာ ပြန်ပေးဆွဲခံထားရတဲ့ သင်္ဘောနှစ်စင်းကို အိန္ဒိယရေတပ်က ကယ်ဆယ်နိုင်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အိန္ဒိယစစ်သင်္ဘော အိုင်အင်န်အက်စ် ဆူမားတြားကက ၃၆ နာရီအတွင်း ကယ်ဆယ်နိုင်ခဲ့တာဖြစ်ပြီး မကြာသေးမီရက်အတွင်းကလည်း ပင်လယ်ဓါးပြတွေဖမ်းဆီးထားတဲ့ ငါးဖမ်းသမားတစုကို ဆေးရှဲလ်နိုင်ငံ တပ်ဖွဲ့တွေက ကယ်တင်ခဲ့ရပါသေးတယ်။ ဆိုမာလီကမ်းရိုးတန်း ရေပြင်ဟာ ယခင်က ပင်လယ်ဓါးပြတွေ ထကြွသောင်းကျန်းခဲ့တဲ့ ဒေသဖြစ်ပြီး နိုင်ငံတကာ တပ်ဖွဲ့ဝင်တွေ ကင်းလှည့်မှုတွေပြုလုပ်နေတာကြောင့် ပြန်ပေးဆွဲမှုတွေ ရပ်တန့်သွားခဲ့ပါတယ်။ အိန္ဒိယဟာ ၂၀၀၈ ခုနှစ်ကတည်းက ကင်းလှည့်ရာမှာ ပါဝင်ကူညီနေခဲ့ပါတယ်။ ဒါပေမယ့် ဟူသီသူပုန်တွေရဲ့ တိုက်ခိုက်မှုကြောင့် ်ဆိုမာလီကမ်းရိုးတန်းမှာရှိတဲ့ ရေတပ်တပ်ဖွ့ဲဝင်အများအပြားဟာ ပင်လယ်နီဒေသကို ရွှေ့ပြောင်းကင်းလှည့်လာကြတယ်လို့ အေအက်ဖ်ပီသတင်းဌာနက ဖော်ပြထားပါတယ်။ ဒီအခြေအနေကို ဆိုမာလီပင်လယ်ဓါးပြတွေက အသုံးချမှာကို ကျွမ်းကျင်သူတွေက စိုးရိမ်နေကြပါတယ်။ သို့သော် မကြာသေးမီက တိုက်ခိုက်မှုတွေဟာ အခွင့်အရေးကောင်းရမယ်ထင်တဲ့သဘောနဲ့ ပင်လယ်ဓါးပြများက တိုက်ခိုက်တာဖြစ်ပြီး ယခင်လိုအခြေအနေမျိုး…

Read More

This Day in History

Voice of Myanmar ဂျာမနီသည် အတ္တလန္တိတ်သမုဒ္ဒရာတွင် အကန့်အသတ်မရှိ ရေငုပ်သင်္ဘောစစ်ဆင်ရေးကို ၁၉၁၇ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် ပြန်လည်စတင်ခဲ့ပြီး အရပ်ဘက်ခရီးသည်တင်သင်္ဘောများအပါအဝင် သင်္ဘောများအားလုံးကို တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

Read More
VOM News

FREE
VIEW