ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အိုင်မရာခန်း နှစ်ရက်အတွင်း ထောင်ဒဏ် ၂၄ နှစ်ချမှတ်ခံရ

 

အစ္စလာမ္မာဘတ်၊ ဇန်နဝါရီ-၃၁-၂၀၂၄

မျိုးဆက်(VOM)

ပါကစ္စတန်ဝန်ကြီးချုပ် အိုင်မရာခန်းနဲ့ ဇနီးဖြစ်သူတို့ကို လာဘ်ပေးလာဘ်ယူမှုနဲ့ အပြစ်ရှိကြောင်း တွေ့ရှိပြီးနောက် ထောင်ဒဏ် ၁၄ နှစ်စီချမှတ်လိုက်ပါတယ်။

ဝန်ကြီးချုပ်ဟောင်း အိုင်မရာခန်းကို နိုင်ငံတော်လျှို့ဝှက်ချက်တွေပေါက်ကြားမှုနဲ့ မနေ့က ထောင် ၁၀ နှစ်ချမှတ်ခဲ့ပြီးနောက် အခုလို စီရင်ချက်ချမှတ်ခဲ့တာဖြစ်ပြီး ဝန်ကြီးချုပ်ဟောင်းဟာ နှစ်ရက်အတွင်း ထောင်ဒဏ် ၂၄ နှစ်ထိ ပြစ်ဒဏ်စီရင်ခံခဲ့ရတာဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်မှာ အတိုက်အခံတွေက ဝန်ကြီးချုပ်ရာထူးမှ ဖြုတ်ချခံခဲ့လိုက်ရတဲ့ အိုင်မရာခန်းဟာ အကျင့်ပျက်ချစားမှု စွဲချက်တွေကြောင့် ထောင်သုံးနှစ် ကျခံနေရပြီးဖြစ်ပါတယ်။

သူဟာ အထွေထွေရွေးကောက်ပွဲမတိုင်မီတပတ်အလိုမှာ နိုင်ငံတော် လျှို့ဝှက်ချက်ဥပဒေနဲ့ ထောင် ၁၀ နှစ်ချခံရတာဖြစ်ပြီး ဒါဟာ နိုင်ငံရေးခြေထိုးကွက်လို့ အိုင်မရာခန်းက ပြောပါတယ်။

နိုင်ငံတကာခရစ်ကတ်အကျော်အမော်ဖြစ်ခဲ့သူ အိုင်မရာခန်းက ဖေဖော်ဝါရီ ၈ ရက် ရွေးကောက်ပွဲမှာ မတရားမှုမှန်သမျှကို ဆန္ဒမဲတွေနဲ့ လက်စားချေရန် ပါကစ္စတန်ပြည်သူတွေကို ဝန်ကြီးချုပ်ဟောင်းအိုင်မရာခန်းကတိုက်တွန်းထားပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဟောင်းနဲ့ အိုင်မရာခန်းရဲ့ ပီတီအိုင်ပါတီ ဒုတိယဥက္ကဌဖြစ်သူ မာမွတ်ကရက်ရှီဟာလည်း အထူးတရားရုံးကထောင် ၁၀ နှစ်ချမှတ်မှုကြောင့် ရာဝယ်ပင်ဒီရှိ အက်ဒီယာလာအကျဉ်းထောင်မှာ အကျဉ်းကျခံနေရပါတယ်။

Ref:BBC

Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW