စင်ကာပူ၊ မေ-၁၆-၂၀၂၄
မျိုးဆက်(VOM)
စင်ကာပူနိုင်ငံမှာ နှစ်ရှည်လများ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဝန်ကြီးချုပ် လီရှန်းလွန်း ရာထူးကနေ နှုတ်ထွက်ပြီးနောက် ဒုတိယဝန်ကြီးနဲ့ ဘဏ္ဍာရေးဝန်ကြီးဖြစ်သူ လော့ရန့်ဝမ်ဟာ စင်ကာပူဝန်ကြီးချုပ်သစ်ဖြစ်လာပါတယ်။
လော့ရန့်ဝမ်ဟာ မေ ၁၆ ရက်မှာ စင်ကာပူဝန်ကြီးချုပ် အဖြစ်ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး သူ့ရဲ့ဦးဆောင်မှုပုံစံဟာ ယခင်မျိုးဆက်တွေနဲ့ ကွဲပြားပြီး မျိုးဆက်အပြောင်းအရွှေ့တခုဖြစ်လာလိမ့်မယ်လို့ သူက အလေးပေးပြောဆိုပါတယ်။
စင်ကာပူနိုင်ငံ တိုးတက်ဖွံ့ဖြိုးရေးနဲ့ နိုင်ငံရဲ့ရှေ့ခရီးအတွက် စည်းလုံးညီညွှတ်ကြဖို့ သူက တိုက်တွန်းပြောဆိုပါတယ်။ စင်ကာပူနိုင်ငံကို တည်ထောင်ခဲ့တဲ့ ဝန်ကြီးချုပ် လီကွမ်းယုရဲ့ သားဖြစ်သူ ဝန်ကြီးချုပ်ဟောင်း လီရှန်လွန်းကတော့ အစိုးရအဖွဲ့မှာ ထိပ်တန်း ဝန်ကြီးတပါးအဖြစ် တာဝန်ယူသွားမှာဖြစ်ပါတယ်။
ဝန်ကြီၤးချုပ်သစ်ဟာ ဗျူရိုကရက်ဟောင်းပြီး အသက် ၅၁ နှစ်ရှိပြီဖြစ်ကာ လူလတ်တန်းစားမိသားစုမှာ ကြီးပြင်းလာသူဖြစ်ပါတယ်။ သူဟာ ကိုဗစ်ကပ်ရောဂါကာလမှ ကိုဗစ်တိုက်ဖျက်ရေး ပူးတွဲဥက္ကဌအဖြစ် တာဝန်ယူခဲ့ပြီး ၂၀၂၂ ခုနှစ်မှာတော့ ဒုတိယဝန်ကြီးချုပ် အဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။
နိုင်ငံတွင်းမှာ သက်ကြီးရွယ်အိုဦးရေမြင့်မားလာပြီး မွေးဖွားနှုန်းကျဆင်းလာခြင်း၊ တရုတ်-အမေရိကန် တင်းမာမှုတွေပြင်းထန်နေချိန်မှာ စင်ကာပူရင်ဆိုင်နေရတဲ့ ပြည်တွင်းပြည်ပ အရေးတွေအပေါ် စီးပွားရေးပညာရှင် ဝန်ကြီးချုပ်အနေနဲ့ ဘယ်လို ကိုင်တွယ်မလဲဆိုတာကို အကဲခတ်တွေက စောင့်ကြည့်နေကြပါတယ်။
Ref:NHK
Photo:AFP
Related posts
-
ရှန်ဟိုင်းမှာ ၇၅ နှစ်အတွင်း အပြင်းထန်ဆုံးမုန်တိုင်း ဝင်ရောက်တိုက်ခတ်
ရှန်ဟိုင်း၊ စက်တင်ဘာ-၁၆-၂၀၂၄ မျိုးဆက်(VOM) တရုတ်နိုင်ငံမှာ အင်အားပြင်းတိုင်ဖွန်းမုန်တိုင်း ဘီဘင်ကာ တရုတ်နိုင်ငံ စီးပွားရေးမြို့တော် ရှန်ဟိုင်းအနီး... -
မြောက်ကိုရီးယား ဖွဲ့စည်းပုံအခြေခံဥပဒေ လာမယ့်လအတွင်း ပြင်ဆင်တော့မယ်
ဝါရှင်တန်၊ စက်တင်ဘာ-၁၆-၂၀၂၄ရတီ (VOM)မြောက်ကိုရီးယား ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်မယ့် ပါလီမန်အစည်းအဝေးကို လာမယ့် အောက်တိုဘာ ၇ ရက်မှာ... -
အစ္စရေးအလယ်ပိုင်းထိ ဟူသီသူပုန်အဖွဲ့က ဒုံးကျည်နဲ့ တိုက်ခိုက်
တဲလ်အဗစ်၊ စက်တင်ဘာ-၁၆-၂၀၂၄ ရတီ(VOM) အစ္စရေးနိုင်ငံ အလယ်ပိုင်းကို ဟူသီသူပုန်အဖွဲ့က ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး...