အထက်တန်းပညာ သင်ယူမှုပြီးစီးကြောင်းလက်မှတ် HSCC ရထားသူတွေ သက်/မွေးကောလိပ်တွေပြီးပါက တက္ကသိုလ် ဆက်လက်တက်ရောက်နိုင်

 

ရန်ကုန် ၊မတ် ၆ – ၂၀၂၄

GG (VOM )

အထက်တန်းပညာသင်ယူမှုပြီးစီးကြောင်းလက်မှတ်(High School Completion Certificate)ရရှိတဲ့ Grade 12 ကျောင်းသားကျောင်းသူတွေအနေနဲ့ အသက်မွေး ဝမ်း ကျောင်း ကောလိပ်ကိုတက်ရောက်နိုင်သလို တက်ရောက်ပြီးချိန်မှာလည်း University တက္ကသိုလ်ကို ထပ်မံတက်ရောက်နိုင်ခွင့်ရှိတယ်လို့ ပညာရေးဝန်ကြီးဌာနက သိရပါတယ်။

ဒါကြောင့် အထက်တန်းပညာသင်ယူပြီးစီးကြောင်းလက်မှတ်(HSCC)ရရှိထားတဲ့ကျောင်း သားကျောင်းသူတွေဟာ (GTI)ကွန် ပျူတာကောလိပ်၊အသက်မွေးဝမ်းကျောင်းပညာ၊ စိုက် ပျိုးရေးမွေးမြူရေး ကောလိပ် အားလုံးမှာ တက်ရောက်ခွင့်ရှိပြီး ကောလိပ်အသီးသီးမှာ နှစ်နှစ် ဒါမှမဟုတ် သုံးနှစ်တက်ရောက်သင်ယူတတ် မြောက်ပြီးတဲ့အခါ Diploma(ဘွဲ့လက်မှတ်)ရရှိပြီး လုပ်ငန်းခွင်ကိုဝ င်ရောက်နိုင်မှာဖြစ်တယ်လို့သိရပါတယ်။

အကယ်၍ လုပ်ငန်းခွင်မဝင်သေးဘဲ တက္ကသိုလ်အသီးသီးမှာ ဆက်လက်ပညာဆည်းပူးလိုပါကလည်း ပေါင်းကူး(bridge)အစီအစ ဉ်ဖြင့်မိမိရရှိထားတဲ့ Diploma နဲ့ဘာသာရပ်သင် တက္ကသိုလ် ရဲ့ ဒုတိယနှစ်၊တတိယနှစ်အတန်းတွေမှာ ဆက်လက်တက်ရောက်ပြီး တက္ကသိုလ်က ဘွဲ့ကိုရယူနိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။

” အရင်လက G12 ကျောင်းသားတွေ စာမေးပွဲဖြေရတယ်အဲ့စာမေးပွဲဖြေပြီးသူတွေက အထက်တန်းပြီးစီးကြောင်း အသိမှတ်ပြုလက်မှတ်ရတယ်။အဲ့လက်မှတ်နဲ့ပဲ အသက်မွေးဝမ်းကျောင်းကောလိပ်တက်ချင်တက်ပေါ့။ အခုမတ်လမှာလုပ်မယ့် အစိုးရစစ်တက္ကသိုလ်ဝင်စာမေးပွဲမဖြေချင်ရင်အဲ့နည်းသုံးလို့ရတယ်ပေါ့။ဒီမှာတခုအားသာတာက HSCC လက်မှတ်ရထားသူတွေက ကောလိပ်တက်ပြီးလည်း တက္ကသိုလ်ကိုထပ်တက်ခွင့်ရတယ်။အရင်စနစ်တုန်းက ၈ တန်းအောင်ရင်လည်း အသက်မွေးဝမ်းကျောင်းကောလိပ်တက်လို့ရတာပဲ၊ ဒါပေမယ့် တက္ကသိုလ်တော့တက်လို့မရဘူး၊တက္ကသိုလ်တက်ချင်ရင် တက္ကသိုလ်ဝင်စာမေးပွဲ ထပ်ဖြေရတဲ့သဘောရှိခဲ့တာပေါ့။ အဲ့စနစ်ကခုလည်းရှိတာပဲ အခုကျ G9 အောင်ရင် အသက်မွေးဝမ်းကျောင်း ကောလိပ်တွေတကအလို့်ရတယ် ” လို့ G12 ကျောင်းသူကျောင်းသားတွေကို စာသင်ကြားပေးနေတဲ့ ဆရာတယောက်ကပြောပါတယ်။

အသက်မွေးဝမ်းကောလိပ်ကိုမတက်လိုပါက အခုမတ်လ ထဲမှာကျင်းပမယ့် အစိုးရစစ် Grade 12 စာမေးပွဲကို ဝင်ရောက်ဖြေဆိုပြီး အောင်မြင်ဖို့လိုကြောင်း ၊အောင်မြင်မှသာ တက္ကသိုလ်ကို ရွေးချယ်တက်ရောက်သင်ကြားနိုင်မှာဖြစ်တယ်လို့သိရပါတယ်။

မတ်လ ၁၁ ရက်မှာစတင် ကျင်းပမယ့် စနစ်သစ် နဲ့ဖြေဆိုရမယ့် Grade 12 တက္ကသိုလ်ဝင်စာမေးပွဲမှာတော့ မြန်မာစာ ၊အင်္ဂလိပ်စာ ၊ သင်္ချာ၊ ဓာတုဗေဒ(သို့မဟုတ်)ပထဝီဝင် ၊ ရူပဗေဒ(သို့မဟုတ်)သမိုင်း ၆ – ဇီဝဗေဒ(သို့မဟုတ်)ဘောဂဗေဒ ဖြေဆိုရမှာဖြစ်ပြီး စာမေးပွဲရလဒ်ကို အရင်စနစ်ဟောင်းလို အအောင်/အရှုံးမကြေငြာဘဲ Grade A၊ Grade B၊ Grade C စဖြင့် အဆင့်သုံးဆင့်ခွဲပြီးကြေညာ မှာဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာနကအသိပေးထားပါတယ်။

Grade A အဆင့်ရရှိတဲ့ကျောင်းသားကျောင်းသူတွေကတော့ မိမိတို့တက်ရောက်လိုတဲ့ ဘယ်တက္ကသိုလ်ကိုမဆိုတက်ရောက်ခွင့်လျှောက်ထားခွင့် ရရှိမှာဖြစ်ပြီး Grade B၊Grade C ရရှိတဲ့ကျောင်းသားကျောင်းသူကတော့ သတ်မှတ်ထားတဲ့ တက္ကသိုလ်တွေကိုသာတက်ခွင့်ရမှာဖြစ်ပါတယ်။

တက္ကသိုလ်ဝင်ခွင့်လျှောက်ထားတဲ့အခါမှာ သက်ဆိုင်ရာ တက္ကသိုလ်အသီးသီးမှ အင်္ဂလိပ် စာ+ဇီဝဗေဒ(သို့မဟုတ်)သင်္ချာ) ၊ အများဆုံး လေးဘာသာ (အင်္ဂလိပ်စာ+ဇီဝဗေဒ(သို့မဟုတ်)သင်္ချာ+ရူပဗေဒ(သို့မဟုတ်)ဘောဂဗေဒ+ဓာတုဗေဒ)ထပ်မံဖြေဆိုခိုင်းပီးမှသာ ဝင်ခွင့်ရွေးချယ်မှာဖြစ်တယ်လို့သိရပါတယ်။

ဒီနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဟာ သင်ရိုးညွှန်းတမ်း စနစ်သစ်နဲ့သင်ကြားပြီး စနစ်သစ်နဲ့ဖြေဆိုမယ့် ပထမဆုံးနှစ်ဖြစ်တာကြောင့် Grade 12 ကျောင်းသားကျောင်းသူတွေအတွက် အခက်အခဲတွေကြုံတွေ့ရနိုင်ပြီး အတော်လေးကြိုးစားဖြေဆိုရမယ့်နှစ်ဖြစ်တယ်လို့ ဆရာဆရာမတွေကသုံးသပ်ပါတယ်။

Photo: VOM

 

Related posts

Leave a Comment

VOM News

FREE
VIEW