ဆိုမာလီကမ်းလွန်မှာ ပြန်ပေးဆွဲခံထားရတဲ့ သင်္ဘောနှစ်စင်းကို အိန္ဒိယရေတပ် ကယ်တင်

ဒေလီ၊ ဇန်နဝါရီ-၃၁-၂၀၂၄
မျိုးဆက်(VOM)

ဆိုမာလီ ကမ်းလွန်ပင်လယ်ပြင်မှာ ပြန်ပေးဆွဲခံထားရတဲ့ သင်္ဘောနှစ်စင်းကို အိန္ဒိယရေတပ်က ကယ်ဆယ်နိုင်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

အိန္ဒိယစစ်သင်္ဘော အိုင်အင်န်အက်စ် ဆူမားတြားကက ၃၆ နာရီအတွင်း ကယ်ဆယ်နိုင်ခဲ့တာဖြစ်ပြီး မကြာသေးမီရက်အတွင်းကလည်း ပင်လယ်ဓါးပြတွေဖမ်းဆီးထားတဲ့ ငါးဖမ်းသမားတစုကို ဆေးရှဲလ်နိုင်ငံ တပ်ဖွဲ့တွေက ကယ်တင်ခဲ့ရပါသေးတယ်။

ဆိုမာလီကမ်းရိုးတန်း ရေပြင်ဟာ ယခင်က ပင်လယ်ဓါးပြတွေ ထကြွသောင်းကျန်းခဲ့တဲ့ ဒေသဖြစ်ပြီး နိုင်ငံတကာ တပ်ဖွဲ့ဝင်တွေ ကင်းလှည့်မှုတွေပြုလုပ်နေတာကြောင့် ပြန်ပေးဆွဲမှုတွေ ရပ်တန့်သွားခဲ့ပါတယ်။

အိန္ဒိယဟာ ၂၀၀၈ ခုနှစ်ကတည်းက ကင်းလှည့်ရာမှာ ပါဝင်ကူညီနေခဲ့ပါတယ်။ ဒါပေမယ့် ဟူသီသူပုန်တွေရဲ့ တိုက်ခိုက်မှုကြောင့် ်ဆိုမာလီကမ်းရိုးတန်းမှာရှိတဲ့ ရေတပ်တပ်ဖွ့ဲဝင်အများအပြားဟာ ပင်လယ်နီဒေသကို ရွှေ့ပြောင်းကင်းလှည့်လာကြတယ်လို့ အေအက်ဖ်ပီသတင်းဌာနက ဖော်ပြထားပါတယ်။

ဒီအခြေအနေကို ဆိုမာလီပင်လယ်ဓါးပြတွေက အသုံးချမှာကို ကျွမ်းကျင်သူတွေက စိုးရိမ်နေကြပါတယ်။ သို့သော် မကြာသေးမီက တိုက်ခိုက်မှုတွေဟာ အခွင့်အရေးကောင်းရမယ်ထင်တဲ့သဘောနဲ့ ပင်လယ်ဓါးပြများက တိုက်ခိုက်တာဖြစ်ပြီး ယခင်လိုအခြေအနေမျိုး ပြန်ဖြစ်လာဖွယ်မရှိကြောင်း အချို့က သုံးသပ်ထားကြပါတယ်။

Ref:BBC
Photo:India Navy

Related posts

Leave a Comment

VOM News

FREE
VIEW