အမေရိကန်ကို တိုက်ခိုက်တာတွေ ရပ်မယ်လို့ အီရန်ကျောထောက်နောက်ခံပြု စစ်သွေးကြွအဖွဲ့ ကြေညာ

ဘဂ္ဂဒက်၊ ဇန်နဝါရီ-၃၁-၂၀၂၄
မျိုးဆက်(VOM)

ဂျော်ဒန်ရှိ အမေရိကန်စစ်အခြေစိုက်စခန်းကိုမောင်းသူမဲ့လေယာဉ်နဲ့ တိုက်ခိုက်ခဲ့တဲ့ အီရတ်ရှိစစ် သွေးကြွအဖွဲ့ဟာ အမေရိကန်အပေါ် စစ်ဆင်ရေးတွေကို ရပ်ဆိုင်းထားမယ်လို့ ထုတ်ပြန်လိုက်ပါတယ်။

ဇန်နဝါရီ ၂၈ ရက်က အီရန်ကျောထောက်နောက်ခံပြု ခါတိုက်ဘ်ဟဇ်ဘိုလာအဖွဲ့က တိုက်ခိုက်မှုကြောင့် အမေရိကန်တပ်ဖွဲ့ဝင် သုံးယောက်သေဆုံးခဲ့ပါတယ်။ အမေရိကန်အပေါ် တိုက်ခိုက်မှုတွေရပ်ဆိုင်းရတာဟာ အီရတ်အစိုးရ အနှောက်အယှက်ဖြစ်ရမှုကို တားဆီးဖို့ဖြစ်ကြောင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီတိုက်ခိုက်မှုကို ဘယ်လို လက်တုံ့ပြန်သွားမယ်ဆိုတာကို ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ကပြောဆိုထားပေမယ့် ဘယ်လိုတုံ့ပြန် တိုက်ခိုက်မယ်ဆိုတာကို အသေးစိတ် ပြောဆိုတာမရှိပါဘူး။

အီရတ်အစိုးရရဲ့ အရှက်ရမှုကိုတားဆီးကာကွယ်ဖို့အတွက် အမေရိကန်အပေါ် စစ်ဆင်ရေးတွေဆိုင်းငံ့လိုက်ကြောင်းနဲ့ ဂါဇာရှိမိမိတို့ရဲ့ ပြည်သူတွေကို အခြားနည်းလမ်းတွေနဲ့ ဆက်လက်ကာကွယ်ပေးသွားမယ်လို့ စစ်သွေးကြွအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဂျော်ဒန်နဲ့ ဆီးရီးယားနယ်စပ်ရှိအမေရိကန်ရဲ့ တာဝါ-၂၂ အခြေစိုက်စခန်းကို စစ်သွေးကြွတွေက အီရန်လုပ်မောင်းသူမဲ့လေယာဉ်နဲ့ တိုက်ခိုက်မှုကြောင့် တပ်ဖွဲ့ဝင်သုံးဦးသေဆုံးပြီး ဒါဇင်များစွာဒဏ်ရာရရှိခဲ့ပါတယ်။

Ref:BBC
Photo:AFP

Related posts

Leave a Comment

VOM News

FREE
VIEW