အစ္စရေးဓါးစာခံ လေးယောက်ကို ကယ်တင်တဲ့ စစ်ဆင်ရေး ပါလက်စတိုင်း ၂၇၄ ယောက်သေပြီး ၇၀၀ နီးပါး ဒဏ်ရာရ

 

ဂါဇာစီးတီး၊ ဇွန်-၁၀-၂၀၂၄
မျိုးဆက်(VOM)

ဂါဇာကမ်းမြှောင်ဒေသ နူဆာရက်မှာ ပြီးခဲ့တဲ့ စနေနေ့က အစ္စရေးဓါးစာခံလေးယောက်ကို ကယ်တင်တဲ့ စစ်ဆင်ရေးအတွင်း ပါလက်စတိုင်း ၂၇၄ ယောက်သေပြီး ၆၉၈ ယောက် ဒဏ်ရာရခဲ့တယ်လို ပါလက်စတိုင်း တာဝန်ရှိသူတွေက ပြောပါတယ်။

ဟားမတ်စ်တို ဖမ်းဆီးထားတဲ့ ဓါးစာခံလေးယောက်ကို ကယ်တင်ခဲ့တဲ စစ်ဆင်ရေးကို ဂါဇာအလယ်ပိုင်းမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး စစ်ဆင်ရေးစတင်ချိန်ဟာ လူစည်ကားရာ အချိန်ဖြစ်တယ်လို အာဏာပိုင်တွေက ပြောပါတယ်။

ဓါးစာခံတွေ လွတ်မြောက်ဖို စစ်ဆင်ရေးအတွင်းမှာ ဟားမတ်စ်တွေနဲ့ အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုပါ ပြုလုပ်ခဲ့ရတယ်လို အစ္စရေးစစ်တပ် တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။

စစ်ဆင်ရေးအတွင်း နေအိမ် ၁၀၀ နီးပါးနဲ့အခြားအဆောက်အဦတွေ ပျက်စီးခဲ့တယ်လို ပါလက်စတိုင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီစစ်ဆင်ရေးအတွင်းမှာ ဖမ်းဆီးထားတဲ့ ဓါးစာခံသုံးယောက်လည်း သေဆုံးသွားပြီး ဒီထဲက တယောက်ဟာ အမေရိကန်နိုင်ငံသားလို ဟားမတ်စ်တိုက ပြောပါတယ်။

အစ္စရေးစစ်တပ်ဟာ ဂါဇာအလယ်ပိုင်းနဲ့ တောင်ပိုင်းတိုမှာ ဟားမတ်စ်တွေကို အပြင်းအထန်ဆက်လက်တိုက်ခိုက်နေပြီး ဟားမတ်စ်တို အဆုံးသတ်တဲ့ထိ စစ်ပွဲရပ်ဖို ရည်ရွယ်ချက်မရှိကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref:NHK
Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW