ပါရီ၊ မတ်-၂၅-၂၀၂၄
မျိုးဆက်(VOM)
ရုရှားနိုင်ငံ မော်စကိုမှာ လူ ၁၃၀ ကျော်သေဆုံးခဲ့တဲ့ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ပြင်သစ်နိုင်ငံမှာလည်း အကြမ်းဖက်မှုသတိပေးချက်ကို အစိုးရက အမြင့်ဆုံး တပ်လှန့်လိုက်ပါတယ်။
ပြင်သစ်သမ္မတ မက်ခရိုနဲ့ လုံခြုံရေး၊ ကာကွယ်ရေးဆိုင်ရာ တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးပြီးနောက်မှာ အခုလိုက် သတိပေးချက်ကို တိုးမြှင့်လိုက်တာဖြစ်ကြောင် ပြင်သစ်ဝန်ကြီးချုုပ် ဂါဘရီရယ် အက်တယ်လ်က ပြောပါတယ်။
ပါရီမှာ များမကြာခင်ကျင်းပမယ့် အိုလံပစ်ပြိုင်ပွဲမတိုင်ခင် အခုလို ဆုံးဖြတ်လိုက်တာဖြစ်ပြီး မော်စကိုမှ တိုက်ခိုက်ခဲ့တဲ့ အိုင်အက်စ်အဖွဲ့ဟာ ပြင်သစ်မှာလည်း ခြိမ်းခြောက်လာနိုင်ခြေရှိကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။
ပြင်သစ်နိုင်ငံမှာ အကြမ်းဖက်မှု သတိပေးချက်အနေနဲ့ အဆင့်သုံးဆင့်ရှိပြီး ပြင်သစ် သို့မဟုတ် ပြည်ပ သို့မဟုတ် တစုံတရာ ခြိမ်းခြောက်မှုနီးကပ်လာတယ်လို့ ယူဆတဲ့အခါ အမြင့်ဆုံး သတိပေးချက်ကို ထုတ်ပြန်လေ့ရှိပါတယ်။
ဒီလို သတိပေးချက်အဆင့် အမြင့်ဆုံးထားလိုက်ပြီးနောက်မှာ ရထားဘူတာတွေ၊ လေဆိပ်တွေနဲ့ ဘာသာရေးနေရာလိုမျိုး နေရာတွေမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အရှိန်မြှင့် ကင်းလှည့်တာအပါအဝင် ထူးခြားတဲ့ လုံခြုံရေး အစီအမံတွေ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။
Ref:Reuters
Photo:Reuters